menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ငရုတ်ပွ”စနစ်တကျ စိုက်ပျိုးနည်း
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
🔸ငရုတ်ပွကို sweet pepper, bell peppper, peprika ဟူ၍ အမျိူးမျိုးခေါ်ဆိုကြသော်လည်း မြန်မာနိုင်ငံ တွင်မူ ငရုတ်ချိူ၊ ငရုတ်ပွ ဟူ၍သာ ခေါ်ဆိုကြသည်။ သူ၏ ချိုသောအရသာကြောင့် လူသိများပြီး စျေးကောင်းရသော သီးနှံတစ်မျိုးးဖြစ်၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးကြသူတိုင်းက အနည်းနှင့်အများ စိုက်ပျိုးသော သီးနှံလည်းဖြစ်သည်။ ငရုတ်ပွကို လတ်လတ်ဆတ်ဆတ် စားကြသောသီးနှံ၊ ပုပ်သိုးပျက်စီးလွယ်သောသီးနှံဖြစ်၍ ဂရုစိုက်အချိန်ပေးရသောကြောင့် စီးပွားဖြစ် စိုက်ပျိုးသူများက သီးညှပ်စိုက်ခင်းများ၌ ညှပ်၍စိုက်ခြင်းကိုလည်း ပြုလုပ်ကြသည်။
မြေအမျိုးအစား
-------------
ငရုတ်ပွ စိုက်ပျိုးရန် မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေပွမျိုးဟာ အကောင်းဆုံး ဖြစ်ပါတယ်။ မြေစေးအသင့်အတင့်ပါတဲ့မြေတွေမှာလည်းစိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် ရေမဝပ်စေဖို့ ရေထုတ်မြောင်း တွေပြုလုပ်ထားဖို့လိုပါတယ်။ သဲမြေမှာစိုက်ရင် သဘာဝမြေသြဇာလုံလုံ လောက်လောက် ထည့်သွင်းပြီးမှစိုက်ပျိုးသင့်ပါတယ်။ မြေသားပါးပြီး အောက်ခံသဲကြပ်တဲ့ မြေတွေမှာ မစိုက်ပျိုးသင့်ပါ။ မြေသားထုနက်ပြီး ကျောက်စရစ်ကင်းစင်ဖို့ အထူးလိုအပ်လှပါတယ်။ အသင့်တော်ဆုံး ကတော့ pH (၅.၅-၇) ရှိတဲ့မြေဖြစ်ပါတယ်။
ပျိုးထောင်ခြင်း
------------
ပျိုးဘောင်ကို အကျယ် (၃)ပေ၊ အမြင့် (၆)လက်မ၊ အရှည် (၃၀)ပေ ဘောင်တွေလုပ်ပြီး နွားချေး၊ မြေဆွေး တွေကိုထည့်ပြီးရင် ဘောင်မျက်နှာပြင်ညီအောင် လုပ်ပြီး မျိုးစေ့ကို ပြာ၊ သဲနဲ့ရောပြီး ညီညာအောင် ခပ်ပါးပါး ကြဲပေးပါ။ မျိုးစေ့တွေ ခိုင်ခိုင်မာမာ စွဲကပ်လာစေဖို့ လက် ဒါမှမဟုတ် ပျဉ်ပြားနဲ့ဖိပေးပြီး ကောက်ရိုးပါးပါးနဲ့ အုပ်ပေးပြီးရင် ရေလောင်းပေးနိုင်သလို မျိုးဘောင်ပေါ်မှာ ကန့်လန့်ဖြတ် (၃)လက်မ ခြား မြောင်းတွေဖော်ပြီး အစေ့တွေကို အတန်းလိုက်ချပြီး စိုက်ပျိုးခြင်းအားဖြင့်လည်း ပျိုးထောင်နိုင်ပါ တယ်။ တစ်ဧကအတွက် မျိုးစေ့ (၅၀-၇၀)ကီလိုဂရမ်လိုအပ်ပါမယ်။ ပျိုးထောင်ပြီး (၇-၁၀)ရက်အတွင်း အပင်ပေါက်စုံရင် ကောက်ရိုးဖယ်ပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် ရေလောင်းပေးဖို့လိုပါတယ်။ မိုးများတဲ့ ဒေသ ဒါမှမဟုတ် မိုးများတဲ့အချိန်မှာ ပျိုးထောင်ရင် အရိပ်လုပ်ပေးရမှာဖြစ်ပါတယ်။ ပျိုးပင်တွေ (၂၅-၃၅)ရက်သားရချိန်မှာ ရွှေ့ပြောင်းစိုက်ပျိုးပေးနိုင်ပါတယ်။
စိုက်ခင်းမြေပြုပြင်ခြင်း
--------------------
