menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံဈေးကွက် .....
🍀☘️🌱☘️🍀🌱🍀☘️🌱☘️🍀
↗️ သင်္ကြန်ပိတ်ရက်များအလွန်ကာလတွင် ပို့ကုန်ပဲများ အပါအဝင် ပဲဈေးကွက်တစ်ခုလုံး အရောင်းအဝယ် သွက်နေကာ တရုတ်ပြည်သို့တင်ပို့သည့် မြေပဲလုံးဆံများလည်း ဈေးပြန်မြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
↗️ သင်္ကြန်ပိတ်ရက်များအပြီး ကုန်စည်ဒိုင်ဖွင့်ဖွင့်ချင်း အရောင်းအဝယ်အေးနေခဲ့သော်လည်း စက်သုံးဆီဂယက်တည်ငြိမ်သွားပြီးနောက် ပဲနှမ်းဈေးကွက်မှာ အရောင်းအဝယ်ပြန်လည်ကောင်းမွန် လာကြောင်း နှင့် ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲများ အရောင်းအဝယ် ပိုဖြစ်လာပြီး တရုတ်နိုင်ငံသို့တင်ပို့သည့် မြေပဲလုံးဆံမှာ ဈေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။ ဈေးကွက်တစ်ခုလုံးအနေဖြင့် သင်္ကြန်မတီုင်မီ ဖြစ်ပေါ်ခဲ့သည့် ပေါက်ဈေးမှာ ကြမ်းခင်းဈေးအဖြစ် ဆက်လက်တည်ငြိမ်နေသည့် အခြေအနေဖြစ်ကြောင်း နှင့် တောင်သူများထံမှ ပဲအဝင်နည်းသွားပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
↗️ “သင်္ကြန်ပိတ်ရက်များအလွန် ဈေးမတည်ငြိမ်ပေမယ့် ဧပြီ (၂၀) ရက်မှာတော့ ဈေးတည်ငြိမ်ပြီး အရောင်းအဝယ်ပြန်ဖြစ်လာပါတယ်။ ကုလားပဲအုပ်စုမှာ ဗွီတူးက တစ်အိတ် ၁၃၅,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ထိုင်ဝမ်ကုလားပဲကတော့ ၁၂၅,၀၀၀ ပေါက်ဈေးနဲ့ အရောင်းအဝယ် ခပ်များများဖြစ်နေပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးကွက်ထဲတော့ ဝင်လာပါပြီ။ နောက်ရက်တွေ မှာတော့ ဆီဈေးတက်လို့ အဝင်နည်းနိုင်ပါတယ်။ မတ်ပဲဈေးကတော့ ကျဆင်းမှုမရှိပါဘူး။ တစ်အိတ်ကို ၁၃၄,၀၀၀ ပေါက်ဈေးနဲ့ ပဲစင်းငုံတစ်အိတ်ကတော့ ၁၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ တရုတ်နိုင်ငံပို့တဲ့ ပဲရော ပို့ကုန်ပဲတွေရော အကုန်လုံးက သင်္ကြန်မတိုင်မီဈေးထက် ကျဆင်းမှုမရှိဘဲ အကုန်လုံး အရောင်းအဝယ်ဖြစ်ကြတယ်။ စားဆီဈေးပြန်တက်လာတော့ မြေပဲဆံဈေးက တစ်ပိဿာ ကျပ် ၅၀ လောက်ဈေးပြန်တက်လာတယ်။ တရုတ်တင်တဲ့ မြေပဲလုံးဆံက ဈေးပိုပေးဝယ်လာပါတယ်။ ပဲမာလိုင်းတွေကတော့ သင်္ကြန်မတိုင်မီဈေးကို အောက်ခံဈေးအဖြစ် အရောင်းအဝယ်ဖြစ်နေပါတယ်။ တောင်သူတွေဆီမှာ ပဲလက်ကျန်နည်းသွားပါပြီ” ဟု ဦးကျော်သွင် က ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ
------------
ဧပြီလ(၂၀)ရက်တွင် ပို့ကုန်ပဲများ အရောင်းအဝယ်ပြန်ကောင်းမွန်လာသော်လည်း ဈေးကွက်အတွင်း စက်သုံးဆီဈေးဂယက်ကြောင့် ပစ္စည်းအဝင်နည်းနေသော်လည်း ပေါက်ဈေးအတိုင်း အရောင်းအဝယ် ဖြစ်နေရာ မတ်ပဲ တစ်အိတ် ကို ၁၃၄,၀၀၀ ပေါက်ဈေးနှင့် ပဲစင်းငုံတစ်အိတ် ၁၃၅,၀၀၀ ပေါက်ဈေး ရှိနေသည်။
မြေပဲ
----
ပြည်ပမှတင်သွင်းသည့် စားဆီဈေးနှုန်းများပြန်မြင့်တက်လာသလို ဈေးကွက်အတွင်း အရောင်းမရှိသေး ခြင်းကြောင့် မြေပဲဆံအမျိုးအစားအလိုက် တစ်ပိဿာကျပ် ၅၀ ခန့် အသီးသီးမြင့်တက်လာသည်။ တရုတ်နိုင်ငံသို့တင်ပို့သည့် မြေပဲလုံးဆံဈေးမှာ ပစ္စည်းအရည်အသွေးအလိုက် ဈေးကောင်းပေးဝယ်ယူ နေသည်။ ဧပြီ (၂၀) ရက်နေ့တွင် မြေပဲဆံအမျိုးအစားအလိုက် တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ် ၃,၆၀၀ မှ အမြင့်ဆုံး ကျပ် ၃,၈၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ကျပ် ၇,၀၀၀ - ၈,၅၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၇,၅၀၀ - ၈,၀၀၀၊ စားအုန်းဆီမှာ ဈေးကွက်အတွင်း အဝယ်သာရှိပြီး အရောင်းမရှိသေးကြောင်းသိရသည်။
↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၂၇,၀၀၀၊ ပဲဇီးကွက် တစ်အိတ် ကျပ် ၁၂၇,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၇၅,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၆၀,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၂၈,၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၆၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၆၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး တစ်အိတ်ကျပ် ၁၃၆,၀၀၀ ပေါက်ဈေးရှိနေပြီး တောင်သူများထံတွင် ပဲလက်ကျန်နည်းသွားပြီဖြစ်ကြောင်း သိရသည်။
↗️ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)