menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယ၏ ပဲလိုအပ်ချက်ကြောင့် ပို့ကုန်မတ်ပဲ ဈေးမြင့်တက်နေ
🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿
⏯အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်မြင့်မားနေခြင်းကြောင့် ပို့ကုန်မတ်ပဲဈေးမှာ ယခုရက်သတ္တပတ်အတွင်း မြင့်တက်လာကြောင်း နှင့် အခြားပဲအမျိုးအစားများလည်း လိုက်ပါမြင့်တက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်မတ်ပဲဈေးမြင့်တက်လာခြင်းနှင့်အတူ ပဲစင်းငုံဈေးလည်း လိုက်ပါမြင့်တက်လာပြီး ပဲတီစိမ်းမှာမူ ပုံမှန်ဈေးကွက်ပေါက်ဈေးဖြင့် အဝယ်သွက်နေကြောင်း သိရသည်။
⏯“ပို့ကုန်ပဲအနေနဲ့ အဓိက မတ်ပဲဈေးကောင်းနေပါတယ်။ ငွေလက်ငင်းချေစနစ်တစ်အိတ်လျှင် ကျပ် ၁၆၅,၀၀၀၊ တစ်လဆိုင်းဆိုရင် တစ်အိတ် ကျပ် ၁၇၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံကလည်း တစ်အိတ် ကျပ် ၅,၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။ သင်္ဘောလည်းတင်ခါနီးဆိုတော့ အဝယ်လိုက်နေပါတယ်။ မတ်ပဲဈေးကတော့ ဆက်လက်မြင့်တက်နိုင်ပါသေးတယ်။ တရုတ်ဝယ်လက် တွေ မြေပဲဆံ ပြန်ပြီးအဝယ်ရှိလာတော့ ဈေးကျဆင်းမှုမရှိတော့ဘဲ တစ်ပိဿာ ကျပ် ၄,၀၀၀ - ၄,၂၀၀ ပေါက်ဈေးနဲ့ အဝယ်သွက်နေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေကတော့ ပုံမှန်ဈေးကွက်အတိုင်း ရှိနေပါတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံးကို သုံးသပ်ရရင် ပို့ကုန်မတ်ပဲတစ်မျိုးသာ ဈေးအကောင်းဆုံး ဖြစ်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။
🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘
အိန္ဒိယနိုင်ငံမှ ပဲလိုအပ်ချက်မြင့်မားနေတာကြောင့် ပို့ကုန်ပဲအမျိုးအစား အလိုက်အဝယ်ကောင်းနေပြီး ဇွန် (၃၀)ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၆၃,၀၀၀ - ၁၆၅,၀၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ကျပ် ၁၅၄,၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၅,၀၀၀ ဖြင့် အဝယ်သွက်နေသည်။ မတ်ပဲဈေးမှာ တစ်အိတ် ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်လာသလို ဆက်လက်မြင့်တက်နိုင်သေးကြောင်း လည်း ပဲကုန်သည်များကသုံးသပ်ထားသည်။
🥜မြေပဲ🥜
မြေပဲဆန်ဈေး အနည်းငယ်ကျဆင်းနေရာမှ တရုတ်ဝယ်လက်များ ပြန်လည်အဝယ်သွက်လာရာ ဇွန်(၃၀) ရက်တွင် S1 မြေပဲဆံတစ်ပိဿာ ကျပ် ၄,၀၀၀ - ၄,၃၅၀ ပေါက်ဈေး ပြန်ဖြစ်လာသည်။ အနီလုံးဆံနှင့် အခြားအမျိုးအစားများမှာ တစ်ပိဿာ ကျပ် ၄,၂၀၀ ဈေးတန်းသို့ ပြန်လည်မြင့်တက်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၉,၀၀၀ - ၉,၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ် ၈,၀၀၀၊ စားအုန်းဆီမှာ တစ်ပိဿာ ကျပ် ၈,၅၀၀ခန့် ပေါက်ဈေးဖြင့် ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက် လာသည်။
⏯ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲ V2 တစ်အိတ်ကျပ် ၁၅၁,၀၀၀ ဖြစ်ပြီး ကုလားပဲ အမျိုး အစားအလိုက်တစ်အိတ် ကျပ် ၄,၀၀၀ ခန့် ဈေးကျဆင်းသွားသည်။ ပဲယင်းတစ်အိတ် ကျပ် ၁၃၅,၀၀၀၊ ပဲကြီးတစ်အိတ် ကျပ် ၂၁၅,၀၀၀၊ ပဲထောပတ် တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ စွန်တာပြာတစ်အိတ် ကျပ် ၁၃၃,၀၀၀၊ မြေထောက်ပဲတစ်အိတ် ကျပ် ၁၉၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၀၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း