မြေတစ်ဧကကို နွားချေး လှည်း (၂၀)စီးခန့်ထည့်ဖို့လိုအပ်ပြီး ထယ်ရေး၊ ထွန်ရေးကောင်းမွန်အောင် လုပ်ဖို့ လိုပါတယ်။ ပင်ကြား (၁)ပေခွဲ၊ တန်းကြား (၃)ပေထားပြီး စိုက်ပျိုးနိုင်ပါတယ်။
ရာသီဥတု
--------
မိုးရေချိန် (၂၅-၅၀)လက်မရွာတဲ့ဒေသတွေမှာ စိုက်ပျိုးဖို့ သင့်တော်ပြီး မိုးများသွားရင်လည်း အသီးပုပ်နိုင်ပါတယ်။ မိုးများတဲ့ဒေသတွေမှာတော့ မိုးနည်းတဲ့ ကာလမှာ စိုက်ပျိုးလေ့ရှိပါတယ်။ အပူပိုင်းနဲ့ သမပိုင်းသီးနှံဖြစ်ပါတယ်။ နှင်းဒဏ်မခံနိုင်ပါ။ အပူချိန် (၅-၁၅)ဒီဂရီစင်တီဂရိတ်အတွင်း ကောင်းကောင်းမဖြစ်ထွန်းနိုင်ပါ။ ငရုတ်ပွစိုက်ပျိုးဖို့အတွက်အကောင်းဆုံးအပူချိန်ကတော (၂၀-၂၅) ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။ ငရုတ်ပွ ပန်းပွင့်ချိန်မှာ အပူချိန် (၃၃)ဒီဂရီစင်တီဂရိတ်ကျော်ခဲ့ရင် အပွင့်ကန်းပြီး အထွက်ကိုထိခိုက်စေနိုင်ပါတယ်။
အပင်ပြုစုစောင့်ရှောက်ခြင်း
------------------------
ရွှေ့ပြောင်းစိုက်ပျိုးပြီး (၃-၄)ရက်ကြာတဲ့အခါ အပင်စလန်းလာမှာဖြစ်ပြီး (၁၀-၁၂)ရက်ကြာရင် ပေါင်း နှိမ်နင်းတာ၊ ရေသွင်းတာတွေကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ကြားပေါင်းလိုက်ခြင်း၊ မြေတောင်မြှောက် ခြင်း မြေသြဇာကျွေးခြင်း များကို (၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမယ်။
မြေသြဇာကျွေးခြင်း
----------------
ငရုတ်တစ်ဧကအတွက် နွားချေးလှည်း အစီး (၁၀-၂၀)စီး ထည့်ပေးနိုင်ပြီး ဓာတ်မြေသြဇာအနေနဲ့တော့ ယူရီးယား (၁)အိတ်၊ တီစူပါ(၁)အိတ်၊ ပိုတက်ရှ် (၁)အိတ်နှုန်းကို မြေပြင်ချိန်မှာထည့်ပြီး အပင်ကြီးထွားတဲ့ အဆင့်မှာ ယူရီးယား (၂)အိတ်ကို ထပ်မံပြီး ကျွေးပေးရမှာဖြစ်ပါတယ်။ နှမ်းဖတ်ကိုတော့ တစ်ဧက (၀.၅)တန်နှုန်းနဲ့ အပင်ပတ်လည်မှာ ထည့်သွင်းအသုံးပြုပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့မှုကို မခံနိုင်ပါ။ ကယ်လ်ဆီယမ်ချို့တဲ့သည့်မြေများတွင် ငရုတ်သီးရဲ့ထိပ်ပိုင်းမှာ အမည်းရောင်ချိုင့်ကွက် လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ထို့အပြင် အခြားသော ဇင့်၊ မန်းဂနိစ်၊ အိုင်းရွန်း၊ ဘိုရွန် စတဲ့အနည်းလိုအာဟာရဓာတ်တွေလည်း ချို့တဲ့လွယ်တာကြောင့် သီးပွင့်ဝင်ချိန်မှာ ရွက်ဖျန်းအားဆေး ဖျန်းပေးဖို့လိုပါတယ်။
ခူးဆွတ်ခြင်းနှင့်အထွက်
--------------------
ငရုတ်ပွတွေဟာ မျိုးပေါ်မူတည်ပြီး ရက် (၉၀-၁၀၀)အတွင်း ခူးဆွတ်နိုင်ပါတယ်။ မိမိအသုံးပြုတဲ့မျိုး၊ သွင်းအားစုပေါ်မူတည်ပြီး တစ်ဧကကို အသီးနှုန်း တစ်သောင်းခန့် (၃၀၀-၄၀၀)ပိဿာထွက်နိုင်ပါသည်။
Sources : ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနည်းပညာ