menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဝါသီးနှံစိုက်ပျိုးခြင်းဆိုင်ရာ သိမှတ်စရာများ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
➡️ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနဲ့ မိုးနှောင်းရာသီတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ မိုးကြိုရာသီမှာစိုက်ရင် ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီအတွက် မေလလယ်မှ ဇွန်လကုန်အတွင်း၊ မိုးနှောင်း ရာသီစိုက်ရင် ဇူလိုင်လလယ်မှ သြဂုတ်လလယ်အတွင်း စိုက်ပျိုးရမှာဖြစ်ပါတယ်။ အပင်ဖြစ်ထွန်းမှုကောင်းပြီး ဝါအထွက်ကောင်းရရှိစေဖို့အတွက် ထယ်ရေးနက်နက်နဲ့ ထွန်ရေး ညက်ညက်ရအောင်ဆောင်ရွက်ပါ။
➡️ဝါပင်အမြစ်အဖွဲ့အစည်းမှာ မြစ်မကြီး (ရေသောက်မြစ်)၊ ဘေးတက်မြစ်နဲ့ မြစ်မွှေးကလေးတွေ ပါဝင်ပါတယ်။ အပင်ပေါက်ချိန်မှ အပိန့်ဝင်ချိန် (၃၀)ရက်သားအတွင်း ရေသောက်မြစ် အမြန်ကြီးထွားနေချိန်မှာ ဝါပင်အတက်နှေးပါတယ်။ အပိန့်ဝင်ချိန်မှပန်းဖြိုင်ဖြိုင်ပွင့်တဲ့အချိန် (၇၅-၈၅) ရက်သားအတွင်း ဘေးမြစ်တက်နဲ့ မြစ်မွှေးကလေးတွေ တိုးပွားနေချိန် ဝါပင်တဟုန်တိုး ကြီးထွားပါတယ်။ ဝါအထွက်ကောင်းရရှိဖို့ အမြစ်အဖွဲ့အစည်းအားကောင်းစေမယ့် ထယ်ရေးကောင်း အထူးလိုအပ်ပါတယ်။
➡️ဝါစိုက်ပျိုးရာတွင်အထွက်နှုန်းနဲ့ ဝါဂွမ်းမွေး အရည်အသွေးကောင်းမွန်တဲ့ ငွေချည်-၆၊ ရွှေတောင်-၈ နဲ့ ငွေချည်-၉ ဝါမျိုးစေ့တွေကို စိုက်ပျိုးသင့်ပါသည်။ ငွေချည်-၆နဲ့ ရွှေတောင်- ၈ ဝါမျိုးတွေဟာ သီးကိုင်းရှည်တဲ့အတွက် တန်းကြား (၃)ပေ၊ ပင်ကြား (၃) ပေ၊ ငွေချည်-၉ ဝါမျိုးဟာ သီးကိုင်းတိုတဲ့အတွက် တန်းကြား (၂)ပေခွဲ၊ ပင်ကြား (၂)ပေခွဲ ကြောင်းဆွဲပြီး ကွက်ဆုံမှာ မျိုးသန့်ဝါစေ့ (၃)စေ့ ထက်မပိုပဲ မျိုးစေ့ချစိုက်ပျိုးပါ။
➡️အပင်ပေါက်စုံချိန်မှာ စိုက်ကျင်းတွေကို စစ်ဆေးပြီး အပင်မပေါက်တဲ့ စိုက်ကျင်းတွေကို အမြန်ဆုံးပြန်စိုက်ပေးရပါမည်။ တစ်ဧကမှာ ရှိရမယ့် ဝါပင်လျော့နည်းသွားရင်ဝါအထွက်လည်းလျော့နည်းသွားမှာဖြစ်တဲ့အတွက် အထူးဂရုပြုဆောင်ရွက်ရပါမည်။
➡️ဝါအထွက်ကောင်းရရှိဖို့ သဘာဝမြေသြဇာ နွားချေး၊မြေဆွေးနဲ့ ဓာတ်မြေသြဇာ တွဲဖက်အသုံးပြုပါ။ သဘာဝမြေသြဇာ နွားချေးဟာ ဝါပင်အကြီးမြန်စေခြင်း၊ ရေအစိုဓာတ် ပိုမိုထိန်းသိမ်းနိုင်စေ ခြင်း၊ မြေတွင်းရှိ အာဟာရဓာတ်တွေကို ဝါပင်စားသုံးမှုလွယ်ကူစေဖို့ ဆောင်ရွက်ပေးခြင်း စတာတွေကြောင့် ဝါစိုက်ရင် နွားချေးနဲ့ မြေဆွေးကို ဓာတ်မြေသြဇာနဲ့ တွဲဖက်အသုံးပြုဖို့ အရေးကြီးပါတယ်။ တစ်ဧကမှာ နွားချေး လှည်း (၁၀-၂၅) စီးအထိ အသုံးပြုသင့်ပါတယ်။ နွားချေး၊ မြေဆွေးနဲ့ ၁၅ပတ်လည်ကွန်ပေါင်းမြေသြဇာ (၁)အိတ်ကို စိုက်ထယ်ရေးပြင်ချိန်မှာ မြေခံထည့်ပါ။ အပိန့်ဝင်ချိန်မှာ နွားချေး၊ မြေဆွေး၊ ၁၆ပတ်လည်အိတ်ဝက်နဲ့ ယူရီးယားအိတ်ဝက်ကို အပင်ခြေမှ (၆)လက်မခန့်ခွာပြီး ထည့်ပါ။ ပန်းပွင့်ချိန်မှာ နွားချေး၊ မြေဆွေး၊ ၁၆ပတ်လည်အိတ်ဝက်နဲ့အတူ ယူရီးယားအိတ်ဝက်ကို အပင်ခြေမှ (၈)လက်မခန့်ခွာပြီးထည့်ပေးပါ။
