menu

"အပြောင်းအလဲများနှင့် မတ်ပဲဈေးကွက်"


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

⏭မတ်ပဲဈေးနှုန်းတက်လာနေပြီး ဈေးနှုန်းအမြင့်ဖြင့်ရပ်တည်နေခဲ့သည်မှာ သီတင်းပတ်အနည်းငယ် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုရက်ပိုင်းအတွင်းမတ်ပဲဈေးအကျဖက်သို့အနည်းငယ် ပြန်လည်ရောက်ရှိလာသည်။

⏭ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်သီတင်းပတ်မှ ယနေ့အထိ ဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ ဇွန်လ (၁) ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ၅၅,၈၀၀ကျပ်၊ (၂) ရက်နေ့တွင် ၅၆,၀၀၀ကျပ်၊ (၃) ရက်နေ့တွင် ၅၆,၂၀၀ကျပ်၊ (၄)ရက်နေ့တွင် ၅၆,၂၀၀ကျပ်၊ (၅) ရက်နေ့တွင် ၅၅,၇၀၀ကျပ်၊ (၆) ရက်နေ့တွင် ၅၅,၅၀၀ကျပ်၊ (၇) ရက်နေ့ နံနက်ပိုင်းတွင် ၅၃,၆၀၀ ကျပ် နှင့် နေ့လည်ပိုင်းတွင် ၅၄,၅၀၀ ကျပ် အသီးသီးဖြစ်ပါသည်။

⏭အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံမှ သတင်းဌာနများ၏ထုတ်ပြန်ကြေငြာချက်အရ မြန်မာ့မတ်ပဲကို အိန္ဒိယကအရန်ပဲအဖြစ်ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး မြန်မာ့မတ်ပဲသည်လည်း လက်ကျန်နည်းပါး လာသည့် အခြေအနေဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင်မိုးရွာသွန်းမှုနည်းပါးသည့်ဖြစ်စဥ်များကြောင့် ပဲစိုက်ဧရိယာကျဆင်းခြင်း နှင့် ဝယ်လိုအားကောင်းလာမှုများကြောင့် မတ်ပဲဈေးတက်လာခဲ့သည်။

⏭သို့သော် ယခုရက်ပိုင်းအတွင်းမတ်ပဲဈေးနှုန်းပြန်လည်ကျဆင်းလာခဲ့ပြီး ဇူလိုင် (၇) ရက်နေ့တွင် မနက်ပိုင်း နှင့် နေ့လည်ပိုင်း ဈေးနှုန်းကွာခြားချက်များပြားစွာ ဈေးအတက်အကျဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်းပဲမျိုးစုံအပါအဝင် ပို့ကုန်သွင်းကုန်များ၏ဈေးနှုန်းများမတည်ငြိမ်ပဲ အရောင်းအဝယ် အေးနေသည်။ 

⏭အရောင်းရှိသော်လည်းအဝယ်မရှိကြောင်း၊ နိုင်ငံတော်မှထုတ်ပြန်သော အမိန့်ကြော်ငြာစာများအရ အချိန်ကာလအလျောက် မူဝါဒအမျိုးမျိုးပြောင်းလဲလျှက်ရှိပြီး ဈေးကွက်အပေါ်ယုံကြည်မှု ကျဆင်းလာကြကြောင်း၊ ထို့ကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာဖြစ်ပေါ်ပြီးဈေးကျဆင်းလာခြင်း ဖြစ်ကြောင်း၊ ပဲဈေးနှုန်းနှင့် ပဲဈေးကွက်အခြေအနေများသည် နိုင်ငံရေးအခြေအနေများပေါ်တွင်လည်း မူတည်ကြောင်း သတင်းရင်းမြစ်တစ်ခုမှသိရသည်။

⏭ယနေ့အထိ ချနိုင်းဈေးကွက်တွင် မတ်ပဲ SQ ဈေးနှုန်း အတက်အကျမရှိ ဈေးအမြင့်တွင်တည်ငြိမ်နေပြီး ဇွန်လ (၁) ရက်နေ့မှစတင်ကာ မိုးရွာသွန်းမှုများလာသောကြောင့် အိန္ဒိယ၏ ပဲစိုက်ဧရိယာတိုးလာပြီး ယခင်ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာကြောင်းသိရသည်။

⏭ပြည်တွင်းပဲလက်ကျန်နည်းနေသော်လည်း ပြည်တွင်းဈေးနှုန်းနှင့် တင်သွင်းမှုများအပေါ် အိန္ဒိယအစိုးရက မူဝါများချမှတ်ကာ ထိန်းကြောင်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်းပဲဈေးကွက်သည်လည်း ရက်အနည်းငယ်မျှ စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း မတ်ပဲဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း တည်ငြိမ်မည်မဟုတ်ကြောင်း ဈေးအမြင့်သို့ဆက်လက်မျှော်လင့်နိုင်မည်မဟုတ်ကြောင်း သိရသည်။

⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

7-7-2022