menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
အသစ်ဝင်ပဲများ အမြင့်ဈေးဖြင့် အဝယ်ကောင်းနေ.....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅ယခုနှစ်ပဲသစ်ရာသီမှာ အသစ်ဝင်ပဲများဈေးကွက်အတွင်း အဝင်ရှိသလောက် အမြင့်ဈေးဖြင့် အဝယ်ကောင်းနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ဇန်နဝါရီလကုန်ပိုင်းရက်များတွင်း အသစ်ဝင်ပဲများ ဈေးကွက်အတွင်း အဝင်ရှိသလောက် အဝယ်ကောင်းနေသလို တောင်သူများအနေ ဖြင့်လည်း ဈေးကောင်းစောင့်ရောင်းချသည့် အခြေအနေမရှိဘဲ စိုက်ခင်းထဲမှ ထွက်ထွက်ချင်း ဈေးကွက်သို့ တင်ပို့ရောင်းချနေရာ ပဲသစ်လှောင်လက်များနှင့် ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေ ခြင်းဖြစ်ကြောင်း သိရသည်။
✅လက်ရှိ မန္တလေးပဲ၊ နှမ်းဈေးကွက်တွင် ဈေးကွက်တစ်ခုလုံး အဝယ်ကောင်းနေကြောင်း အသစ်ဝင်ပဲများ ဖြစ်သော်လည်း လက်ရှိနိုင်ငံခြားငွေပေါက်ဈေးအတက် ပို၍မျှော်မှန်းပြီး ပို့ကုန်ပဲများ ဈေးကျဆင်းမှု မရှိဘဲ အဝယ်ကောင်းနေကြောင်း၊ အလားတူ ပြည်တွင်းသုံးကုလားပဲ နှင့် ပဲမာလိုင်း၊ နှမ်း၊ မြေပဲဆံ များလည်း တရုတ်ပို့ကုန်လိုင်း ဖွင့်နေတာနှင့်အတူ ဆက်လက်ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း၊ ပဲသစ်ပေါ်ချိန် ရာသီချိန်မှာ ဖေဖော်ဝါရီလကုန်ထိသာ ကြာမြင့်နိုင်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း) ပွဲရုံပိုင်ရှင် က ပြောသည်။
✅“ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကောင်းနေတယ်လို့ပြောရမယ်။ သီးနှံဈေးအားလုံး ဈေးကျဆင်းတာ မရှိသလောက်ဖြစ်နေတယ်။ မြေထောက်ပဲတစ်အိတ် ငွေကျပ် ၂၅၀,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပို့ကုန်မတ်ပဲတစ်အိတ် ငွေကျပ် ၁၆၆,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၇၂,၅၀၀၊ ပဲတီစိမ်းရွှေဝါအဝင် များလာသလို တစ်အိတ် ငွေကျပ် ၁၈၅,၀၀၀ - ၁၉၀,၀၀၀ ထိ ဈေးကောင်းရနေပါတယ်။ လက်ရှိမှာ ပဲလှောင်လက်အဝယ်တွေ အဝယ်ကောင်းလာတော့ ပို့ကုန်သမားတွေ လိုက်ပါဝယ်ယူနေတာဖြစ်လို့ ပို့ကုန်ပဲအသစ်အဝင်ရှိသလောက် အဝယ်ကောင်းနေတာမျိုးပါ။ ပြည်တွင်းသုံး ကုလားပဲလည်း အသစ်ပေါ်လာလို့ ဈေးကျဆင်းနေရာကနေ V2 အသစ် တစ်အိတ် ငွေ ကျပ် ၁၈၆,၀၀၀ ထိ ပေါက်ဈေးရှိ လာပါတယ်။ လက်ရှိမှာက ပဲအသစ်တွေကို ဒေါ်လာငွေဈေး အပြောင်းအလဲမရှိသော်လည်း ပဲအထွက်နည်းလို့ ဝင်သလောက်အမြန်ဝယ်နေတဲ့သဘော ဖြစ်နေပါတယ်။ တောင်သူတွေကလည်း ပဲအသစ်တွေကို လှောင်ချိန်မထားဘဲ ချက်ချင်းရောင်းချတာမို့ ဖေဖော်ဝါရီလကုန်လောက်ဆိုရင် ပစ္စည်းပြတ်နိုင်တဲ့ အခြေအနေဖြစ်နေတာလည်းပါတယ်။ တရုတ်လိုင်းကို မြေပဲလုံးဆံ ထွက်နေတော့ မြေပဲဆီဆံပါ လိုက်ဈေးမြင့်တက်လာပါတယ်။ နှမ်းနက်တစ်အိတ် ငွေကျပ် ၃၀၀,၀၀၀ ကျော် ဈေး ထိရောက်နေပါတယ်။ ဇန်နဝါရီလကုန်ထိ အသစ်ဝင်ပဲများ ဈေးကောင်းနေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ပြည်တွင်းပဲသစ်ပေါ်ချိန်ကာလ တိုတောင်းမှုရှိလာနိုင်ကြောင်း ပဲကုန်သည်များ၏သုံးသပ်ချက်နှင့်အတူ ပြည်တွင်းဒေါ်လာငွေဈေး အပြောင်းအလဲကို မျှော်လင့်ပြီး အသစ်ဝင်ပို့ကုန်ပဲများ ဈေးအမြင့်ဖြစ်လာရာ ဇန်နဝါရီ(၂၅)ရက်တွင် မတ်ပဲသုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၆၇,၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၇၂,၅၀၀၊ ပဲတီစိမ်း ရွှေဝါတစ်အိတ် ငွေကျပ် ၁၈၅,၀၀၀ - ၁၉၀,၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၈,၀၀၀ ပေါက်ဈေးရှိသည်။ အသစ်ဝင်ပို့ကုန်ပဲများမှာ ယခင် အပတ်ထက် တစ်အိတ် ငွေကျပ် ၅,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
🥜နှမ်း နှင့် မြေပဲ🥜
တရုတ်နယ်စပ်ဂိတ်ဖွင့်လှစ်လိုက်သည့်နောက်ပိုင်း ကုန်စည်တင်ပို့မှု အဆင်ပြေလာတာနှင့်အတူ တရုတ်ယွမ်ငွေဈေးကောင်းနေကြောင်းလည်း နှမ်းဈေးကွက် ဆက်လက်မြင့်တက်နေရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ်အိတ် ငွေကျပ် ၃၀၅,၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၇,၀၀၀၊ ဆီဆံတစ်ပိဿာ ငွေကျပ် ၆,၀၀၀ ပေါက်ဈေးထိ ဆက်လက်မြင့်တက်နေသည်။
✅အသစ်ဝင်ပို့ကုန်ပဲများဈေးမြင့်လာတာနှင့်အတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ အသစ်ဝင်ပဲများ မန္တလေးဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေရာ ဇန်နဝါရီ (၂၅) ရက်တွင် ကုလားပဲ V2 (သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၈၆,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၁,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ လက်ရှိ ပဲနှမ်းဈေးကွက်ပေါက်ဈေးများမှာ ဇန်နဝါရီလကုန်ထိ ဆက်လက် အရောင်းအဝယ်ကောင်းနေမည် ဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း