menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံဈေးကွက်”
🌿🫘🌿🥜🌿🫘🌿🥜🌿🫘🌿
✔️ပြည်ပပို့ကုန်ပဲများ၊ ပြည်တွင်းသုံးကုလားပဲအုပ်စုဝင်များနှင့် မြေပဲဆံဈေးများမှာ ယခုသီတင်းပတ်တွင်လည်း အမြင့်ဈေးဖြင့် အရောင်းအဝယ်ဆက်လက်ဖြစ်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။
✔️ပို့ကုန်ပဲများမှာ ဈေးအတက်ရပ်နေသော်လည်း အမြင့်ဈေးတွင် ဈေးငြိမ်ပြီး အရောင်းအဝယ်သွက်နေ သဖြင့် မတ်ပဲတစ်အိတ်ကျပ်၂၀၀,၀၀၀၊ ပဲစင်းငုံတစ်အိပ် ကျပ်၁၈၅,၀၀၀၊ ပဲတီစိမ်းတစ်အိပ် ကျပ် ၁၅၀,၀၀၀ ဈေးအသီးသီး ရှိနေသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းသုံးကုလားပဲနှင့်မြေပဲဆံဈေးများ လည်း ယခင်သီတင်းပတ်ထက် ပိုမိုမြင့်တက်နေကြောင်း နှင့် ပြည်တွင်းသုံးပဲမာလိုင်းများ အမြင့်ဈေးဖြင့် အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
✔️“ပို့ကုန်ပဲတွေအကုန် ဈေးမြင့်တက်သွားရာကနေ လက်ရှိမှာ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်နေ ပါတယ်။ အချို့ဒေသတွေမှာ လက်ကျန်ပဲ မရှိသလောက်ဖြစ်သွားပါပြီ။ အချို့လည်း ဈေးကွက်ကို စောင့်ကြည့်ရောင်းချနေပါတယ်။ ပို့ကုန်ပဲတွေ ဈေးအတက်ရပ်သွားပေမယ့် ယခင်သီတင်းပတ်ထက် ဆက်လက်မြင့်တက်နေပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်အကောင်းဆုံးကတော့ ကုလားပဲအုပ်စုနဲ့ မြေပဲဆံ ဖြစ်ပါတယ်။ တရုတ်လိုင်းအဝယ်ရှိသည့် မြေပဲလုံးဆံက တစ်ပိဿာ ကျပ် ၆,၅၀၀ - ၆,၈၀၀ ဈေးဖြစ်ပေမယ့် မြေပဲဆီဆံတွေကတော့ ၆,၀၀၀ ကျော်လောက်သာ ရှိပါတယ်။ နှမ်းမျိုးစုံ ဈေးကွက်ကလည်း ဈေးကောင်းအဝယ်လိုက်နေတော့ နှမ်းနက် သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၂၈၀,၀၀၀၊ နှမ်းဖြူ ကျပ်၂၇၀,၀၀၀ အထိ ပေါက်ဈေး ဖြစ်လာပါတယ်” ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း ၊ ပဲစင်းငုံ🫘
ဒေါ်လာဈေးအပြောင်းအလဲကြောင့် ပြည်တွင်းပို့ကုန်ပဲများ ဈေးကွက်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၀,၀၀၀ ခန့် ဈေးမြင့်တက်သွားရာ ယခုသီတင်းပတ်တွင် လက်ကျန်နည်းသွားသည့် အခြေအနေကြောင့် မတ်ပဲမှာ တစ်အိတ် ကျပ် ၂၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ နယ်လက်ကျန်နည်းသွားသည့် ပဲစင်းငုံမှာလည်း တစ်အိတ်ကျပ် ၁၈၅,၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့သည်။ မန္တလေးပဲဈေးကွက် နှင့် ရန်ကုန်ပဲဈေးကွက်များမှာ အရောင်းအဝယ်အသွက်ဆုံးဖြစ်နေရာ ယခု သီတင်းပတ်တွင် စက်သုံးဆီဈေးမြင့်တက်မှုနှင့်အတူ ကားတန်ဆာခများ ဈေးမြင့်တက်လာမှုကြောင့် ဝယ်ယူရန်အခက်အခဲရှိလာခဲ့ကြောင်း သိရသည်။
🥜မြေပဲ🥜
ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုလျှော့ချလာသဖြင့် စားဆီဈေးကွက်မှာ ဈေးမြင့်တက်လာသကဲ့သို့ ပြည်တွင်းမြေပဲဆီများလည်း လိုက်ပါဈေးမြင့်တက်လာရာ S1 မြေပဲလုံးဆန် တစ်ပိဿာကျပ် ၆,၉၀၀၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၆,၇၀၀ - ၆,၉၀၀၊ ဆီဆံတစ်ပိဿာ ကျပ် ၆,၅၀၀-၆,၆၀၀ ပေါက် ဈေးရှိသည်။ စားဆီဈေးကွက်မှာလည်း အခြေခံရည်ညွှန်းဈေး တစ်ပိဿာကျပ် ၄,၀၀၀ ကျော် သတ်မှတ်ထားသော်လည်း ပြင်ပဈေးတွင် တစ်ပိဿာကျပ် ၉,၀၀၀ ကျော် ပေါက်ဈေးရှိနေသည်။ မြေပဲဆီမှာ တစ်ပိဿာကျပ် ၁၅,၀၀၀၊ နှမ်းဆီတစ်ပိဿာ ကျပ် ၁၀,၀၀၀ ကျော်ပေါက်ဈေးဖြစ်လာသည်။
✔️ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်လာခြင်းနှင့်အတူ ပဲမာလိုင်းများလည်း အနည်းငယ် ဈေးမြင့်တက်လာပြီး ပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ ခန့် ဆက်လက် ဈေးမြင့်တက်လာသည်။ ဩဂုတ်လ (၁၈) ရက်တွင် ကုလားပဲ V2 တစ်အိတ်ကျပ် ၁၉၅,၀၀၀၊ ပဲယင်းတစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ် တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ စွန်တာပြာတစ်အိပ် ကျပ် ၁၄၅,၀၀၀၊ မြေထောက်ပဲတစ်အိပ် ကျပ် ၂၃၀,၀၀၀ နှင့် ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၅၀,၀၀၀ သို့အသီးသီး ဈေးမြင့်တက်ခဲ့သည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း