menu

အာသီသ(AR THI THA) သီးနှံစုံသုံး မြေခံ ကွန်ပေါင်းဓာတ်မြေဩဇာ



 🌿🍅☘️🌶🍀🥜🍃🌽🎋🍉🌱🍇

 🔸နိုက်ထရိုဂျင် - ၁၅ %၊ ဖော့စ်ဖရပ် - ၂၀ % ၊ ပိုတက်ဆီယမ် - ၁၅ % ပါဝင်ပါသည်။ 
- မြေအမျိုးအစားမရွေး ၊ ရာသီဥတုမရွေး အသုံးပြုနိုင်သော အရည်အသွေးမြင့် သီးနှံစုံသုံး ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါသည်။ -သီးနှံပင်များအပင်ငယ်စဉ်တွင်အမြစ်များကြီးထွားဖွံ့ဖြိုးလျှက်အပင်ငယ်ကြံ့ခိုင်သန်စွမ်းစေပါသည်။ 
- သီးနှံပင်များကိုအဖူးအပွင့်များပြားစေပြီး ပန်းပွင့်အားလည်းကောင်းစေပါသည်။ - စပါးအပါအဝင်နှံစားသီးနှံများ၊ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ဥယျာဉ်ခြံသီးနှံများ နှင့် နှစ်ရှည်ပင် သီးနှံများ အားလုံးတွင် အသုံးပြုနိုင်သော အချိုးမှန်ကွန်ပေါင်းမြေဩဇာဖြစ်ပါသည်။ 
- စပါးသီးနှံအတွက်မြေခံ၊ အပင်ပွားစည်းချိန်နှင့် မှို့ကပ်ချိန်များတွင်အသုံးပြုနိုင်ပြီး ဂျုံ၊ပြောင်းတို့အတွက် မြေခံနှင့်မြိတ်ဆံထွက်ချိန်တို့တွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။ 
- ပဲမျိုးစုံအတွက် မြေခံ နှင့် အဖူးအပွင့်ဝင်ချိန်တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ပဲမျိုးစုံ အဖူးအပွင့်ဝင်ချိန်တွင် ထည့်သွင်းအသုံးပြုပေးပါက အဖူးအပွင့် များပြားစေပြီး ပန်းပွင့်အားကောင်းစေ၍ သီးတောင့်နှင့် အစေ့အဆန်ပြည့်ဝကာ ပဲစေ့အရွယ်အစား ကြီးမားစေပါသည်။ 
- မြေပဲအပါအဝင်ဆီထွက်သီးနှံများအတွက်မြေခံနှင့်ကြားတိုက်ဘောင်လုံးပြီးချိန်တွင် အသုံးပြု နိုင်ပါသည်။ - ဟင်းသီးဟင်းရွက်၊ ဥယျာဉ်ခြံသီးနှံများ နှင့် နှစ်ရှည်ပင်သီးနှံများ အားလုံးတို့အတွက် မြေပြုပြင်ချိန် နှင့် ပေါင်းလိုက်ပြီးချိန်တို့တွင်ထည့်သွင်းအသုံးပြုနိုင်ပါသည်။ 
-အသုံးပြုရမည့်နှုန်းထားမှာ တစ်ဧကအတွက် တစ်ကြိမ်ထည့်သွင်းလျှင်(၂၅)ကီလိုဂရမ်နှုန်း ဖြစ်ပါသည်။

 🔸အာသီသမြေဩဇာတွင် N: P: K အချိုးအစားညီညွတ်မျှတစွာပါဝင်သည့်အပြင် .... 
- မျိုးစေ့များအညှောင့်ပေါက်ချိန်မှစ၍လိုအပ်သော ဇီဝစွမ်းအင်ကိုပေးစွမ်းနိုင်ပြီး၊ 
- အမြစ်များကြီးထွားသန်မာ၍ အမြစ်ဖွဲ့စည်းတည်ဆောက်မှုအားကောင်းစေသည့် ဖော့စပရပ် အချိုး ပိုမိုပါဝင်သည့်အတွက် သီးနှံများစိုက်ပျိုးလျှင် မြေခံတွင် မဖြစ်မနေထည့်သွင်း အသုံး ပြုပေးရပါမည်။

 🔸အသားတင်အလေးချိန် - (၅၀) ကီလိုဂရမ်

 ✅စစ်မှန် ပြည့်ဝ ဝိစာရ ✅