menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရုံးပတီ စိုက်ပျိုးနည်း
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
မြန်မာအမည် - ရုံးပတီ
အင်္ဂလိပ်အမည် - OKRA , LADY’S FINGER , BHINDI
ရုက္ခဗေဒအမည် - Hibiscus esculentus
မျိုးရင်းအမည် - MALVACEAE
၁ ။ မူရင်းဒေသ
အာဖရိကတိုက် နှင့် အာရှတိုက်ဟု ယူဆရသည်။ (၁၂-၁၃) ရာစုလောက်တွင် အီဂျစ်လူမျိုးများ စတင်စားသုံးသည်ကိုသိရပါသည်။
၂ ။ အမျိုးအစား
ရုံးပတီတွင် အပင်အနိမ့်အမြင့်၊ အသီးပုံသဏ္ဍာန်တို့အပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသည်။ ပင်မြင့်မျိုး၊ ပင်လတ်မျိုး၊ ပင်ပုမျိုး၊ အသီးတွင်အမြှောင်းပါမျိုး၊ အသီးချောမျိုး၊ အသီးတွင်ဆူးပါမျိုး၊ အသီးစိမ်းမျိုး၊ အသီးနီမျိုး စသည်ဖြင့်ကွဲပြားမှုရှိကြသည်။ အချို့က အာရှမျိုး နှင့် အမေရိကန်မျိုးဟူ၍ခွဲကြသည်။
၎င်းနှစ်မျိုးတို့၏ကွဲပြားချက်မှာ .....
(က) အာရှမျိုး
အသီးတွင်အမွှေးနုကလေးများအပြင် အမြှောင်းရှိသည်။ အသီးသီးပုံမှာ တစ်တောင့်နှင့်တစ်တောင့် အထက်အောက်ဆင့်ကဲဆင့်ကဲ ဝါးဒလက်ကဲ့သို့ဖြစ်သည်။ အသီးအရေအတွက်နည်းသည်။ ပျှမ်းမျှ တစ်ပင်လျှင် (၂၅)တောင့်ခန့်သီးသည်။
(ခ) အမေရိကန်မျိုး
ဤမျိုး၏အသီးများသည် အမြှောင်းမရှိ စင်းလုံးချောဖြစ်သည်။ အမွှေးနုမပါ။ အသီးများမျက်နှာချင်း ဆိုင်သီးသည်။ အသီးရဲ၍ တစ်ပင်လျှင် ပျှမ်းမျှအတောင့် (၄၀)ကျော်သီးသည်။ မျိုးအလိုက်စိုက်ချိန်ကွဲပြားမှုရှိသည်။
၃ ။ မြေ နှင့် ရာသီဥတု
ရုံးပတီသည် အသင့်အတင့်ကောင်းသော မြေတွင်ဖြစ်ထွန်းသည်။ သို့သော်စီးပွားဖြစ်စိုက်ပျိုးပါက မြေဩဇာများများကျွေးရန်လိုသည်။ ဖွယ်သောမြေကို ပိုမိုကြိုက်နှစ်သက် သည်။ pH (၆-၆.၈) အတွင်း စိုက်ပျိုးနိုင်သည်။ ရုံးပတီသီးသည်ပူနွေးသောရာသီကြိုက်သီးနှံဖြစ်၍ ရာသီဥတုအခြေအနေပေးပါက ဆက်လက်ကြီးထွားသီးပွင့်နိုင်သည်။ သို့ရာတွင်အပင်ပေါ်ရှိအသီးများကို မရင့်မီခူးပေးရန်လိုပါသည်။ ရုံးပတီသည် အေးသောရာသီဥတုနှင့် ဆီးနှင်းဒဏ်ကိုမခံနိုင်ပါ။ အပူချိန်(၂၀)ဒီဂရီစင်တီဂရိတ်အောက်တွင် အစေ့မှ အပင်မပေါက်နိုင်ချေ။
၄ ။ မျိုးစေ့နှုန်းထား
တစ်ဧကအတွက် မျိုးစေ့ (၅-၁၀)ကီလိုဂရမ် လိုအပ်ပါသည်။
၅ ။ မြေဩဇာနှုန်းထား
တစ်ဧကအတွက် နွားချေး (၁၀)တန်၊ ယူရီးယား (၂၂၄)ပေါင်၊ တီစူပါ (၁၁၂)ပေါင် လိုအပ်ပါသည်။ အခြားသီးနှံများကဲ့သို့ပင် မစိုက်ပျိုးမီ ယူရီးယား (၁၁၂)ပေါင်နှင့် အခြားမြေဩဇာများကိုထည့်သွင်းပေးပြီး စိုက်ပြီးတစ်လအကြာတွင် ကျန်ယူရီးယား (၁၁၂)ပေါင် ကို ထည့်သွင်းပေးရမည်။ ဒုတိယအကြိမ်ယူရီးယားထည့်ရာ၌ သတ်မှတ်နှုန်းထက်များသွားပါက သီးပွင့်မှုကိုနောက်ကျစေနိုင်သည်။
၆ ။ မြေပြုပြင်ခြင်း
