menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ခဝဲပင်” စိုက်ပျိုးနည်း
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
➡️ခဝဲပင်သည် ဘူး၊ဖရုံ မျိုးရင်း၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မခန့်အထိ ရှည်သည်။ ခဝဲပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့ သေးသွယ်သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင်ရှိသည်။ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲစောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွသည်။ အစေ့မှာသခွားစေ့နှင့်တူသည်။ အပွင့်မှာအဝါရောင်ရှိသည်။ “ဗြိစ္ဆာရာသီ” တန်ဆောင်မုန်းလ တွင် ပွင့်သောပန်းအဖြစ်ထင်ရှားသည်။ ခဝဲပင်ကိုအသီးအတွက်စိုက်ပျိုးကြသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားရှိ ပေ ၄,၀၀၀ ထက်နိမ့်သောအရပ်ဒေသတို့တွင်စိုက်ပျိုးနိုင်သည်။
🍃မူရင်းဒေသ🍃
ခဝဲပင်၏မူရင်းဒေသမှာ အာရှတိုက်နှင့် အာဖရိကတိုက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။
🍃အမျိုးအစား🍃
မြန်မာနိုင်ငံ၌ ခဝဲ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး (၅ – ၆) လက်မခန့်ရှည်ပြီး အသီး၏ ပုံသဏ္ဍာန်မှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းသို့ ရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍ အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်သည်။ ဆောင်းရာသီတွင် အပင်ငယ်ငယ်ဖြင့် ပန်းပွင့်တတ်၍ သတိထား စိုက်ပျိုးရသည်။ ရောဂါဒဏ်၊ ပိုးမွှား ဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ထိန်းသိမ်းစိုက်ပျိုးသင့်သည်။
🍃စိုက်ပျိုးချိန်🍃
မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကို ၀အောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့်များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့်သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုး စနစ်ဖြင့်သာ အစိုက်များသည်။
🍃စိုက်ပျိုးခြင်း🍃
ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ရသလို ဘောင်တင်ပြီး စိုက်ပျိုး၍လည်းရပါသည်။ တစ်ဧကစာ ကြဲဖြန့်စိုက်ပျိုးရန်အတွက်မျိုးစေ့ (၂ - ၃) ပေါင် ခန့်လိုအပ်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍ စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောက်မီ ကြားဝါးတန်းများကို တစ်ပေခြား ကန့်လန့်ဖြတ် ချည်ပေးရပါမည်။ မိုးအနည်းငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်ကို စင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများစွာရွာသွန်းသောဒေသများတွင် စင်ထိုး၍ စိုက်ပျိုးကြသည်။ အကြောင်းမှာ စွတ်စိုသောမြေပေါ်တွင်ကြာမြင့်စွာခဝဲသီးကျနေပါမူ ပုပ်လွယ်တတ်သောကြောင့် ဖြစ်သည်။
🍃မြေသြဇာထည့်သွင်းခြင်း🍃
ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝမြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှာ ထည့်ပေးရသည်။ မြေဆီလွှာအစိုဓာတ်အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ဘောင်ခြားရေသွင်းရသည်။ မြောင်းအနက်၏ သုံးပုံနှစ်ပုံသာ ရေပြည့်အောင်သွင်းရသည်။ ဘောင်ပေါ်ရေလျှံမတက်ရပါ။ ခဝဲ တစ်ဧကလျှင် နွားချေးဆွေးလှည်း (၁၀ - ၁၅)စီး၊ ပုလဲ(၁-၂) အိတ်၊ တီစူပါ (၂-၃) အိတ်၊ ပိုတက်ရှ် မြေသြဇာ (၁-၂) အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာ ကို ရော၍ စိုက်ပေါင်တွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းပါမည်။
🍃ဆွတ်ခူးခြင်း🍃
အပင်သက်တမ်း (၇၅ – ၈၀) ရက် ရှိသောအခါ အသီးကိုဆွတ်ခူးနိုင်သည်။ ရင့်သည်ထိထားပြီး ဆွတ်ခူးလျှင် အမျှင်များပါရှိပြီး စား၍ မကောင်းတော့ချေ။ တစ်ဧကလျှင် အသီးလုံးရေ (၂၀,၀၀၀ – ၃၀,၀၀၀) အထိ ရရှိနိုင်သည်။ ခဝဲသီးသည် တာရှည်အထားခံသော အသီးမျိုးမဟုတ်ကြောင်းသတိပြုသင့်ပါသည်။
➡️စစ်မှန် ပြည့်ဝ ဝိစာရ⬅️
Sources : စိုက်ပျိုးရေးဦးစီးဌာန