menu

ဧရာ ဆန်၊ စပါးဈေးကွက် အခြေအနေ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✅ဧရာဝတီတိုင်းဒေသကြီးအတွင်းမိုးစပါး ရေကျနောက်စိုက်စပါးများနှင့်ဆန်ဈေးနှုန်းများမြို့နယ် အလိုက်ကွာခြားလျက်ရှိပြီး ဒေသပေါက်ဈေးများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

✅ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး ၅၂ပေါင် ဈေးနှုန်း ၁,၄၀၀,၀၀၀ ဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ဈေးနှုန်း (၄၅,၀၀၀ - ၄၆,၀၀၀)ရှိသည်။ ရွှေသွယ်စပါးဈေးနှုန်း၄၆ပေါင် ၉၀၀,၀၀၀ ကျပ် ဖြစ်ပြီး ဆန်တစ်အိတ် ဈေးနှုန်း ၃၂,၅၀၀ ဖြစ်သည်။ 

✅ရေကြည်မြို့နယ်တွင် ပခန်းစပါး ပေါင်၅၀ဈေးနှုန်း ၉၀၀,၀၀၀ ဆန်တစ်အိတ် ဈေးနှုန်း (၃၃,၀၀၀ - ၃၅,၀၀၀) ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း ၈၅၀,၀၀၀ ဆန်တစ်အိတ်ဈေးနှုန်း (၂၈,၀၀၀ - ၂၉,၀၀၀) ရှိပြီး ရန်ကုန်သို့ ပုံမှန်တင်ပို့လျှက်ရှိနေသည်၊၊

✅မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင် ၁,၅၀၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး ဆန်တစ်အိတ် ဈေးနှုန်း(၄၂,၀၀၀ - ၄၄,၀၀၀) ဖြစ်သည်။ မနောသုခ၊ ဆင်းသုခစပါးပေါင်၅၀ဈေးနှုန်း ၈၀၀,၀၀၀ ဆန် တစ်အိတ် ဈေးနှုန်း (၂၇,၀၀၀ -၂၇,၅၀၀)၊ ဧည့်မထစပါး ပေါင်၅၀ဈေးနှုန်း ၈၀၀,၀၀၀ ကျပ် ရှိသည်။ 

✅ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း၄၆ပေါင် ၇၀၀,၀၀၀ကျပ် ပေါင်၅၀လျှင် ၇၄၀,၀၀၀ကျပ်နှင့် ဆင်းသုခ ဆန်တစ်အိတ် ဈေးနှုန်း ၂၇,၀၀၀ ရှိနေပြီး ရန်ကုန်သို့တင်ပို့မှုရှိသည်။

✅လေးမျက်နှာမြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀လျှင် ၇၀၀,၀၀၀ကျပ် ဆင်းသုခ ဆန်တစ်အိတ် ဈေးနှုန်း ၂၇,၀၀၀ကျပ် ဖြစ်သည်။

✅မအူပင်ခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင် ၁,၂၀၀,၀၀၀ကျပ် ဝန်းကျင်ဖြစ်ပြီး ဆန်တစ်အိတ် ဈေးနှုန်း(၄၁,၀၀၀ - ၄၂,၀၀၀)ဖြစ်သည်။ မနောသုခပေါင်၅၀စပါးဈေးနှုန်း ၈၀၀,၀၀၀ကျပ် ဆန်တစ်အိတ် ဈေးနှုန်း (၂၆,၅၀၀ - ၂၇,၅၀၀)ကျပ် ရေကျနောက်စိုက်ရက်၉၀ ပေါင်၅၀စပါးဈေးနှုန်း ၈၀၀,၀၀၀ ကျပ်၊ သီးထပ်ရင် ပေါင်၅၀စပါး ဈေးနှုန်း ၇၄၀,၀၀၀ ကျပ် ဖြစ်ပြီး ရန်ကုန်သို့တင်ပို့ရောင်းချလျှက်ရှိသည်။ 

✅ဈေးကွက်အခြေအနေမှာစက်ပိုင်နှင့်တောင်သူကြီးများမှဝယ်ယူသိုလှောင်မှုများရှိနေခြင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကြောင့်သယ်ယူစရိတ်နှုန်းထားမြင့်တက်လာပြီးစပါးဈေးမြင့်တက်မှုရှိနေသည်။ ဆန်ရောင်းဝယ်မှုမှာလည်း ပုံမှန်ရှိနေသည်။ 

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

11-3-2022