menu

“ငရုတ် နှင့် သရစ်လှေးပိုး”


🌶️🫑🌶️🫑🌶️🫑🌶️🫑🌶️🫑🌶️

❇️“သရစ်လှေးပိုး” သည် ငရုတ်ခင်းထဲတွင် ဆိုးဆိုးရွားရွားကျရောက် ဖျက်ဆီးတတ်ပြီး ၎င်းလှေးပိုး ကျရောက်ဖျက်စီးပါက အထွက်နှုန်းကိုသိသာစွာ ထိခိုက်ကျဆင်းစေနိုင်ပါသည်။ ထို့ကြောင့် ငရုတ်ခင်းအတွင်း လှေးပိုးကျရောက်ဖျက်ဆီးမှုလက္ခဏာများ နှင့် ကာကွယ်နှိမ်နင်းနိုင်ရန် နည်းလမ်းများကို တင်ပြပေးလိုက်ပါသည်။

 ‪လှေးပိုး၏ ဖျက်ဆီးပုံလက္ခဏာ‬‬‬‬
--------------------------

▪️လှေးပိုးဖျက်ဆီးခံရသောအရွက်များသည် တွန့်လိမ်သွားပြီး အပေါ်သို့ကွေးသွားသည်။

▪️ပင်စည်ရိုးတံရှည်လာသည်။

▪️အဖူးများကြွတ်ဆတ်ပြီး ကြွေကျသွားတတ်သည်။

▪️ငရုတ်အပင်အစောပိုင်းအဆင့်တွင် ဖျက်ဆီးခံရခြင်းသည် အပင်ကိုပုစေကာ ပန်းပွင့်ခြင်းနှင့် အသီးတင်ခြင်းကို ထိခိုက်စေသည်။

▪️အပင်ငယ်စဉ်မှ ခူးဆွတ်ရိတ်သိမ်းချိန်အထိ သစ်ရည်ကိုစုပ်ယူဖျက်ဆီးသဖြင့် အရွက်များအပေါ်သို့ တွန့်ကုပ်၍ ရွက်သေးထိုးခြင်းလက္ခဏာမှာ အဓိကဖြစ်ပေါ်သည်။

▪️လှေးပိုးသည် အရွက်များကိုဖျက်ဆီးသဖြင့် အရွက်များငွေရောင်ဖြစ်နေပြီး အကွက်အပျောက်များ ဖြစ်နေမည်။ များပြားစွာကျပါက အပင်နုဖြစ်လျှင် ညှိုးခြောက်ကုန်သည်။ ရံဖန်ရံခါ တစ်ပင်လုံး သေနိုင်သည်။ ‪ ‎

လှေပိုး‬‬‬‬၏ဝိသေသလက္ခဏာ
-----------------------

▪️အကောင်ငယ်သည်သေးငယ်ပြီး ဖြောင့်တန်းကာ အလွယ်တကူ ကျိုးပဲ့လွယ်သော၀မ်းဗိုက်ပိုင်းပါရှိ၍ ကောက်ရိုးဝါရောင်ရှိသည်။

▪️အရွယ်ရောက်ကောင်တွင် အမြိတ်အနားပါသော တောင်ပံများရှိသည်။

ကာကွယ်နှိမ်နင်းနည်း
-------------------

(၁) ပေါင်းမြက်များ ရှင်းလင်းပြီး ဟင်းသီးဟင်းရွက်ခင်းများတွင်ခြောက်သွေ့ချိန်၌ မီးရှို့၍ မီးခိုးမှိုင်းတိုက်ထားပါ။

(၂) နှံစားပြောင်းစိုက်ပြီးနောက် ငရုတ်မစိုက်ရန်၊ ငရုတ်နှင့်ကြက်သွန်ကို သီးနှောမစိုက်ပျိုးရန် အထူးဂရုပြုရပါမည်။

(၃) သရစ်လှေးပိုးသည် စိုက်ခင်းရေငတ်၊ ခြောက်သွေ့ပါက ပိုမိုဆိုးရွားစွာကျရောက်တတ်သဖြင့် ရေသွင်း/ရေထုတ်ကို ဂရုပြုပေးရပါမည်။

(၄) ငရုတ်ပန်းပွင့်ချိန်တွင် ရေငတ်/အစာငတ်ခြင်း၊ အပင်ခြေရေဝပ်/မြေအစိုဓာတ်များခြင်း တို့မဖြစ်အောင်လဲ ဂရုစိုက်ဆောင်ရွက်ပါ။

(၅) ငရုတ်ပင်တွင် သရစ်လှေးပိုးကျရောက်လျှင် စိုက်ခင်းရေမပြတ်အောင် ဂရုစိုက်ပါ။ ရေသွင်းချိန်မှာဖြစ်စေ မြေအစိုဓာတ်ကောင်းချိန်မှာဖြစ်စေ အပင်ခြေရင်းကို ဒီပါ (သို့) ဖစ်ပရို ရရာဆေးခဲတစ်မျိုးမျိုးကို ကြဲပက်ပေးပါ (သို့မဟုတ်) ပရိုဆင့် ပိုးသတ်ဆေးဖျန်းပေးပါ။

🫑စစ်မှန် ပြည့်ဝ ဝိစာရ🫑