menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“အသစ်ဝင်မြေပဲဆံ၊ နှမ်း နှင့် ပို့ကုန်ပဲမျိုးစုံဈေးကွက်”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
☑️ အသစ်ဝင်မြေပဲဆံများ နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ဈေးကျဆင်းနေပြီး ပို့ကုန်မတ်ပဲ ဈေးငြိမ်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်း မရှိသေးတာကြောင့် ပြည်တွင်းမြေပဲဆံနှင့် နှမ်းနက်မှာ ဈေးအနည်းငယ် ပြန်လည်ကျဆင်းနေခြင်း ဖြစ်သည်။
☑️ အသစ်ဝင်မြေပဲဆံများနှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ဈေးကျဆင်းနေကြောင်း၊ ပို့ကုန် မတ်ပဲပေါက်ဈေးမှာ စံချိန်တင်ပေါက်ဈေးကနေ တစ်အိတ် ငွေကျပ် ၁၀,၀၀၀ ခန့် ဈေးပြန်ကျသွားသော် လည်း ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေကြောင်း လက်ကျန်အရမ်းနည်းသွားသည့် ပဲကြီး၊ ပဲထောပတ်တို့မှာ ဈေးအနည်းငယ်မြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
☑️ “ပို့ကုန်မတ်ပဲ စံချိန်တင်ပေါက်ဈေးကနေ အနည်းငယ်ဈေးကျဆင်းသွားပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေလည်း ဈေးငြိမ်နေပါတယ်။ တရုတ်လိုင်း အဝယ်အေးနေလို့ နှမ်းမျိုးစုံနဲ့ အသစ်ဝင် မြေပဲဆံတွေကတော့ ဆက်လက်ဈေးကျဆင်းနေပါတယ်။ ယခင်သီတင်းပတ်အတိုင်း ဈေးနှုန်း အပြောင်းအလဲ သိပ်မရှိသလို အရောင်းအဝယ်လည်းအေးနေပါတယ်။ လက်ကျန်နည်းသွားတဲ့ ပဲကြီး၊ ပဲထောပတ်တွေကတော့ ဈေးမြင့်တက်လာပေမယ့် ပမာဏအရမ်းနည်းသွားပါပြီ” ဟု ၎င်းကပြောသည်။
☑️ နိုဝင်ဘာ(၁၁)ရက်တွင် သုံးတင်းဝင်မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက်ဈေးကနေ အနည်းငယ်ကျဆင်းသွားပြီဖြစ်သည်။ ပဲစင်းငုံမှာ ပစ္စည်းအသစ် မဝင်လာခင်အထိ အရောင်းအဝယ်ဈေးကွက်ပျောက်နေမည်ဖြစ်သည်၊၊ ပဲတီစိမ်းအညာ ၅၆. ၂၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀ ပေါက်ဈေးဖြင့်ဈေးကျဆင်းနေသည်။
☑️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး နိုဝင်ဘာ(၁၁)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၃,၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
☑️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၈,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၃၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၂,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ မြေပဲအနီလုံးဆံ (ဝိုင်း) တစ်ပိဿာလျှင် ငွေကျပ် ၆,၁၅၀ ပေါက်ဈေးရှိသည်။
☑️ နှမ်းမျိုးစုံဈေးကွက်မှာ တရုတ်နိုင်ငံသို့တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဈေးကျဆင်းလျက်ရှိရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ နှမ်းညို(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၃၅,၀၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။
☑️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)