➡️အရွက်စစ် (၃-၄) ရွက်ထွက်တဲ့အချိန် စိုက်ပြီး (၁၈-၂၁)ရက်အတွင်း စိုက်ကျင်း (၁)ကျင်းမှာ (၂)ပင်ပဲချန်ပြီး သားခွဲပါ။ ဝါပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်အောင်ထားပါ။ ပေါင်းမြက်ကင်းစင်ပါမှ ဝါပင်အစာကောင်းကောင်းစားသောက်ကြီးထွားနိုင်ပြီး ဝါအထွက်ကောင်း ရနိုင်မှာဖြစ်ပါတယ်။ အပင်ငယ်စဉ်မှာ ကြားထွန်ဝင်ပြီးတိုင်း၊ လက်ပေါင်းလိုက်ပြီးတိုင်း (၂၄) နာရီ ကျော်ရင်ဝါပင်တွေ သိသိသာသာရွှင်လန်းလာတာကို တွေ့ရှိရပါတယ်။ ထိုသို့ဖြစ်ရသည်မှာ ဝါစိုက်ခင်းမြေဆီလွှာမှာ လေဝင်လေထွက်ကောင်းတာကြောင့်ဖြစ်ပါတယ်။ ထိုအခါအမြစ်ဖွဲ့စည်းအား ကောင်းစေပြီးဝါအထွက်ကောင်းရရှိစေပါတယ်။
➡️ဝါသီးနှံဟာ ရေငတ်ခံနိုင်ပေမယ့် ရေလုံလောက်မှုရှိမှသာ အထွက်ကောင်းရရှိနိုင်မှာဖြစ်ပါတယ်။ အပိန့် စတင်ခါနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နဲ့ ဝါသီးကြီးထွားချိန်တွေမှာ အစိုဓာတ်မလုံ လောက်ရင် ရေသွင်းပေးပါ။ ရေသွင်းပြီးတိုင်း ကြားထွန်တိုက်မြေဆွပါ။ ပန်းပွင့်ဖြိုင်ချိန်နောက်ပိုင်း ကြားထွန်ဝင်တဲ့အခါ ဝါပင်ဘေးတက်တွေထိခိုက်မှုမရှိစေဖို့ အထူးဂရုပြုဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဝါပင်ရဲ့အမြစ်အဖွဲ့အစည်းဟာ ရေဝပ်ဒဏ်မခံနိုင်တဲ့အတွက် ရေဝပ်စိမ့်ခြင်းမဖြစ်စေဖို့ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေကို စနစ်တကျဆောင်ရွက်ထားပါ။ ရေပိုရေလျှံတွေကို ထုတ်ပစ်ပါ။
➡️ဝါသီးနှံတွင်ရောဂါကျရောက်မှုနည်းပါးပြီး ပိုးမွှားများကာကွယ်နိုင်ရန် ဝါပင် (၅၀) ရက်သားအထိ စုပ်စားပိုး ကာကွယ်ရန်"အေမီဒါ၊ ဆိုင်လာ"ဆေးတစ်မျိုးမျိုးကို (၂)ကြိမ်ပက်ဖျန်းပေးရန်၊ (၆၀)ရက်သားနောက်ပိုင်း ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုးအတွက် "အားတက်၊ ရယ်ဒီ" နှင့် ဝါသီးလုံးဖောက်ပိုးကျရောက်ပါက "မင်းရဲ၊ သူရိယ"ဆေးများကိုရွေးချယ် ပက်ဖျန်းပေးရပါမည်။
➡️စနစ်တကျဝါကောက်သိမ်းခြင်း .....
အရည်အသွေးကောင်းဝါရရှိစေဖို့နဲ့ သိုလှောင်တဲ့အခါ မပျက်စီးစေဖို့အတွက် ကောင်းကောင်း ခြောက်သွေ့တဲ့ ဝါပေါက်တွေကို ကောက်သိမ်းပါ။ ကောက်သိမ်းပြီးဝါတွေကို ကောင်းကောင်း ခြောက်သွေ့စေဖို့အတွက် နေ (၁-၂)နေလှန်းပြီးမှသိုလှောင်သိမ်းဆည်းပေးရမည်ဖြစ်ပါသည်။
🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿
Source : စိုက်ပျိုးရေးဦးစီးဌာန