menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အမြင့်စျေးတွင်ရှိနေသည့် ငရုတ်သီးခြောက်ဈေးကွက်”
🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️🌶️
↗️ ပြည်တွင်းစားသုံးမှု ပုံမှန်ရှိနေသည့်အတွက် ငရုတ်သီးခြောက် အမြင့်စျေးတွင်ရှိနေခြင်းဖြစ်ကြောင်း ငရုတ်သီးဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။ ပြည်ပဝယ်ယူမှု လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှုမှာ ပြည်တွင်းစားသုံးမှုနှင့်တင် လုံလောက်မှုရှိနေသည့်အတွက် စျေးနှုန်းမှာ အမြင့်စျေးတွေငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။
↗️ “စျေးက အတက်စျေးနဲ့ငြိမ်နေကြပြီး ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ်တော့ အနည်းလေး အေးတယ်။ ပြီးခဲ့တဲ့နှစ်လောက် စျေးကွက်မဖြစ်လောက်ဘူး။ ၆လပိုင်းတောင်ရောက်ပြီလေ။ ဆက်တက်ရင်လဲ ၁၇,၀၀၀၊ ၁၈,၀၀၀ မကျော်ဘူး။ ပြီးခဲ့တဲ့နှစ်က ၂၀,၀၀၀ ကျော် ထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီစျေးကတွက်ခြေကိုက်တယ်။ လှောင်ကုန်ထားတဲ့သူတွေကတော့ ဒီစျေးနဲ့ မကိုက်ဘူး” ဟုညောင်တုန်းမြို့နယ်မှ ငရုတ်စိုက်ပျိုး/ဝယ်ရောင်း လုပ်ကိုင်သူ ဦးဇော်နိုင်ဦး က ပြောသည်။
↗️ လက်ရှိ ငရုတ်သီးခြောက်အောက်စသီး တစ်ပိဿာလျှင် ၁၁,၀၀၀ မှ ၁၃,၀၀၀ အထိရှိပြီး မိုးထောင်သီး တစ်ပိဿာ လျှင် ၁၃,၀၀၀ မှ ၁၄,၀၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။ငရုတ်သီးခြောက်မှာ စျေးတက်နေသော်လည်း ပြီးခဲ့နှစ်များနှင့်ယှဉ်ပါက အရောင်းဝယ်ကျဆင်းကာ စျေးနှုန်းကျဆင်း နေကြောင်း ကုန်သည်များမှ ဆိုသည်။
↗️ ယခင်နှစ်များက ငရုတ်သီးခြောက် တစ်ပိဿာလျှင် နှစ်သောင်းကျော်အထိ ရရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်များက သွင်းအားစုများဖြစ်သည့် မြေဩဇာ နှင့် စက်ပစ္စည်းများက စျေးကြီးနေခြင်းကြောင့် ပုံမှန်စိုက်ပျိုးနေသည့် ငရုတ်သီးစိုက်တောင်သူများအနေဖြင့် အရင်းအနှီးများ၍မစိုက်ခဲ့ကာ စျေးကွက်တွင်အဝင်နည်းပြီး ပြည်တွင်း၌ ငရုတ်သီးခြောက်စျေးအမြင့်ဈေးတွင် ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ငရုတ်သီးကုန်သည်များထံမှ သိရသည်။
↗️ သို့သော်ယခုနှစ်တွင် သွင်းအားစုများ အနည်းငယ်စျေးကျဆင်းသွားပြီး ငရုတ်စိုက်ချိန် ရာသီဥတု ကောင်းခဲ့ခြင်းကြောင့် အထွက်နှုန်းအနည်းငယ်ကောင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ဖြင့်ယှဉ်ပါက အနည်းငယ်သာစျေးကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
↗️ “ငရုတ်သီးက အခြေခံစားသောက်ကုန်ထဲမှာပါတော့ မဖြစ်မနေဝယ်ရတဲ့သူတွေရှိကြတာပေါ့။ ငရုတ်သီးခြောက်စျေးကတက်နေတယ်။ ဒီနှစ်က တောင်သူရောရောင်းတဲ့သူရော အဆင်ပြေတယ်လို့ ကြားရတယ်။ စိုက်ပျိုးတဲ့သူလဲနည်းခဲ့တာဆိုတော့ စျေးကအမြင့်စျေးမှာပါ” ဟု နေပြည်တော် လယ်ဝေးမြို့နယ်မှ ငရုတ်သီးကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ ပြည်ပသို့တင်ပို့ရန် လာရောက် ဝယ်ယူသည့်ဝယ်လိုအားမှာ လျော့ကျနေကြောင်း ပြည်ပတင်ပို့နေသည့်သူများကို ရောင်းချနေသည့် တောင်သူများထံမှ သိရသည်။
↗️ ပြည်ပတင်ပို့ရာတွင် ဒေါ်လာလဲလှယ်မှုအပါအဝင် အခြားမူဝါဒအကန့်အသတ်များရှိနေခြင်း၊ တင်ပို့ရန် အခက်အခဲရှိနေသလို ပြည်တွင်း၌လည်းပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ငရုတ်တင်ပို့မှုမှာလည်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်းကုန်သည်များထံမှ သိရသည်။
↗️ “အခုတော့ ပြည်ပက စျေးအများကြီးမလိုက်ဘူး။ ပထမ မိုးထောင်သီးတုန်းကလှိုင်သွားတယ်။ နောက်ပိုင်းနည်းနည်းကျသွားတယ်။ ပြည်တွင်းငရုတ်သီးက ပြည်တွင်းစားသုံးသူနဲ့ ကွက်တိကျတယ်။ ပြည်တွင်းမှာပဲစျေးရတယ်။ ပြည်ပက ပြည်တွင်းလောက်တောင် မပေးနိုင်တာတွေရှိတယ်။ အဲ့တော့ တော်ယုံတန်ယုံ မတင်ပို့နိုင်ကြဘူး” ဟု ငရုတ်သီးပြည်ပတင်ပို့နေသူတစ်ဉီးကပြောသည်။
↗️ မြန်မာနိုင်ငံရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယမ်နမ်၊ လာအို၊ မလေးရှား စသည်နိုင်ငံများသို့ တင်ပို့နေကြောင်း သိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)