menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲတင်သွင်းမည်
အိန္ဒိယနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲတင်သွင်းမည်ဖြစ်၍ ပြည်တွင်းမတ်ပဲဈေးများ မြင့်တက်လာ
🔹 အိန္ဒိယအစိုးရက ၎င်းတို့ပြည်တွင်းလုပ်ငန်းရှင်များကို မတ်ပဲတန်ချိန်တစ်သိန်းခွဲ တင်သွင်းခွင့်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံတွင် မတ်ပဲဈေးများ ယခုရက်ပိုင်းအတွင်း မြင့်တက်လာသည်။မန္တလေးကုန်စည်ဒိုင်တွင် စက်တင်ဘာလ ၂၀ ရက်က မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ၉၇,၀၀၀ ကျပ်သာ အမြင့်ဆုံးရှိခဲ့ရာမှ စက်တင်ဘာလ ၃၀ ရက်တွင် ၁၀၅,ဝဝဝ မှ ၁၁၀,ဝဝဝကျပ်ကြား ဖြစ်လာပြီး အောက်တိုဘာလ ၇ ရက်တွင် ၁၁၀,၀၀၀ မှ ၁၁၅,၀၀၀ ကျပ်ကြားသို့ ရောက်ရှိလာသည်ကို ကုန်စည်ဒိုင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။
🔹 “အိန္ဒိယနိုင်ငံမှာ မိုးရွာသွန်းမှုများပြီး မတ်ပဲစိုက်ခင်းတွေ ပျက်စီးမှုများကထဲက မြန်မာပြည်က သေချာပေါက် တင်သွင်းမှာပဲဆိုပြီး စက်တင်ဘာ ၂ဝလောက်ကတည်းက အဝယ်စ လှုပ်ရှားလာတာ တစ်ပတ်အတွင်း တစ်အိတ်ကို ၅,၀၀၀၊ ၁၀,၀၀၀ ဈေးတက်သွားတယ်။ မတ်ပဲဈေးအတက်အကျက အိန္ဒိယနိုင်ငံနဲ့ပဲ ဆိုင်တယ်။ ပြည်တွင်းအသုံးပြုမှု နည်းပါတယ်”ဟု မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
🔹 ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နောက်ဆုံးထား၍ မတ်ပဲတန်ချိန် တစ်သိန်းခွဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။မတ်ပဲဈေးနှုန်းများ မြင့်တက်လာခြင်းအပြင် စိုက်ပျိုးမှုများလာနိုင်သည့်အတွက် မတ်ပဲမျိုးစေ့ဈေးနှုန်းများလည်း အလားတူ မြင့်တက်လာကြောင်း နှင့် မတ်ပဲမျိုးစေ့တစ်အိတ်လျှင် ကျပ် ၁၂၀,ဝဝဝ ခန့် ဖြစ်သွားကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင်ဦးကျော်သွင်က ပြောကြားသည်။ " အိန္ဒိယက ဝယ်မယ်လို့ သတင်းထွက်ပြီးနောက်မှာ ဈေးတွေက ပိုပြီးတော့ တက်သွားတယ်။ အရင်ရက်က တစ်သိန်းကျော်၊ တစ်သိန်းလောက်ရှိတာ အခုဆို တစ်သိန်းနှစ်သောင်းလောက် ဖြစ်သွားတယ်။ မနှစ်ကဒီအချိန်ဆို တစ်သိန်းအောက်ပါပဲ။ ကိုဗစ်ကြောင့်၊ ရာသီဥတုဖောက်ပြန်မှုကြောင့် အိန္ဒိယဘက်ကလည်းလိုအပ်ချက်က အများကြီးရှိတယ်" ဟု ၎င်းကပြောသည်။
🔹 လက်ရှိတွင် မျိုးသန့်တစ်တင်းလျှင် ကျပ် ၄၀,၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း၊ မတ်ပဲမျိုးသန့်ဈေးမှာ မသန့်စင်ရသေးသည့် ရောရာမတ်ပဲထက် ကျပ်နှစ်ထောင်မှ သုံးထောင်ခန့်ဈေးပိုပေးရပြီး လက်ရှိတွင် ရောရာမတ်ပဲမျိုးမှာ တစ်တင်းလျှင် ၃၇,ဝဝဝကျပ် ဖြစ်နေကြောင်း ဓနုဖြူမြို့မှ ဦးနိုင်ဝင်းကပြောကြားသည်။
ရွှေမန်း
The Farmer Media