menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“သာစည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁,၈၀၀ စိုက်ပျိုးမည်”
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
✔️မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါဧက ၁,၈၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောကြားသည်။
✔️သာစည်မြို့နယ်တွင် ဆည်ရေသောက်ရေပေးဝေနိုင်သည့်အတွက် မိုးကြိုချည်မျှင်ရှည်ဝါဧက ၁,၈၀၀ ကို စိုက်ပျိုးဆောင်ရွက်နေကြောင်းနှင့် ယင်းစိုက်ဧကများကို ဖေဖော်ဝါရီလ(၂၀) ရက်မှစ၍ ရေပေးဝေကာ စိုက်ပျိုးခဲ့ပြီး ယနေ့အချိန်တွင် ဧက ၉၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကာ မတ်လကုန်တွင် လျာထားဧက ၁,၈၀၀ ကို ကျော်လွန်စိုက်ပျိုးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးငွေက ပြောကြားသည်။
✔️"ဝါသီးနှံက အညာဒေသမှာဆိုရင် တောင်သူတွေ လက်မလွတ်တဲ့ အဓိကသီးနှံဖြစ်ပါတယ်။ ဝါဈေးကွက်ကလည်း တည်ငြိမ်ပါတယ်။ ဈေးနှုန်းကလည်း တက်လာတဲ့အတွက်ကြောင့် တောင်သူတွေအနေနဲ့ တွက်ခြေကိုက်တဲ့ သီးနှံဖြစ်ပါတယ်။ စနစ်တကျစိုက်ပျိုးမယ်ဆိုရင် မိုးကြိုချည်မျှင်ရှည်ဝါက တစ်ဧကကို ၅၅၀ ပိဿာကျော်ထိ ထွက်ရှိပါတယ်။ မိုးနဲ့ မိုးနှောင်းမှာဆိုရင် တစ်ဧကကို ၃၄၀ ပိဿာ ကျော်ထိထွက်ပြီးတော့ အထွက်နှုန်းရည်မှန်းချက်ကတော့ ဝါစိုက် တောင်သူတိုင်းက ပိဿာ ၅၀၀ ထွက်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဝါဈေးအနေနဲ့ကတော့ အနိမ့်ဆုံးအနေနဲ့တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ အမြင့်ဆုံးဈေးအနေနဲ့ ၂,၂၀၀ ဈေးထိရှိပါတယ်။ လက်ရှိအချိန်မှာတော့ တစ်ပိဿာကို ၁,၇၀၀ ကျပ်ဈေးနဲ့ ဝယ်ယူနေပါတယ်။ ပြည်တွင်းဈေးကွက်ကို ရောင်းချတာပါ။ သာ စည်မြို့နယ်မှာတော့ ချည်မျှင်ရှည်ဝါကိုပဲ စိုက်ပျိုးပါတယ်။ ဝါစိုက်ပျိုးတဲ့နေရာမှာလည်း ကျွမ်းကျင်စွာ စိုက်ပျိုးနိုင်တဲ့ တောင်သူများလည်း ဖြစ်ကြပါတယ်" ဟု ၎င်းကပြောသည်။
✔️ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများကိုလည်း ဆောင်ရွက်နေ ကြောင်း၊ အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်မျိုးသန့်စိုက်ခင်းများမှ ထွက်ရှိလာမည့် မျိုးများ ကို စုဆောင်းပြီး လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုး၊ မိုးနှောင်းရာသီအတွက် ချည်မျှင်ရှည်ဝါ မျိုးစေ့လိုအပ်ချက် ကိုလည်း ဌာနမှနေ၍ မျိုးကောင်းမျိုးသန့်များကို ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်နေကြောင်း သိရပြီး၊ ရေရရှိနိုင်မှုအပေါ်မူတည်ကာ စိုက်ပျိုးနိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မိုးနှင့် မိုးနှောင်းရာသီတွင် ချည်မျှင်ရှည်ဝါဧက ၇,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
Sources : ရွှေမန်း (The Farmer Media)