မြေပြုပြင်ချိန်တွင် နွားချေးချပေးပါ။ ထွန်ထယ်တို့ဖြင့် ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်၍ ထွန်ဖြင့် စိုက်ကြောင်းဖော်ပေးပါ။ ရုံးပတီသည်မျိုးအလိုက်အပင်အရွယ်အစားကွာခြားခြင်းကြောင့် အသုံးပြုသောမျိုးအပေါ်မူတည်ပြီး သင့်တော်သောအပင်အကွာအဝေးကိုပြုလုပ်ပေးရမည်။ အပင်ငယ်မျိုးကိုစိုက်ပါက တန်းကြား ၃ပေ x ပင်ကြား ၁ပေ ခွာစိုက်ပါ။ အပင်ကြီးမျိုးတွင် တန်းကြား ၃ပေ x ပင်ကြား ၂ပေ စိုက်ပေးရပါမည်။ နွေဦးစိုက်ရုံးပတီ နှင့် မိုးစိုက်ရုံးပတီတို့သည် အပင်သန်စွမ်းမှု အား မတူကြပါ။ နွေဦးစိုက်ပါက အပင်သည်ကြီးထွားမှုအားနည်းခြင်းကြောင့် စိုက်တန်းနှင့် အပင် အကွာအဝေးလျော့ပေးရပါမည်။
၇ ။ စိုက်ပျိုးခြင်း
ရုံးပတီစေ့ကိုမစိုက်ပျိုးမီ (၁၂)နာရီခန့်ရေစိမ်ပေးပါ။ ရေစိမ်လျှင်မျိုးစေ့ထုထည်၏ ၅ဆရှိသောရေဖြင့် စိမ်ခြင်းဖြင့် ရေလဲပေးရန်မလိုပါ။ အစေ့မှအပင်ပေါက်ရန်အတွက် မြေတွင်းအပူချိန် အနည်းဆုံး (၂၀) ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိရမည်။ ရုံးပတီကိုတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်တတ်သဖြင့် ပေါင်းမြက်ကင်းစင်ရန်ဂရုစိုက်ရပါမည်။
၈ ။ အပင်ပြုစုခြင်း
ရုံးပတီစိုက်လျှင် ပေါင်းမြက်ကင်းရှင်း၍ အစိုဓာတ်လုံလောက်ပြီး ရောဂါကင်းရန်အရေးကြီးပါသည်။ အပင်ငယ်စဉ်ပေါင်းကင်းစင်ရန် ဂရုပြုရပါမည်။
၉ ။ ရေသွင်းခြင်း
ရုံးပတီကို အလွန်ပူပြင်းသောရာသီတွင် ရေသွင်းပေးရန်လိုသည်။ ရုံးပတီသည်ရေငတ်ဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိသော်လည်း အစိုဓာတ်ထိန်းသိမ်းနိုင်အားကောင်းသောမြေတွင် စိုက်ပျိုးလျှင် အထွက်နှုန်းပိုမိုကောင်းစေပါသည်။
၁၀ ။ ဆွတ်ခူးခြင်း
သီးကင်းဝင်စမှ နောက်(၁၀-၁၂)ရက်ကျော်လျှင် အတောင့်သည်အလွန်ရင့်သွား၍ စားမကောင်းတော့ပါ။ စားရန်အကောင်းဆုံးအဆင့်မှာ အသီးကင်းဝင်ပြီး(၄-၆)ရက်အတွင်းဖြစ်သည်။ ထို့ကြောင့်ပန်းပွင့်ပြီး တစ်ပတ်ခန့်ကြာလျှင် ဆွတ်ခူးရပါမည်။ ၎င်းနောက်နှစ်ရက်ခြားတစ်ကြိမ်စီဆွတ်ခူးပေးပါ။ ရာသီပူပြင်း ပါက အရင့်မြန်သောကြောင့် နေ့စဉ်ဆွတ်ခူးပေးရမည်။
၁၁ ။ အထွက်နှုန်း
စိုက်ပျိုးသော မျိုး၊ နည်းစနစ်နှင့် အပြင်ပြုစုမှုတို့ပေါ်မူတည်၍ တစ်ဧကလျှင် (၁,၀၀၀ - ၃,၀၀၀) ပိဿာ နှုန်းထွက်ရှိနိုင်ပါသည်။
၁၂ ။ မျိုးစေ့ထုတ်လုပ်ခြင်း
အပင်သန်စွမ်း၍ရောဂါကင်းသော အပင်များကိုရွေးချယ်ပြီး ၎င်းမှရရှိသော ရင့်မှည့်သည့်အတောင့်များကို ယူရမည်။ ပိုးထိုးသောအတောင့်များကိုပယ်ပစ်ပါ။ အစေ့များတွင်ပိုးပါလာပါက သိုလှောင်ရာတွင် ကျန်အစေ့များကိုပါဖျက်စီးတတ်သောကြောင့် အစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် ရောမွှေပြီးလေလုံစွာ ထုပ်ပိုး၍ သိမ်းဆည်းရပါမည်။
၁၃ ။ အသုံးပြုနည်း
ရုံးပတီသီးကို အဓိကအားဖြင့်ဟင်းချက်ရာတွင်၎င်း၊ အတို့အမြှုတ်အဖြစ်၎င်း၊ အစိမ်းစား၍၎င်း အသုံးပြု ကြပါသည်။ အချို့က ရုံးပတီသီးအနုကိုအခြောက်လှမ်းပြီး ဟင်းချိုကိုမွှေးရန်ထည့်ပေးသည်။ ရုံးပတီ ပင်စည်မှ လျှော်မျှင်ထုတ်လုပ်ကြသည်။ အချို့နိုင်ငံတွင် ရုံးပတီကိုဆားရေစိမ်စားသုံးကြသည်။
🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း