menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အပြောင်းအလဲများနှင့် ပဲမျိုးစုံဈေးကွက် အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲတီစိမ်းတို့မှာ စျေးပြန်လာကောင်းမွန်လာပြီး ပြည်တွင်းသုံးဖြစ်သည့် ကုလားပဲအုပ်စုနှင့် မြေပဲလုံးဆံဈေးများမှာမူ ကျဆင်းလာကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။ မတ်ပဲနှင့် ပဲတီစိမ်းတို့မှာ စျေးကွက်ကျဆင်းနေရာမှ ဇွန်လ(၂) ရက်တွင် စျေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာမူ တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀ ခန့်ဖြင့် စျေးငြိမ်နေသည်။
✅တရုတ်လမ်းကြောင်းတင်ပို့နေသည့် မြေထောက်ပဲ ၊မြေပဲလုံးဆံတို့မှာ စျေးမြင့်တက်နေရာမှ အနည်းငယ်ကျဆင်းသွားပြီး၊ ပြည်တွင်းသုံးကုလားပဲများမှာလည်း တစ်အိတ် ကျပ် ၂,၀၀၀ ဝန်းကျင် စျေးဆင်းလာကြောင်းနှင့် ပဲမာလိုင်းများမှာ ယခင်သီတင်းပတ်ကဲ့သိုပင် အရောင်းအဝယ် ဆက်လက် အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။
✅"ပို့ကုန်ပဲတွေမှာ မတ်ပဲ ၊ ပဲတီစိမ်း စျေးတွေက အနည်းငယ် မြင့်တက်လာပါတယ်။ ပဲစင်းငုံစျေးကတော့ ငြိမ်နေဆဲပါ။ မတ်ပဲစျေး တစ်အိတ် ၁၄၃,၀၀၀ ပေါက်စျေးရှိတယ်။ ပဲတီစိမ်းကတော့ ရွှေဝါတွေ စျေးကျဆင်းနေရာကနေ ပြန်တက်လာတာ ထိပ်စ ၁၄၅,၀၀၀ - ၁၄၇,၀၀၀ ပေါက်စျေးနဲ့ အဝယ်ပြန်သွက်လာပါတယ်။ ငွေပေးချေမှုပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုလည်း ရှိပါတယ်။ တရုတ်ပို့ကုန်ပဲဖြစ်တဲ့ မြေထောက်ပဲကတော့ အရောင်းအဝယ်ငြိမ်နေတယ်။ မြေပဲလုံးဆံ ပေါက်စျေးကလည်း တစ်ပိဿာ ကျပ် ၂၀၀ လောက် စျေးကျဆင်းလာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုက စျေးမြင့်တက်နေတာရပ်သွားပြီး တစ်အိတ် ကျပ် ၂,၀၀၀ လောက် စျေးကျသွားပါတယ်။ ပဲမာလိုင်းတွေကတော့ ဆက်လက်စျေးအေးနေဆဲပါ" ဟု ၎င်းကပြောသည်။
🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘
မတ်ပဲနှင့် ပဲတီစိမ်းတို့သည် ဇွန်(၂) ရက်တွင် စျေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇,၀၀၀ ခန့်ဖြင့် စျေးတည်ငြိမ်နေသည်။ ဇွန်လ (၂)ရက်တွင် မတ်ပဲ တစ်အိတ် ကျပ် ၁၄၃,၀၀၀ ပေါက်ဈေးရှိပြီး၊ ပဲတီစိမ်းရွှေဝါမှာ စျေးကျဆင်းရာမှာ စျေးပြန်တက်လာပြီး လက်ရှိ တစ်အိတ် ကျပ် ၁၄၅,၀၀၀ - ၁၄၇,၀၀၀ ဖြင့် အရောင်းအဝယ် သွက်နေသည်။ ပို့ကုန်ပဲများ ရောင်း၀ယ်ရာတွင် ငွေပေးချေမှုပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၃,၀၀၀ - ၅,၀၀၀ ခန့်ကွာခြားမှုရှိကြောင်းလည်း သိရသည်။
🥜မြေပဲ🥜
တရုတ်နိုင်ငံသို့ မြေပဲလုံးဆံ တင်ပို့မှု လုံးဝရပ်ဆိုင်းသွားပြီးနောက် ပြည်တွင်း ဆီစက်ပိုင်များသာ အဝယ်ရှိတော့သဖြင့် အရောင်းအဝယ်အေးသွားပြီး အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀ ခန့်စျေးကျဆင်းသွားသည်။ ဇွန်လ (၂) ရက်တွင် S1 မြေပဲဆံ တစ်ပိဿာ ငွေကျပ် ၄,၀၀၀ ပေါက်ဈေးဖြစ်သွားသည်။
✅ပြည်တွင်းသုံး ပဲမာလိုင်းဖြစ်သည့် ကုလားပဲဗွီးတူးတစ်အိတ် ကျပ် ၁၄၃,၀၀၀ ဈေးရှိပြီး ကုလားပဲ အမျိုးအစားအလိုက် တစ်အိတ် ၃,၀၀၀ကျပ် ဝန်းကျင် ဈေးကျဆင်းလာပြီး၊ ပဲယင်းတစ်အိတ် ကျပ် ၁၄၂,၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၁၉၈,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၀,၀၀၀ ၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၂၀,၀၀၀ ၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၆၀,၀၀၀ ၊ ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၂၆၄,၀၀၀ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။
Sources : ရွှေမန်း