menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂ ဘီလျံနီးပါးထိခိုက်”
➖🔸➖🔸➖🔸➖🔸➖🔸➖
◾️မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၉) ဘီလျံ ထိခိုက်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
◾️လက်ရှိ မီနီဘတ်ဂျက် (၆) လ ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၁၁.၉၅ ဘီလျံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၇၆၆ သန်းနီးပါးအထိ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ပြည်ပကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၂.၇၂ ဘီလျံ ရရှိခဲ့သည်။
◾️တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်ထားခြင်းကြောင့် အဆိုပါကာလအတွင်း မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၉၉၈ သန်းအထိ ရှိခဲ့ပြီး ထီးခီးစခန်း တွင်လည်း ကန်ဒေါ်လာ ၇၇၆ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့သည်။
◾️နယ်စပ်ကုန်သွယ်မှုကျဆင်းခြင်းမှာ ကုန်သွယ်မှုတန်ဖိုးလျော့ကျသွားခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သော်လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင်မူ ကန်ဒေါ်လာ ၁.၁၅ ဘီလျံ တိုးတက်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
◾️မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍက စိုက်ပျိုးရေးနှင့် အခြားကုန်ထုတ်ကဏ္ဍအပေါ် မှီခိုနေရပြီး စီးပွား/ကူးသန်း အနေဖြင့် ကုန်သွယ်မှုလိုငွေလျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးခြင်းတို့ကို ဆောင်ရွက်နေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
◾️စီးပွား/ကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ပကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ နီးပါး ရှိခဲ့ကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်မှုများမှာ တရုတ်နိုင်ငံ ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် ၂၀၂၂ ခုနှစ်အပြီးနောက်ပိုင်းကာလများတွင် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်းလည်း နယ်စပ်ကုန်သည်များက မျှော်လင့်ထားသည်။
Sources : ရွှေမန်း (The Farmer Media)