menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အရောင်းအဝယ်အေးနေသည့် ပဲ၊ နှမ်းဈေးကွက် အခြေအနေ .....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ပို့ကုန်ပဲများ လက်ကျန်နည်း၊ ဈေးကျဆင်းနေတာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ခပ်အေးအေးသာရှိနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
✔️ ပို့ကုန်ပဲတွေဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှုနှင့်အတူ ပြည်တွင်းသုံး ကုလားပဲ၊ ပဲမာလိုင်းများပါ လိုက်ပါဈေးအေးနေကြောင်း၊ လက်ရှိအချိန်တွင် ပဲ၊ နှမ်းများကို တရုတ်နိုင်ငံသို့ နယ်စပ်မှတင်ပို့မှု မရှိတာကြောင့် ပဲတီစိမ်းဈေးမှာ သိသိသာသာဈေးကျဆင်းနေကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်း များမှာလည်း အမြင့်ဈေးတန်းမှာတည်ငြိမ်နေပြီး စားအုန်းဆီဈေး မြင့်တက်လာတာကြောင့် မြေပဲဆံတစ်မျိုးသာ ခပ်သွက်သွက် အရောင်းအဝယ်ရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း) ပွဲရုံက ပြောသည်။
✔️ “အခုသီတင်းပတ်မှာတော့ ပဲဈေး၊ နှမ်းဈေး အကုန်အေးနေတယ်။ တရုတ်နိုင်ငံကို မတင်ပို့နိုင်လို့ ပဲတီစိမ်းဈေးကတော့ ကျဆင်းသွားပါတယ်။ ပို့ကုန် မတ်ပဲဈေးကတော့ ဆက်လက်ကျဆင်းနေပါတယ်။ ဈေးကျဆင်းနေတော့ မတ်ပဲလှောင်လက်သမားတွေ အရောင်းမရှိဘူး။ အလားတူ ပဲစင်းငုံကလည်း လက်ကျန်နည်းလာတော့ အရောင်းသမားတွေထုတ်မရောင်းချင်ကြဘူး။ ပြည်တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေကတော့ ခပ်အေးအေးသာရှိနေပါတယ်။ နှမ်းကတော့ ပုံမှန်ဈေးအတိုင်း ရှိနေပါတယ်။ စားအုန်းဆီဈေးမြင့်တက်လာတော့ မြေပဲဆန်က ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပို့ကုန်ပဲတွေ လက်ကျန်နည်း ဈေးကျဆင်းနေလို့ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ခပ်အေးအေးသာရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
✔️ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေသော်လည်း ယခင်နှစ် ကာလတူပေါက်ဈေးထက် ဈေးကောင်းရရှိနေသေးကြောင်း ယခုနှစ် ပဲသစ်ရာသီတွင် အထွက်ကျဆင်းခြင်းမှာ ပဲစိုက်ဧကများ လျော့ကျမှုကြောင့် ပြည်တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများမှာ စံချိန်တင်ဈေးကောင်းရရှိခဲ့ခြင်းဖြစ် သည်။ ပို့ကုန် ပဲစင်းငုံမှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေး ရှိလာတာကြောင့် ယခုနှစ် စိုက်ပျိုးချိန်တွင် တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
✔️ ဇူလိုင် (၆)ရက်တွင် မတ်ပဲဈေးမှာ ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၅,၀၀၀ ခန့် ကျဆင်းသွားပြီး သုံးတင်းဝင် မတ်ပဲ ပိဿာ(၆၀)တစ်အိတ်လျှင် ငွေကျပ် ၂၁၅,၀၀၀ ပေါက်ဈေးသာ ရှိတော့သည်။ ပဲစင်းငုံမှာ လက်ကျန်နည်းလာတာကြောင့် ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၂၅,၀၀၀ ခန့် ဈေးမြင့်တက်လာရာ၊ ပိဿာ(၆၀) တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ အထိ ပြန်လည်ဈေးမြင့်တက်လာသည်။ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ထိပ်စပဲတီစိမ်းအညာ (၅၆ . ၂၅) ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၂,၀၀၀ ပေါက်ဈေးသာရှိတော့သည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇူလိုင်(၆)ရက်တွင် ဆက်လက်ဈေးကျဆင်းနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၂,၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀ ပေါက်ဈေးဖြစ်နေသည်။
✔️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၈,၈၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။ နှမ်းမျိုးစုံဈေးကွက်မှာ ဇူလိုင်(၆)ရက်တွင် နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၆၈,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၈၇,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀ ပေါက်ဈေး ရှိကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း