menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယအစိုးရက ၎င်းတို့ပြည်တွင်းလုပ်ငန်း ရှင်များကို ခြောက်လအတွင်း မတ်ပဲတန်ချိန် ၁၅၀,၀၀၀ တင်သွင်းခွင့်ပြု
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
☑️ အိန္ဒိယအစိုးက ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ခြောက်လ အတွင်း မတ်ပဲတန်ချိန် ၁၅၀,၀၀၀ ကို ဆိပ်ကမ်းအရောက်တင်သွင်းရန် ၎င်းတို့ပြည်တွင်းသွင်းကုန်လုပ်ငန်းရှင်များကို ခွင့်ပြုပေးလိုက်ကြောင်း အိန္ဒိယနိုင်ငံရှိ မြန်မာစီးပွားရေးသံမှူး ဦးနေအေးလွင်က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန် ပြောကြားသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အရ တန်ချိန် ၁၅၀,၀၀၀ တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
☑️ အိန္ဒိယအစိုးရက ၂၀၁၇ခုနှစ်ကစပြီး ပဲမျိုးစုံကို ကိုတာစနစ်ဖြင့် ပြောင်းလဲတင်သွင်းခွင့်ပြုကတည်းက တင်သွင်းခွင့်ပြုသည့် တန်ချိန်ကို နှစ်စဉ်ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ပြည်တွင်းလိုအပ်ချက် နှင့်အညီ ကိုတာပမာဏကို အတိုး၊ အလျှော့ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံက တန်ချိန် လေးသိန်း ကိုတာရရှိခဲ့ပြီး ယခုတင်သွင်းခွင့်ပြုသည့် တန်ချိန် ၁၅၀,၀၀၀ မှာ မြန်မာနိုင်ငံတစ်ခုတည်း ကိုသာ ကိုတာပေးခြင်း မဟုတ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက မြန်မာတောင်သူကြီးများဂျာနယ် ကိုပြောသည်။
☑️ မြန်မာနိုင်ငံကို ကိုတာပေးတာမျိုးတော့မဟုတ်ပါဘူး။ မတ်ပဲဈေးက ပြန်တက်လာပြီး ကုန်သည်တွေ လက်ထဲမှာလည်း တန်ချိန် တစ်သိန်းဝန်းကျင်ပဲကျန်တော့တယ်လို့ခန့်မှန်းရပါတယ်။ မတ်လကုန် အပြီးတင်ပို့ရမှာဖြစ်လို့ မတ်ပဲ အဟောင်းတွေပါ တင်ပို့ရမှာပါ။ မတ်ပဲအသစ်က မတ်လမှာ လှိုင်လှိုင် ပေါ်တာပါ။ လက်ရှိမှာတော့ မျိုးဈေးတွေ တက်ကုန်တယ်။ ဒီနှစ်လည်းတောင်သူတွေက ပဲတီစိမ်း လောက် အလုပ်သမားအသုံးပြုစရာမလိုတဲ့ မတ်ပဲကိုသာ စိုက်ပျိုးမှုများနိုင်တယ်” ဟု ၎င်းက ပြောသည်။
☑️ မြန်မာနိုင်ငံ အောက်ပိုင်း ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အောက်တိုဘာလ စပါးရိတ် သိမ်းအပြီး ပဲတီစိမ်းနှင့် မတ်ပဲကို ဆက်လက်စိုက်ပျိုးကြကြောင်း၊ မတ်ပဲ စိုက်တောင်သူများ အနေဖြင့် မတ်ပဲကို စောစောစိုက်ပျိုးပြီး စောစောရောင်းချနိုင်ပါက အကျိုးအမြတ်ပိုများနိုင်ကြောင်း ဓနုဖြုမြို့မှ ဦးနိုင်ဝင်းက ပြောသည်။
☑️ လက်ရှိမှာတော့ တောင်သူတွေက မျိုးချန်စိုက်ပျိုးတာမျိုးမလုပ်တော့ဘဲ စိုက်ပျိုးချိန်ကျမှ မျိုးကောင်း မျိုးသန့်ဝယ်ယူစိုက်ပျိုးတာ များပါတယ်။ လက်ရှိမှာတော့ မတ်ပဲ တစ်တင်း ကျပ် ၄၀,၀၀၀ ရောင်းချပါ တယ်။ မနှစ်ကလည်း အိတ် ၁,၀၀၀ လောက်ရောင်းချခဲ့ရပါတယ်။ ပဲတီစိမ်းမျိုးလည်း အဝယ်လိုက်တယ်။ အချို့လည်း မတ်ပဲပေါ်ချိန် ဈေးမရတာမျိုးဖြစ်လာတော့ ပဲတီစိမ်းကို စိုက်ကြတယ်။ လက်ရှိမှာတော့ အိန္ဒိယ ပဲလိုအပ်ချိန်နဲ့ မြန်မာမှာ မတ်ပဲပေါ်ချိန် အချိန်ကိုက်ဖြစ်နေပါတယ်။ တောင်သူတွေအနေနဲ့ စောစောစိုက်ပါ။ စောစောရောင်းဖို့ တိုက်တွန်းလိုပါတယ်။
☑️ "လက်ရှိမှာတော့ ဘုရင့်နောင်ပွဲရုံတွေကလည်း ပိတ်ထားတော့ အရောင်းအဝယ်က အေးနေပါတယ်။ အိန္ဒိယ ဝယ်ယူမှုရှိလာတဲ့ ပဲတီစိမ်း၊ ပဲစင်းငုံ ၊ မတ်ပဲ ၊ပဲယင်းမျိုးတွေ ရောင်းကောင်းနေပါတယ်” ဟု ၎င်းက ပြောသည်။စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မတ်ပဲကို သြဂုတ်၊ စက်တင်ဘာလတို့တွင် မိုးနဲ့အတူ စိုက်ပျိုးမှုများပြီး တစ်ဧက စိုက်ပျိုးစရိတ် ကျပ် သုံးသိန်းမှ လေးသိန်းကြား ကုန်ကျကာ ၂၅ တင်းခန့် ထွက်ရှိကြောင်း မုံရွာမြို့နယ်မှ မတ်ပဲစိုက်တောင်သူ ဦးကျောက်ခဲက ပြောသည်။ “ အိန္ဒိယကမတ်ပဲ တင်သွင်းခွင့်သတင်းတွေကြောင့် မတ်ပဲ စိုက်ပျိုးဖို့ တောင်သူတွေ စိတ်ဝင်စားနေ ပါတယ်။ ကိုယ်တိုင်လည်း နှစ်တိုင်းစိုက်တယ်။ မျိုးလည်း ထုတ်တယ်။ လက်ရှိဈေးကွက်ပေါက်ဈေး တစ်တင်း ကျပ် ၃၀,၀၀၀ ကျော်နေရင်တော့ တောင်သူ အဆင်ပြေနေတဲ့ပေါက်ဈေးပါ” ဟု ၎င်းက ပြောသည်။
ရွှေမန်း
The Farmer Media