menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အိန္ဒိယနိုင်ငံက ဝယ်ယူလာခြင်းကြောင့် မတ်ပဲ အသစ်ပေါ်ချိန် ဈေးကောင်းရနေ
💠အိန္ဒိယနိုင်ငံက ဝယ်ယူလာခြင်းကြောင့် မတ်ပဲ အသစ်ပေါ်ချိန် ဈေးကောင်းရနေ💠 🌿🌿🌿🌿🌿🌿🌿🌿🌿🌿
🔹မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း မတ်ပဲကို အိန္ဒိယနိုင်ငံက ဝယ်ယူလာသဖြင့် ဈေးကောင်းရနေသည်။ သို့သော် တရုတ်ငွေဈေး ကျနေသဖြင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ပဲတီစိမ်း၊ နှမ်း ဈေးနှုန်းအေးလျက်ရှိကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
မတ်ပဲ.....
🔹အိန္ဒိယနိုင်ငံက ဝယ်ယူမှုများသဖြင့် ယခုနှစ် အသစ်ပေါ်ချိန်တွင် ယခင်နှစ်များထက်ပိုမိုကာ ဈေးကောင်းရနေသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျပ် ၉၄၀၀၀ မှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၉၅၀၀၀ ရှိသည်။“နေ့စဉ် သင်္ဘောတင်ဖို့အတွက် ဝယ်ယူမှုရှိနေတယ်။ ဆက်တိုက်ဝယ်ယူဦးမှာဖြစ်တဲ့အတွက် ဈေးကတော့ကျဖို့ မရှိဘူး။ ဒါပေမယ့် အသစ်ပေါ်ချိန်ဖြစ်တာကြောင့် သိသိသာသာတက်ဖို့တော့ မရှိလောက်ဖူးထင်တယ်“ဟု မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
ပဲစင်းငုံ.....
🔹အိန္ဒိယနိုင်ငံက လုံးဝမ၀ယ်ယူသေးသော်လည်း ပြည်တွင်း ထွက်ရှိမှုနည်းခြင်း၊ သိုလှောင်သူများကလည်း ဈေးလျှော့မရောင်းချခြင်းကြောင့် ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ သုံးတင်းဝင်တစ်လျှင် ဖေဖော်ဝါရီ ၂၈ ရက် ကျပ် ၆၄၀၀၀- ၆၅၀၀၀ ရှိသည်။
ပဲတီစိမ်း.....
🔹တရုတ်နိုင်ငံက ယခင်သီတင်းပတ်ထက်စာလျှင် အနည်းငယ်လျှော့ချဝယ်ယူလာခြင်း၊ တရုတ်ငွေဈေးမှာလည်း ကျဆင်းလာခြင်းကြောင့် ဈေးနှုန်းတန့်သွားပြီး အရောင်းမှာလည်း အနည်းငယ်အေး လျက်ရှိသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပဲတီစိမ်း(ရွှေဝါ) ကျပ် ၁၁၈၀၀၀ ရှိသည်။“မြန်မာ့ငွေဈေးက မာနေတယ်။ တရုတ်ငွေဈေးက ကျနေတဲ့ အတွက် ဈေးက အေးသွားတာပါ။ ဈေးနှုန်းကျ၊ မကျကတော့ သူတို့(တရုတ်) ငွေဈေးအပေါ်မှာ မူတည်တယ်“ ဟု ဦးမျိုးဆွေကပြောသည်။
ကုလားပဲ.....
🔹ပြည်တွင်းဝယ်ယူမှုသာရှိပြီး ဈေးကွက်အတွင်း၌ ပစ္စည်း အနည်းငယ် များနေခြင်းကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာသည်။ ဖေဖော်ဝါရီ ၂၁ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) ကျပ် ၇၅၀၀၀ မှ ဖေဖော်ဝါရီ ၂၈ရက်တွင် ကျပ် ၇၄၀၀၀၊ ကုလားပဲ(နိုင်းတူးနိုင်း) ကျပ် ၇၇၀၀၀ မှ ကျပ် ၇၆၀၀၀ သို့ ကျဆင်းလာသည်။
နှမ်း.....
🔹တရုတ်ငွေဈေး ကျဆင်းနေသော်လည်း ယခင်သီတင်းပတ်ထက်စာလျှင် ပိုမိုဝယ်ယူလာသဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ဖေဖော်ဝါရီ ၁၄ ရက်တွင် နှမ်းဖြူ ကျပ် ၁၂၈၀၀၀ မှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၁၃၂၀၀၀၊ နှမ်းနက်(စမုန်) ကျပ် ၂၁၇၀၀၀ မှ ကျပ် ၂၂၅၀၀၀ သို့ မြင့်တက်လာသည်။ “ဈေးကတော့ နည်းနည်းတက်လာတယ်။ ဒါပေမယ့် တရုတ်ငွေဈေးကကျနေတဲ့အတွက် ဆက်တိုက်တက်ဖို့တော့ နည်းမယ်ထင်တယ်“ဟု ကုန်သည် ဦးတင်အောင်က ပြောသည်။
- မျိုးသန့်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် မတ်လ ( ၂ ) ရက်။