menu

"ငရုတ်အပွင့်များအသီးမတင်ပဲ ဝါပြီးကြွေရသည့် အကြောင်းများ"


🍃🌶️🍃🌶️🍃🌶️🍃🌶️🍃🌶️🍃

✅ဦးကြီးတို့ငရုတ်စိုက်ခင်းများအတွင်း သီးနှံပင်များတွင်အသီးမတင်ပဲ အပွင့်များဝါပြီးကြွေကျနေသည်များ ကြုံတွေ့ရတတ်ပါသည်။ ထိုသို့ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ နှင့် ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများကို ဗဟုသုတအဖြစ်သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

(၁) ရာသီဥတု အခြေအနေကြောင့် အပူအအေးမမျှတခြင်း (ပူလွန်းခြင်း သို့မဟုတ် အေးလွန်းခြင်း)

(၂) ရေအလွန်အကျွံပေးမိ၍ အပင်ခြေရေဝပ်ခြင်း (သို့မဟုတ်) ရေငတ်ဒဏ်ခံရခြင်း။

(၃) အပင်ဦးရေများ၍ အပင်စိပ်လွန်းသဖြင့် လေဝင်လေထွက်အားနည်းခြင်း။

(၄) အသီးဖြစ်စေရန် အရေးကြီးသည့် ဝတ်မှုန်ကူးမှု မအောင်မြင်ခြင်း။

(၅) မြေသြဇာ အသုံးများခြင်း (ဓာတ်မြေဩဇာများအသုံးပြုရာတွင် သီးနှံပင်၏လိုအပ်ချက်အလိုက် အချိုးအစားမျှတစွာ ထည့်သွင်းပေးရပါမည်။)

(၆) အာဟာရချို့တဲ့ခြင်း (သို့မဟုတ်) လွန်ကဲစွာကျွေးခြင်း။ (လိုအပ်သောအနည်းလို အာဟာရဓာတ်များ အတွက် ရွက်ဖျန်းအားဆေးများကိုထောက်ခံနှုန်းထားများအတိုင်း အသုံးပြုပေးရပါမည်။)

(၇) ဖျက်ပိုးများဖျက်ဆီးခံရခြင်း(လှေးပိုးသည် ငရုတ်အပွင့်ကြွေရသည့် အကြောင်းအရင်းများထဲတွင် အဓိကပါဝင်သည်။ လှေးပိုးသည် ပန်းပွင့်အတွင်းရှိဝတ်ဆံများကို စားသောက်ဖျက်ဆီးကြသည်။ အဖူးအပွင့်များသည် ကြေးနီရောင်ပြောင်းလာပြီး ရိုးတံများကြွပ်ဆပ်ကာကြွေကျသွားရသည်။ လှေးပိုးကိုကာကွယ်နှိမ်နင်းရန် စိုက်ခင်းရေမပြတ်အောင် ဂရုစိုက်ပါ။ ရေသွင်းချိန်မှာဖြစ်စေ၊ မြေအစိုဓာတ်ကောင်းချိန်မှာဖြစ်စေ အပင်ခြေရင်းကို ဒီပါ (သို့) ဖစ်ပရို ဆေးခဲတစ်မျိုးမျိုးကြဲပက်ပေးပါ။ (သို့မဟုတ်) ပရိုဆင့် ပိုးသတ်ဆေးဖျန်းပေးရပါမည်။)

(၈) ငရုတ်တွင်အဖြစ်များသော ကိုင်းဖျားခြောက်ရောဂါကျရောက်ခြင်း(ကိုင်းဖျားခြောက်ရောဂါအတွက် “ဒိုင်ဇီ” မှိုသတ်ဆေးကို ကာကွယ်ဆေးအဖြစ် ငရုတ်အပွင့်မဝင်မီကပင်(၁၀)ရက်ခြားတစ်ကြိမ်ခန့် ကြိုတင်ပက်ဖျန်းပေးရပါမည်။)

✅ဦးကြီးတို့ငရုတ်စိုက်ခင်းများအတွင်း အထက်ပါအကြောင်းအချက်များမတွေ့ရှိရပဲ အပွင့်များကြွေပါက ဝိစာရ၏ အသီးတင်အားဆေးများဖြစ်သော “ကယ်လ်စီပလပ် နှင့် ဘိုစတာဟော်မုန်း” ရောစပ်ပက်ဖျန်းပေးပါရန် အကြံပြုရေးသားအပ်ပါသည်။

🌶️စစ်မှန် ပြည့်ဝ ဝိစာရ🌶️