menu

"အယ်လ်နီညို" အခြေအနေသတင်း .....

⛈⛈⛈⛈⛈⛈⛈⛈⛈⛈

(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်)

➡️ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ သုံးသပ်ချက်များအရ ယခုကာလတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေပါသည်။ ၎င်းဌာနများ၏ ထုတ်ပြန်ချက်များ ကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

➡️ "အယ်လ်နီညို" ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ "အယ်လ်နီညို"ဖြစ်စဉ်များကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများမူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီ နှင့် နွေရာသီကာလများတွင် နေ့အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

➡️ သို့ဖြစ်ရာ ရာသီဥတုကိုအခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေကြပါသော တောင်သူဦးကြီးတို့အတွက် မိုးလေဝသအခြေအနေသတင်းများကို ဂရုပြုနိုင်ပါရန် နှင့် "အယ်လ်နီညို" ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် သတင်းအခြေအနေများအား အချိန်နှင့်တစ်ပြေးညီတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန