menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"အိန္ဒိယနိုင်ငံဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်းများမြင့်တက်လာနိုင်"
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
➡️ အိန္ဒိယပြည်တွင်းဈေးကွက်တွင် မကြာသေးမီကာလ၌ ပဲစင်းငုံဈေးနှုန်းများ အတန်အသင့်လျော့ကျခဲ့သော်လည်း ပြည်ပမှတင်သွင်းနိုင်မှုလျော့နည်းနိုင်ခြင်း၊ လာမည့်ပွဲတော်ရာသီကာလ၌ ဝယ်လိုအား မြင့်တက်လာခြင်းတို့က ပဲစင်းငုံဈေးနှုန်းကိုမြင့်တက်လာစေနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ထားကြောင်းသတင်းကို အိန္ဒိယသတင်းဝက်ဘ်ဆိုက်များတွင်ဖော်ပြထားသည်။
➡️ လာမည့်ပွဲတော်ရာသီတွင် ဝယ်လိုအားကြောင့် ဈေးနှုန်းများအမြင့်ဘက်သို့ ဦးတည်လျက်ရှိ ကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၏ဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် ပဲစင်းငုံပမာဏအမြောက်အမြားကို တင်သွင်းနိုင်သည့်နိုင်ငံမရှိကြောင်းကို အိန္ဒိယနိုင်ငံ စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။
➡️ အိန္ဒိယ၏ပြည်တွင်းပဲစင်းငုံထုတ်လုပ်နိုင်သည့်ပမာဏထက် ပြည်တွင်းစားသုံးမှုက ပိုမိုများပြားနေခြင်းကြောင့် ပြည်ပမှတင်သွင်းနေရခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ တတိယအကြိမ် သီးနှံအထွက် ခန့်မှန်းချက်အရ ၂၀၂၃- ၂၀၂၄ စိုက်ပျိုးရေးနှစ် ဇွန်၊ ဇူလိုင်အတွင်း စုစုပေါင်းတန်ချိန် ၃.၄ သန်း ထွက်ရှိမည်ဟုခန့်မှန်းထားပြီး တစ်နိုင်ငံလုံး ပျမ်းမျှစားသုံးမှုသည် တန်ချိန် ၄.၅ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။
➡️ အဆိုပါ စုစုပေါင်းစားသုံးမှုပမာဏအနက် စက်တင်ဘာလ မှ နိုဝင်ဘာလအထိ သုံးလကာလ အတွင်း ပွဲတော်ရာသီတွင် ဝယ်လိုအားအတွက် ပဲစင်းငုံတန်ချိန် ၉၀၀၀၀၀ ခန့် လိုအပ်မည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည် စက်တင်ဘာလ မှ နိုဝင်ဘာလအထိ ပဲစင်းငုံစားသုံးမှု အမြင့်မားဆုံးကာလဖြစ်ပြီး ပျမ်းမျှအားဖြင့် တန်ချိန် ၉-၁၂သိန်းကြား သုံးစွဲလေ့ရှိသည်။
➡️ ပဲစင်းငုံဈေးများသည် ယခင်နှစ်ဇွန်လမှစတင်၍ အမြင့်ဈေးဖြင့်ရောင်းဝယ်လျက်ရှိခဲ့ရာ အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏အချက်အလက်များအရ ပဲစင်းငုံခွဲခြမ်း လက်လီဈေးနှုန်းသည် စက်တင်ဘာ(၁)ရက်တွင် ၁ ကီလိုဂရမ်လျှင် ၁၆၃.၈၁ ရူပီး နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
➡️ အိန္ဒိယ၌ ပဲစင်းငုံဈေးနှုန်းကျဆင်းမှုကာလမှာ ကာလတိုသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ငွေတန်ဖိုးကျဆင်းမှုအရ မြန်မာနိုင်ငံမှဈေးနှုန်းသက်သာစွာဖြင့် တင်သွင်းနိုင်ခြင်းကြောင့် ပဲဈေးနှုန်းများလျော့ နည်းသက်သာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၌ ပဲစင်းငုံလက်ကျန်ကုန်တော့မည်ဖြစ်ရာ အခြားနိုင်ငံများမှဝယ်ယူရန် ရှာဖွေလျက်ရှိသည်။
➡️ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံအပါအဝင် မိုဇမ်ဘစ်၊ မာလာဝီဆူဒန်၊ တန်ဇန်နီးယားနိုင်ငံတို့မှ အဓိကတင်သွင်းလျက်ရှိပြီး အိန္ဒိယနိုင်ငံတွင်စိုက်ပျိုးသောမိုးသီးနှံ၌ ပဲစင်းငုံစိုက်ဧကတိုးချဲ့စိုက်ပျိုးထားသော်လည်း အဓိကစိုက်ပျိုးသောဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် လာမည့်ရိတ်သိမ်းရာသီတွင် အထွက်နှုန်းလျော့ကျနိုင်မည့် အခြေအနေများရှိနေသည်။
➡️ ထို့ကြောင့် လာမည့်ပဲပေါ် ရာသီတွင် အိန္ဒိယ၏ ပဲစင်းငုံဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး ၁၀၀ ကီလိုဂရမ်တွင် ၇,၅၅၀ ရူပီး၏အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြောင်းသိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)