menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ယခုနှစ် ရော်ဘာ စျေးကောင်းရနေ
🌳🌳🌳🌳🌳🌳🌳🌳🌳🌳
✅လက်ရှိ ဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရော်ဘာစျေးမှာ အမြင့်စျေးတွင်ငြိမ်ကာ စျေးကောင်းရရှိနေကြောင်း သိရသည်။ ပြည်ပ လိုအပ်ချက်များရှိနေပြီး ဒေါ်လာစျေးမှာလည်း အမြင့်စျေး တွင် ရှိနေသောကြောင့် ရော်ဘာစျေးမှာ တစ်ထောင် အထက် တွင်သာ ရှိကြောင်း၊ ရော်ဘာစျေး မှာ ဒေါ်လာစျေးပေါ်မူတည်ပြီး ထပ်မံမြင့်တက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
✅ပြီးခဲ့သည့်နှစ် ရော်ဘာခြံ ဖွင့်ချိန်ဖြင့်ယှဉ်ပါက စျေးနှုန်းအနေဖြင့် ထက်ဝက်နီးပါးခန့် မြင့်တက်နေ ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။ ပြီးခဲ့သည့်နှစ်က ရော်ဘာရာသီတွင် ရော်ဘာ တစ်ပေါင်လျှင် ၇၅၀ ခန့် သာရှိခဲ့ပြီး ယခုနှစ် ရော်ဘာ တစ်ပေါင်လျှင် ၁,၁၇၀ ကျပ် ထိရှိနေကြောင်း သိရသည်။
✅“ကားတာယာ စက်ရုံများနှင့် ဖိနပ် ထုတ်လုပ်ငန်းတွေလည်ပတ်နေသ၍ ရော်ဘာတွေက လိုအပ်ချက်ရှိ နေအုံးမှာပဲ။ ရော်ဘာကတော့ ထွက်သမျှရောင်းကုန်တယ်။ စျေးကွက်ကလည်း ခိုင်မာတယ်။ ရော်ဘာက တော့ ပြည်တွင်းသုံးစွဲမှုကနည်းတယ်။ ပြည်ပတင်ပို့မှုကများတော့ ဒေါ်လာစျေး အတက်အကျ အပေါ်မှာပဲမူတည်တယ်။ နောက်ပြီး နိုင်ငံတကာစျေးပေါ်မှာပဲ မူတည်တယ်။ ဒေါ်လာစျေး တက်နေတော့ ပြည်တွင်း ရော်ဘာစျေးက တစ်ထောင်အထက်မှ ရှိနေတယ်” ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်ကပြောသည်။
✅လက်ရှိ အချို့ဒေသများတွင် မိုးရွာသွန်းမှုများရှိနေသောကြောင့် ရော်ဘာခြစ်သည့် လုပ်ငန်းများ အခက်တွေ့နေကြောင်းလည်း သိရသည်။ “စျေးကကောင်းနေပြန်တော့ ရာသီဉတုအခြေအနေကြောင့် ရော်ဘာခြစ်လို့ အဆင်မပြေပြန်ဘူး။ နောက်ပြီး နိုင်ငံရေးအခြေအနေကြောင့် ရော်ဘာခြစ်တာ နားရတာတွေရှိတယ်။ ခြံစတင်ဖွင့်လှစ်ချိန်မှာ ခြံအလုပ်သမားရှားပါတဲ့ အခက်ခဲတွေလဲရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီးရော်ဘာ စိုက်ပျိုးသူတစ်ဦး ကပြောထားသည်။
✅လက်ရှိတွင် မြန်မာ့ရော်ဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျှက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများ ရှိကြောင်း ၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျှက်ရှိကြောင်း သိရသည်။ လက်ရှိ နိုင်ငံတကာပေါက်စျေး တစ်တန်လျှင် ယခင်က ဒေါ်လာ ၁,၉၂၀ ဝန်းကျင်တွင်သာ ရှိခဲ့ပြီး လက်ရှိ ဒေါ်လာ ၂,၀၀၀ ကျော်အထိ ရှိနေကြောင်းသိရသည်။ “အခုထိ ပင်လယ်ရေကြောင်းကသွားတဲ့ အခါမှာကွန်တိန်နာ ရက်ချိန်းရရှိမှု၊ ကွန်တိန်နာစျေးတွေမြင့်တက်သွားတာတော့ရှိနေတုန်းပဲ၊ လုပ်ငန်း ကြန့်ကြာတာတွေရှိနေ တာပေါ့” ဟု ဦးခိုင်မြင့် ကဆက်လက်ပြောသည်။ ပြည်တွင်းမှ တရားမဝင် မှောင်ခိုဖြင့် နယ်စပ်ဒေသများ မှ တင်ပို့နေခြင်းများလည်းရှိနေသေးကြောင်း သိရသည်။
✅ပြီးခဲ့သည့်နှစ်များတွင် ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ထားပြီး ယခုနှစ်တွင် ပြီးခဲ့ သည့်နှစ်ထက် ပို၍တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ ရော်ဘာ တစ်နိုင်ငံလုံး စိုက်ဧက တစ်သန်းခြောက်သိန်း နှင့် လေးသောင်းကျော် ထိ ရှိပြီး ရော်ဘာအထွက်နှုန်းမှာ တစ်နှစ်နှင့်တစ်နှစ် အထွက်နှုန်းများလာကြောင်းသိရသည်။ ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာမိုးရာသီတွင် ရော်ဘာ လုပ်ငန်းများရပ်နားလျှက်ရှိသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News