menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“သခွားသီး စိုက်ပျိုးနည်း”
🌿🥒🌿🥒🌿🥒🌿🥒🌿🥒🌿
မြန်မာအမည် - သခွား
အင်္ဂလိပ်အမည် - CUCUMBER
ရုက္ခဗေဒအမည် - Cucumis sativus
မျိုးရင်းအမည် - CUCURBITACEAE
၁။ မူရင်းဒေသ
အာရှတိုက်တောင်ပိုင်းတွင် စတင်ပေါက်ရောက်သည်ဟုယူဆပါသည်။
၂။ အမျိုးအစား
သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင် (က) ဆင်ချေးတုံး (ခ) သခွားကြား (ဂ) ဆတ်တွန့်သခွား (ဃ) သခွားချဉ် (င) ချဉ်ဖတ်သခွား တို့ဖြစ်သည်။
သခွားအုပ်စုကို (၃) စုခွဲထားသည်။
(၁) မိုးသခွား - အပူဒါဏ်ခံနိုင်သည်။ ကိုင်းထွက်ရန်လွယ်ကူသည်။ အသီးများသည် ကိုင်းများတွင်သီး သည်၊ ကိုင်းသေးသည်၊ အဆစ်ကြာရှည်သည် ၊ အရွက်ရှည်သည် ၊ အရွက်၏အလျားသည် အနံထက် ပိုရှည်သည်။ အမြစ်ဖွဲ့စည်းပုံသေးသောကြောင့် ရွှေ့ပြောင်းရန်ခက်ခဲသည်။ အသီးသေးသွယ်သည် အရွက်ချောသည်။
(၂) ဆောင်သခွား - အအေးဒါဏ်ခံနိုင်သည်။ ကိုင်းထွက်မှုနည်းသည်။ အသီးများသည် ပင်မပိုင်းမှထွက်သည် ။ ပင်မကိုင်းသည်တုတ်နိုင်သည် ။ ဆစ်ကြားတိုသည် ။ အရွက်များ သည်အနံထက်အလျားပိုရှည်သည်။ ပြောင်းရွှေ့လွယ်ကူသည်။ အသီးများသည် တိုတုတ်သည်။ အရွက်ကြမ်းသည်။
(၃) စပ်မျိုးများ - အမမျိုးလိုင်းကြားတွင် အဖိုမျိုးလိုင်း (၂) တန်း (၃) တန်း ခြား၍ စိုက်ပျိုးနိုင်၍ စပ်မျိုးများထုတ်လုပ်ခြင်းဖြစ်သည်။
အမှည့်စားမျိုးတွင် (က) ကျောက်သခွားလေး (ခ) ကျောက်သခွားကြီး တို့ဖြစ်သည်။
၃။ စိုက်ပျိုးသည့်ဒေသ
မလေးရှား ၊ အင်ဒိုနီးရှား ၊ အရှေ့နှင့်အနောက်အာဖရိက၊ ဖိလစ်ပိုင်းနှင့်အပူပိုင်းသမဒေသများ နှင့် မြန်မာပြည်တွင် နေရာအနှံအပြားစိုက်ပျိုးကြသည်။
၄။ ရေမြေရာသီဥတု
သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း၊ နုံးမြေ ၊ သဲနုံးမြေ နှင့်နုံးစနယ်မြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားစိုက်သောမြေနေရာတွင် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းသောနေရာများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားမျိုးများသည် မြေချဉ်ငံဓါတ် pH (၅.၅) မှ (၆.၅)အတွင်းပိုမိုဖြစ်ထွန်းပါသည်။ သခွားသည်ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒါဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင်များသည် (၁၁)°Cတွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈)°C မှ (၂၄)°C အတွင်းမှာသာ ပိုမိုဖြစ်ထွန်းပါသည်။ မိုးများပြီးစိုထိုင်းဆများသောနေရာများတွင် စိုက်ပျိုးပါကအပင်များရောဂါကျ လွယ်ပါသည်။ ထို့ကြောင့်နေရောင်ခြည် ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသောအရပ်များတွင် သခွားစိုက်ပျိုးရန်သင့်တော်ပါသည်။
၅။ မြေပြုပြင်ခြင်း
ထယ်တစ်စပ်ထိုးပေးပြီးနောက်ထွန်ဖြင့် (၆) စပ်မှ (၈) စပ်အထိ ထွန်မွှေပေးရန်လိုအပ်ပါသည်။ မိုးရွာလျှင် ရေမဝပ်စေရန် ရေနှုတ်မြောင်းများလည်း ဖောက်လုပ်ပေးရပါမည်။ ထယ်ရေးကြေညက်ပြီးနောက် စိုက်ဘောင်များ (သို့မဟုတ်) စိုက်ကျင်းများပြုလုပ်စိုက်ပျိုးနိုင်ပါသည်။
၆။ မြေဩဇာကျွေးနည်း
