menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အသစ်ဝင်နှမ်းများ နှင့် မြေပဲဆံလက်ကျန်များ ဈေးမြင့်တက်နေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ အသစ်ဝင်နှမ်းမျိုးစုံ ဈေးမြင့်တက်နေပြီး ပြည်တွင်းလက်ကျန်နည်းလာသည့် မြေပဲဆံမှာ ဈေး ပြန်မြင့်တက်၊ အရောင်းအဝယ်သွက်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ စံချိန်တင်ဈေးမြင့်တက်နေသည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ အတက်ဈေးရပ်တန့်သွားပြီး ပုံမှန်သာ အရောင်းအဝယ်ရှိနေသည်။ လက်ရှိ ပဲနှမ်းဈေးကွက်တွင် တရုတ်လိုင်းတင်ပို့ရန် အဝယ်ရှိနေတာကြောင့် အသစ်ဝင်နှမ်းမျိုးစုံနှင့် လက်ကျန်နည်းလာသည့်မြေပဲဆံမှာ ခပ်သွက်သွက်အရောင်းအဝယ်ဖြစ်နေသည်။
✔️ မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးပြန်ကျဆင်းသွားကြောင်း၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အရောင်း ထိန်းနေတာကြောင့် ဈေးရပ်တန့်နေကြောင်း၊ အသစ်ဝင်နှမ်းမျိုးစုံမှာ အထွက်နှုန်းနည်းပါးခြင်း၊ စိုက်ခင်း များပျက်စီးမှုရှိခြင်းတို့ကြောင့် နှမ်းပေါက်ဈေးမှာ ပြန်လည်မြင့်တက်လာရာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ မှ ၃၅၀,၀၀၀ အထိ အရည်အသွေးအလိုက် ဈေးကောင်းရရှိလာကြောင်း ပြည်တွင်း လက်ကျန်နည်းလာသည့် မြေပဲဆံမှာလည်း ဆီစက်ပိုင်များ ဝယ်ယူမှုနှင့် တရုတ်လိုင်း အဝယ်ကောင်းနေတာကြောင့် တစ်ပိဿာ ငွေကျပ် ၈,၅၀၀ မှ ၈,၇၀၀ အထိ ပေါက်ဈေးဖြစ်လာကြောင်း ကိုဇင်မင်းဦး(တက်နေလင်း)ပွဲရုံက ပြောသည်။
✔️ “မတ်ပဲနဲ့ ပဲစင်းငုံကတော့ ဈေးပြန်အေးသွားပါတယ်။ ကုလားပဲလှောင်လက်သမားတွေ အရောင်း ထွက်ပေမယ့် ရန်ကုန်အဝယ်သမားတွေ ဈေးသိပ်မလိုက်နိုင်လို့ အရောင်းအဝယ်ခပ်အေးအေးသာ ရှိပါတယ်။ ကုလားပဲက လက်ကျန်နည်းလာတော့ တဖြည်းဖြည်းသာထုတ်ရောင်းနေတာပါ။ လက်ရှိမှာ နှမ်းမျိုးစုံအသစ်ဝင်နေတော့ တရုတ်အဝယ်သမားတွေက ပစ္စည်းဝင်သလောက်အဝယ်ကောင်းနေ တာပါ။ မြေပဲဆံကလည်း နယ်စပ်က တင်ပို့မှုမရှိပေမယ့် ပင်လယ်ရေလမ်းကြောင်းကတင်ပို့နေလို့ ဈေးပြန်လည်မြင့်တက်လာပါတယ်” ဟု ၎င်းကပြောသည်။
✔️ ဇွန်(၁၅)ရက်တွင် မတ်ပဲ ၆၀ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေးသာရှိ ကြောင်း၊ ပြည်တွင်းသုံးပဲမာလိုင်းများဖြစ်သည့် ပဲကြီး၊ ပဲထောပတ်၊ မြေထောက်ပဲ၊ ကျွန်းစားတော်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများအရသိရသည်။
✔️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇွန်(၁၅)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၃၄,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၈,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၄,၀၀၀ ပေါက်ဈေးဖြစ်လာပြီး ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၈၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၈,၅၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
✔️ အသစ်ဝင် နှမ်းမျိုးစုံဈေးကွက်မှာ ဈေးမြင့်တက် အဝယ်လိုက်လာရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၇၃,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ နှမ်းဝါ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း