menu

အထွက်နှုန်းမှာ “ချန်ပီယံ” ဖြစ်ဖို့ “ ဇီလီယန်” ကို သုံးကြစို့

🚩အထွက်နှုန်းမှာ “ချန်ပီယံ” ဖြစ်ဖို့ “ ဇီလီယန်” ကို သုံးကြစို့ . . . 🚩  



ဇီလီယန် အထွက်တိုးဓာတ်မြေဩဇာ

(နိုက်ထရိုဂျင်-၁၆% ၊ ဖော့စ်ဖရပ်-၁၆% ၊ ပိုတက်ဆီယမ်-၁၆% )  

တောင်သူဦးကြီးတို့ရဲ့ သီးနှံအထွက်နှုန်းကိုအာမခံချက်အပြည့်အဝပေးနိုင်တာ .....“ဇီလီယန်”မြေဩဇာ ပါ။

ဇီလီယန် မြေဩဇာသည် နိုက်ထရိုဂျင် ၁၆% ၊ ဖော့စ်ဖရပ် ၁၆% ၊ ပိုတက်ဆီယမ် ၁၆ %အချိုးအစား ပါဝင်သည့် အရည်အသွေးမြင့် အထွက်တိုး မြေဩဇာ ဖြစ်ပါသည်။ဖော်ပြပါအာဟာရဓာတ်အချိုး တိကျစွာပါဝင်မှုအာမခံဖြင့် ထုတ်လုပ်ထားပါသည်။ 

ဇီလီယန်ဓာတ်မြေဩဇာတွင် သီးနှံပင်များအတွက် အဓိကလိုအပ်သော အများလိုအာဟာရဓာတ်များ အချိုးအစားညီမျှစွာဖြင့် ပြည့်ဝစွာ ပါဝင်ပါသည်။ 

မြေဩဇာအစေ့တစ်စေ့ အတွင်း၌ အာဟာရဓါတ်(၃)မျိုး အချိုးကျပါဝင်သဖြင့် ကြဲပက်အသုံးပြုရာတွင်စိုက်ခင်းအတွင်း အာဟာရဓာတ်များ ညီမျှစွာပျံ့နှံ့ရောက်ရှိစေပါသည်။

မြေအမျိုးအစား မရွေး၊ ရာသီဥတုမရွေး အသုံးပြုနိုင်ပြီး အသင့်အတင့်သော မြေဆီလွှာအစိုဓာတ်မှာပင် ပျော်ဝင်လွယ်သောကြောင့် အာဟာရဓာတ်များကို သီးနှံပင်မှ လွယ်ကူလျှင်မြန်စွာ စုပ်ယူစားသုံးနိုင်ပါသည်။

ပါဝင်သောအာဟာရ ဓာတ်များကသီးနှံပင်၏ ဇီဝကမ္မဖြစ်စဉ် လည်ပတ်မှုကို ပြည့်စုံကောင်းမွန်စေသည့် အတွက် သီးနှံပင်များသန်စွမ်း၍ ရောဂါ ပိုးမွှားများကျရောက်မှုကို ဟန့်တားပေးပြီး သီးနှံအထွက်နှုန်းကို အမြင့်မားဆုံးရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါသည်။

စပါးအပါအဝင် နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ဥယျာဉ်ခြံသီးနှံများ အတွက်အသုံးပြုနိုင်ပါသည်။

အားသာချက်မှာ ရေရှည်တွင် မြေဆီလွှာပျက်စီးခြင်းကိုမဖြစ်ပေါ်အောင် ထိန်းသိမ်းထားနိုင်ပါသည်။

အသားတင်အလေးချိန် (၅၀) ကီလိုဂရမ်