နွားချေးမြေဩဇာကို တစ်ဧကလျှင် လှည်း (၁၀)စီး မှ (၁၅)စီးအထိထည့်ပေးပါ။ နွားချေး မြေဩဇာကို စိုက်ဘောင်ပြုလုပ်ရာတွင် မြေကြီးနှင့်ရောစပ်သမအောင်မွှေပေးပါ။ သခွားစိုက်ပျိုးရန်အတွက် ယူရီးယားဓါတ်မြေဩဇာ (၂၂၄)ပေါင် မှ (၃၃၆)ပေါင် ၊တီစူပါ (၂၂၄)ပေါင်မှ (၃၃၆)ပေါင်ထိ ထည့်ပေးပါ။
၇။ စိုက်ပျိုးနည်း
သခွားစိုက်ပျိုးရန် အလျားပေ (၃၀) x အနံ (၃) ပေရှိ စိုက်ဘောင်များပြုလုပ်ပေးရမည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်း (၁.၅)ပေနှင့် တစ်ပင် (၁.၅)ပေခွာပြီး သခွားစေ့များကို စိုက်ပျိုးရမည်။ စိုက်ကျင်း တစ်ကျင်းလျှင် သခွားစေ့ (၃-၄) စေ့ ထည့်ပေးပြီး အပင်များပေါက်လာ၍ အရွက် (၂ - ၃) ရွက် ထွက်လာပါက တစ်ကျင်းလျှင်တစ်ပင်သာချန်ပြီး မှုန်းပေးပါ။ အပင်ကလေးများတက်နိုင်ရန် (၅ - ၆) ပေ ရှိသောဝါးခြမ်းများထောင်ပေးရမည်။ သခွားကို မိုးဦးမေလ နှင့် ဇွန်လ၊ ဆောင်းတွင်း အောက်တိုဘာလ တွင် စိုက်ပျိုးနိုင်သည်။
၈။ တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀၀)ဂရမ် မှ (၃၀၀) ဂရမ်အထိ ထည့်သွင်းစိုက်ပျိုးရန်ဖြစ်ပါသည်။ တစ်ဧကလျှင် အပင်ရေ (၁၉,၀၀၀) ထက်မနည်း ရှိရပါမည်။
၉။ ရေသွင်းနည်း
သခွားကိုမိုးတွင်းတွင် စိုက်ပါကရေသွင်းပေးရန်မလိုသော်လည်း ၊ ဆောင်းစိုက်များအတွက် စိုက်ချိန်တွင်တစ်ကြိမ် နှင့် အစိုဓါတ်အခြေအနေအရ ထပ်မံ၍ လိုအပ်ပါက ၊ ရေ (၂) ကြိမ်မှ (၄)ကြိမ် အထိပေးရန်လိုပါသည်။
၁၀။ အပင်ပြုစုနည်း
သခွားစိုက်ပြိး (၁၅) ရက်မှ (၂၀)ရက်အတွင်း ပေါင်းတစ်ကြိမ်လိုက်ပေးရပါမည်။ သခွားသက်တမ်း တစ်လျှောက်တွင် ပေါင်းအခြေအနေအရ (၂)ကြိမ်ခန့် ပေါင်းလိုက်ပေးရပါမည်။ အပင်ကလေးများ ခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွပေးပြီးနောက် ၊ မြေတောင်မြှောက်ပေးရပါမည်။
၁၁။ အသီးဆွတ်ခူးနည်း
သက်လတ် ၊ သက်ကြီး ၊ သက်လျင်မျိုးများတွင်(၄၅) ရက်မှစ၍ သခွားသီးများစတင်ခူးဆွတ်နိုင်ပါသည်။ ရင့်မှည့်သောသခွားသီးများကို ဆွတ်ခူးရန်အရေးကြီးပါသည်။ နုသောသခွားသီးများကို ဆွတ်ခူးပါက အစိုဓါတ်များ၏။ သခွားသီးမှည့်ပါက အသီးအောက်ခြေရှိအညှာအက်ကွဲလာပါသည်။
၁၂။ အထွက်နှုန်း
သခွားအထွက်နှုန်းသည် ရေမြေရာသီဥတု၊ အပင်ပြုစုမှုပေါ်မူတည်နေပါသည်။ သခွားတစ်ဧကလျှင် ကီလိုဂရမ် (၄၀,၀၀၀) မှ (၅၀,၀၀၀) အထိထွက်နိုင်ပါသည်။
၁၃။ မျိုးထုတ်လုပ်နည်း
ရင့်မှည့်၍ရောဂါကင်းသောသခွားသီးကိုရွေးချယ်ပြီးလျှင် သခွားသီးကိုဓါးဖြင့်ခွဲ၍ အတွင်းမှအစေ့များကို ထုတ်ယူပြီး လေလုံသောဘူးတွင်ထည့်၍ တစ်ညထားရမည်ဖြစ်ပါသည်။ ဤကဲ့သို့ထားခြင်းဖြင့် အစေ့တွင်ကပ်နေသော အချွဲများအချဉ်ဓါတ်ပေါက်ပြီး ပျက်စီးသွားမည်ဖြစ်ပါသည်။ ၎င်းအစေ့များကို ရေဆေးပြီး နေ(၂) နေလှမ်း၍ လုံခြုံသောဘူးတွင် ထည့်ထားရန်လိုအပ်ပါသည်။
၁၄။ သိုလှောင်နည်း
သခွားများကို (ဝ)°C မှ (၁)°C အခန်းတွင်စိုထိုင်းဆ (၉၀)% ပေးထားလျှင် တစ်ပတ်ခန့် သိုလှောင်နိုင် မည်ဖြစ်ပါသည်။
၁၅။ သတိပြုရန်အချက်များ
(၁)သခွားပင်များတွင် ကျရောက်တတ်သောကျိုင်းကောင်များကို ထိရောက်စွာနှိမ်နှင်းရန်လိုပါသည်။
(၂)သခွားပင်များအား အင်ဒရင်းဆေးများမပက်ဖျန်းသင့်ပေ။ ပက်ဖျန်းပါက အရွက်များလောင်ကျွမ်း ပျက်စီးမည်ဖြစ်သည်။
(၃) သခွားသီးများ ရင့်မှည့်မှခူးရန်လိုပါသည်။ နုစဉ်ခူးပါက အခါးဓါတ်များ၏။
Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း