menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အရည်အသွေးမြင့်ပိုးသတ်ဆေး “လိုင်းအောက်”
ဖျက်ပိုးများကို အထိရောက်ဆုံး နှိမ်နင်းပေးမှာ ... အရည်အသွေးမြင့်ပိုးသတ်ဆေး “လိုင်းအောက်” ပါ။
↗️လိုင်းအောက် ၄၈၀ အက်စ်စီ (LINEOUT 480 SC)↖️
🌾🐛🌿🦗🍀🦟🍃🕷☘️🐛🎋
အစွမ်းရှိပစ္စည်း - Flubendiamide 24% + Thiacloprid 24% ပါဝင်ပါသည်။
- ဆေးအုပ်စု Diamide နှင့် Neonicotinoids နှစ်မျိုးပေါင်းစပ်ပါဝင်သည့် စားသေနှင့်ပင်လုံးပြန့် အာနိသင်ရှိပိုးသတ်ဆေးဖြစ်သည်။
- ဆေးအုပ်စု Diamide သည်ဖျက်ပိုးများ၏ကြွက်သားတည်ဆောက်မှုနှင့်အာရုံကြောစနစ်ကို ဖျက်ဆီးပေးပြီး မလှုပ်ရှားနိုင်တော့သောကြောင့် အစာ စားသုံးခြင်းနှင့် အပင်ထိခိုက်ခြင်းမရှိ တော့ပဲ ပိုးမွှားများကိုနှိမ်နင်းနိုင်ပါသည်။ ထို့ပြင်ပိုးများ၏ ပိုးသတ်ဆေးဒဏ် ခံနိုင်မှုကိုလျှော့ချပေးသည်။
- ဆေးအုပ်စု Neonicotinoids သည် ပိုးများ၏ဦးနှောက်နှင့်အာရုံကြောလုပ်ဆောင်မှုကို နှောင့်နှေး ထိခိုက်ပြီး ပိုးမွှားများကိုသေဆုံးသည်အထိဖြစ်စေနိုင်ပါသည်။ Thiacloprid သည်အကောင်းဆုံး ပင်လုံးပြန့်အာနိသင်ရှိပြီး ဆေးနှုန်းထားအနည်းငယ်အသုံးပြုရုံဖြင့်ထိရောက်မှုရှိပါသည်။
- “လိုင်းအောက်”သည် သီးနှံပင်များကိုလောင်ကျွမ်းစေမှုလုံးဝမရှိပါဘဲ သီးနှံများပန်းပွင့်နေစဉ်တွင် လည်းပက်ဖျန်းအသုံးပြုနိုင်ပါသည်။ - ဆစ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဖောငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ မုန်ညင်းမုန်လာလိပ်ပြာဖြူ၊ ပျ၊ ဖြုတ် နှင့် ရွက်လိပ်ရွက်ကပ်ပိုးတို့ကိုအထူးနှိမ်နင်းနိုင်ပါသည်။
- စပါး၊ ပဲအမျိုးမျိုး၊ ဝါ၊ ပြောင်း၊ စပျစ်၊ မုန်ညင်းမုန်လာ၊ သစ်သီးပင်များ နှင့် ဟင်းသီးဟင်းရွက် ပင်များတွင် ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
- အသုံးပြုရန်ဆေးနှုန်းထားမှာ ရေ( ၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၀ - ၂၀) စီစီနှုန်း ဖြစ်ပါသည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