menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အရောင်းအဝယ်ပြန်သွက်လာသည့် ပဲ၊ နှမ်းဈေးကွက်”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာဖြင့်ရောင်းဝယ်ခွင့်ကို ပြန်လည်သတ်မှတ်လိုက်သော်လည်း ပဲ၊နှမ်းဈေးကွက်၌ ယခုသီတင်းပတ်အတွင်း အရောင်းအဝယ်ပြန်လည်သွက်လက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
✅နယ်စပ်ကုန်သွယ်မှုတွင် ယွမ်နှင့်ဘတ်တို့ဖြင့် တိုက်ရိုက်ရောင်းဝယ်မှုမှ ဒေါ်လာဖြင့်ပြန်လည်ရောင်းချရန် သတ်မှတ်ချက်ချမှတ်အပြီး ပြည်တွင်းပဲမျိုးစုံဈေးကွက်တွင် အရောင်းအဝယ်သွက်လက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
✅တချိန်တည်းမှာပင် စားဆီဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မြေပဲဆံဈေးမှာလည်း စံချိန်တင်ဈေး ဖြစ်လာကြောင်း နှင့် တရုတ်နိုင်ငံအတွက် အဝယ်ကောင်းလာခြင်းကြောင့် ပဲတီစိမ်း(အညာ) ဈေးနှုန်းလည်း မြင့်တက်လာကြောင်း သိရသည်။
✅"စားဆီဈေးတွေမြင့်တက်လာတော့ မြေပဲဆံဈေးက ပြန်မြင့်တက်လာတာ စံချိန်တင်ဈေးဖြစ်လာတယ်။ တစ်ပိဿာ ကျပ် ၄,၆၀၀၊ ၄,၇၀၀ ကျော်ထိဖြစ်လာတယ်။ ပဲတီစိမ်း အညာဈေးက တရုတ်အဝယ် ကောင်းလာတော့ တစ်အိတ် ကျပ် ၁၅၂,၀၀၀၊ ၁၅၃,၀၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ မတ်ပဲဈေးကတော့ အတက်အကျမရှိ ဈေးငြိမ်နေပါတယ်။ ပဲစင်းငုံဈေးလည်း ဈေးတက်လာပါတယ်။ အသစ်ပေါ် နှမ်းဈေး တွေလည်းဈေးတက်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေကတော့ ဈေးတည်ငြိမ်နေပါတယ်။ နယ်စပ်ကုန်သွယ်မှုမှာ ဒေါ်လာနဲ့အရောင်းအဝယ် ပြုလုပ်ရမယ်ဆိုတာနဲ့ အရောင်းအဝယ်က ပိုသွက်လာတယ်" ဟု ၎င်းက ပြောသည်။
✅တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေးတို့တွင် ယွမ်နှင့် ဘတ်ငွေတို့ကို မြန်မာကျပ်နှင့် တိုက်ရိုက်အသုံးပြုပေးချေမှုကို ခွင့်ပြုထားသော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည့် ပိုကုန်ဆိုင်ရာမူဝါဒကြောင့် ပိုကုန်သမားများအနေဖြင့် တစ်ခေါက်ခြင်းလိုင်စင်ပြန်လည်လျှောက်ထားလာကြရသဖြင့် ယခင်ကဲ့သို ဝယ်ယူတင်ပို့ခြင်းကို ချက်ချင်းမဆောင်ရွက်နိုင်တော့ဘဲ ကြန့်ကြာမှု ရှိလာနိုင်သော်လည်း မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း အရောင်းအဝယ်မှာမူ သွက်လက်နေသည် ဟု သိရသည်။
🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘
ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လိုအားကောင်းလာခြင်းကြောင့် တစ်ပတ်အတွင်း သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၅,၀၀၀ ခန့် ဈေးမြင့်တက်လာရာ အညာပဲတီစိမ်းတစ်အိတ် ကျပ် ၁၅၂,၀၀၀ မှ ၁၅၃,၀၀၀ ထိပေါက်ဈေးဖြစ်လာသည်။ မတ်ပဲဈေးမှာ လက်ကျန်ပစ္စည်းနည်းလာခြင်းကြောင့် အမြင့် ဈေးတွင် ဈေးငြိမ်နေပြီး ပဲစင်းငုံဈေးမှာလည်း လိုက်ပါမြင့်တက်လာသဖြင့် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၄၀,၀၀၀ ထိ ဖြစ်လာသည်။ နယ်စပ်ကုန်သွယ်မှု အပြောင်းအလဲကြောင့် ပြည်တွင်းပဲဈေးကွက်အတွင်း အရောင်းအဝယ် ပြန်လည်သွက်နေခြင်းဖြစ်သည်။
🥜မြေပဲ🥜
ပြည်တွင်းစားအုန်းဆီဈေး မြင့်တက်လာရာ မြေပဲဆံဈေးမှာ စံချိန်တင်ဈေးအဖြစ် ဇွန် (၇) ရက်နေ့တွင် S1 မြေပဲဆံ တစ်ပိဿာ ကျပ် ၄,၆၀၀၊ ၄,၇၀၀ ထိ ပေါက်ဈေးဖြစ်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၉,၀၀၀၊ ၉,၅၀၀ နှမ်းဆီတစ်ပိဿာ ကျပ် ၈,၀၀၀ စားအုန်းဆီတစ်ပိဿာ ကျပ် ၈,၇၀၀ ခန့် ပေါက်ဈေးဖြင့် ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာသည်။
✅ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲV2 တစ်အိတ် ငွေ ကျပ် ၁၅၅,၀၀၀၊ ကုလားပဲအမျိုးအစား အလိုက် တစ်အိတ်ငွေကျပ် ၄,၀၀၀ခန့် ဈေးပြန်တက်လာသည်။ ပဲယင်းတစ်အိတ်ကျပ် ၁၃၅,၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၅,၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ် ၁၅၀,၀၀၀၊ စွန်တာပြာတစ်အိတ် ငွေကျပ် ၁၃၃,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ငွေကျပ် ၁၇၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ငွေ ကျပ် ၂၉၅,၀၀၀ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။
Sources : ရွှေမန်း