menu

"ငရုတ်တွင်ကျရောက်သော ဖျက်ပိုးများ နှင့် ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ"


🌿🌶🐛🦗🕷🌶🕷🦗🐛🌶🌿

သီးထိုးယင် (Fruit fly)
-------------------

ဖျက်ဆီးမှုလက္ခဏာ .....

ယင်မသည် ငရုတ်သီးအပြင်ခွံတွင်အုသည်။ လောက်ကောင်သည် အတွင်း၌စားသောက်ပြီး ရေစိုနာကွက်လိုဖြစ်ကာ ညှိုးပုပ်သည်။ ဘက်တီးရီးယား နှင့် မှိုရောဂါကို ဆက်လက်ဖြစ်စေသည်။

ကာကွယ်နှိမ်နင်းနည်း .....

(၁) ကြွေကျငရုတ်သီးများကို မြေမြှုပ်ပါ။

(၂) ငရုတ်မစိုက်ခင် မြေကြီးကို အမှိုက်ရှင်းလင်းပြီး မီးရှို့ပါ။

(၃) ငရုတ်ပင်အနီး ယင်ကောင် (နီဝါနက်) အရောင်ပျံသန်းပါက ယင်ဖမ်းထောင်ချောက်များ (၁) ဧက (၂) ခုခန့် အသုံးပြုနိုင်သည်။

(၄) အသီးများတွင် ဒဏ်ရာ (သို့) ပျော့ပုပ်ခြင်း စတင်တွေ့လျှင်ဝိစာရ၏ “အီမာလန်ဒါ၊ ကေလာ၊ ဆိုင်လာ၊ ရော့ကက်” ဆေးများမှတစ်မျိုးမျိုးကို ပက်ဖျန်းပေး၍ ကာကွယ်နှိမ်နင်းပေးပါ။

သရစ်လှေးပိုး(Thrips)
-------------------

ဖျက်ဆီးမှုလက္ခဏာ .....

လှေးပိုးသည် အရွက်များကိုဖျက်ဆီးသဖြင့် အရွက်များငွေရောင်ဖြစ်နေပြီး အကွက်အပျောက်များ ဖြစ်နေမည်။ များပြားစွာကျပါက အပင်နုဖြစ်လျှင် ညှိုးခြောက်ကုန်သည်။ ရံဖန်ရံခါ တစ်ပင်လုံး သေနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း .....

(၁) ပေါင်းမြက်များ ရှင်းလင်းပြီး ဟင်းသီးဟင်းရွက်ခင်းများတွင်ခြောက်သွေ့ချိန်၌ မီးရှို့၍ မီးခိုးမှိုင်းတိုက်ထားပါ။

(၂) သရစ်လှေးပိုးသည် စိုက်ခင်းရေငတ်၊ ခြောက်သွေ့ပါက ပိုမိုဆိုးရွားစွာကျရောက်တတ်သဖြင့် ရေသွင်း/ရေထုတ်ကို ဂရုပြုပေးရပါမည်။

(၃) ငရုတ်ပန်းပွင့်ချိန်တွင် ရေငတ်/အစာငတ်ခြင်း၊ အပင်ခြေရေဝပ်/မြေအစိုဓာတ်များခြင်း တို့မဖြစ်အောင်လဲ ဂရုစိုက်ဆောင်ရွက်ပါ။

(၄) ငရုတ်ပင်တွင် သရစ်လှေးပိုးကျရောက်လျှင် စိုက်ခင်းရေမပြတ်အောင် ဂရုစိုက်ပါ။ ရေသွင်းချိန်မှာဖြစ်စေ မြေအစိုဓာတ်ကောင်းချိန်မှာဖြစ်စေ အပင်ခြေရင်းကို ဒီပါ (သို့) ဖစ်ပရို ရရာဆေးခဲတစ်မျိုးမျိုးကို ကြဲပက်ပေးပါ (သို့မဟုတ်) ပရိုဆင့် ပိုးသတ်ဆေးဖျန်းပေးပါ။

သီးလုံးဖောက်ပိုး (Bollworms)
---------------------------
ဖျက်ဆီးမှုလက္ခဏာ ..... 

အသီးကင်းဝင်ချိန်မှ ရင့်မှည့်ချိန်အထိ ကျရောက်တတ်သည်။ အကောင်ငယ်သည် အရွက်၊ အပွင့်၊ အသီးထဲဝင်စားပြီး အသီးတစ်ခုမှတစ်ခုသို့လည်းရွှေ့ပြောင်းစားသောက်သည်။ အသီးသည် တဖြည်းဖြည်း အားနည်းလာပြီး မှို နှင့် ဘက်တီးရီးယားရောဂါဝင်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း ..... 

(၁) ငရုတ်ပန်းပွင့်ချိန်တွင် သတိထားပြီး မီးခိုးမှိုင်းတိုက်နိုင်သည်။ 

(၂) အသီးထဲသို့ သီးလုံးဖောက်ပိုးမဝင်မီ ဆေးထိရောက်စွာဖျန်းနိုင်ရမည်။ အသီး (သို့) အပွင့်များ ၅ % ခန့်ပျက်စီးနေပါက ဆေးစတင်ဖျန်းပါ။ ဆေးဖျန်းနှိမ်နင်းရန် ဝိစာရ၏ “နိုက်ဝမ်း၊ အီမာလန်ဒါ၊ အက်စ်ဖိတ်” ဆေးများမှ တစ်မျိုးမျိုးကို ပက်ဖျန်းအသုံးပြုနိုင်ပါသည်။ 

မွှားပင့်ကူနီ (Red Spider Mite) 
---------------------------- 

ဖျက်ဆီးမှုလက္ခဏာ ..... 

အရွက်အောက်မျက်နှာပြင်မှ ပင်ရည်များကို စုပ်ယူစားသောက်ပြီး အရွက်များနူထွတ်ကုန်သည်။ အညွန့် နှင့် အပွင့်၏ထိပ်ဖူးများတွင် စုပုံပြီးကျရောက်တတ်ပါသည်။ ထို့အပြင် ၎င်းမှစစ်ထုတ်သောတံတွေးတွင် ပါဝင်သောအဆိပ်ကြောင့် အရွက်ခြောက်လောင်ကာကြွေကျသည်။ 

ကာကွယ်နှိမ်နင်းနည်း .....

(၁) ပူပြင်းသောရာသီတွင်ဆိုးရွားစွာကျရောက်တတ်သဖြင့် ဂရုပြု၍ကြည့်ရှုပေးရပါမည်။ 

(၂) မွှားပင့်ကူကျရောက်သည့်လက္ခဏာ အရွက်နူထွတ်သည်ကို စတင်တွေ့ရှိသည်နှင့် ဝိစာရ၏ “မိုက်အိုကေ၊ ရော့ကက်” ဆေးများမှ တစ်မျိုးမျိုးကို အသုံးပြု၍ (၇)ရက်ခြားတစ်ကြိမ်ခန့် ပက်ဖျန်းပေးရပါမည်။ 

Sources : စိုက်ပျိုးရေးဦးစီးဌာန