menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာမတ်ပဲ ဈေးကွက်အခြေအနေ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
⏩ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများဟာ ယခင်လအတွင်းက တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်ရှိခဲ့ပေမယ့် နိုဝင်ဘာလကုန်ပိုင်းကနေစပြီး တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ အောက်ကို သိသိသာသာကျဆင်းလာတာတွေ့ရပါတယ်။
⏩ယခင်နှစ်ကာလတူဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ယခင်နှစ်က ဒီလိုအချိန်မှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၃၃,၀၀၀ ဝန်းကျင် ရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာဈေးပိုရနေတယ်ထင်ရပေမယ့် ဒါဟာ ယခင်နှစ်ကာလထက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတာကြောင့်လည်း ဖြစ်ပါတယ်။
⏩ဧရာဝတီတိုင်းဒေသကြီးရဲ့ တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းများကတော့ နိုဝင်ဘာလ(၃၀) ရက်နေ့ထိ တစ်တင်းလျှင် ကျပ် ၅၆,၁၀၀ ဖြစ်ပြီး၊ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျပ် ၅၅,၅၀၀၊ (၂) ရက်နေ့မှာ ကျပ် ၅၆,၃၀၀၊ (၃) ရက်နေ့မှာ ကျပ် ၅၆,၃၀၀၊ (၅) ရက်နေ့မှာ ကျပ် ၅၆,၂၀၀ ၊ (၆) ရက်နေ့မှာ ကျပ် ၅၅,၈၀၀ အသီးသီးဖြစ်ခဲ့ပါတယ်။
⏩မတ်ပဲ CNF ဈေးနှုန်းအပြောင်းအလဲမရှိကျဆင်းနေခြင်းကြောင့် မတ်ပဲဈေးနှုန်းများအကျဘက်တွင် ဆက်ရှိနေကြောင်း Agri World Mumbai ကတင်ပြထားပါတယ်။ မြန်မာဘက်က မတ်ပဲရောင်းလက်တွေ ကတော့ လက်ထဲမှာမတ်ပဲဟောင်းလက်ကျန် တန်ချိန် ၁ သောင်းခွဲဝန်းကျင်ရှိနေတာမို့လို့ ရောင်းလိုအား အားသာနေပြီး ယခုနှစ်မတ်ပဲစိုက်ရာသီမှာ ယခင်နှစ်ကထက် စိုက်ဧကတိုးလာနိုင်တယ်လို့ မျှော်လင့်ထား ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဆောင်းရာသီရောက်ရှိနေပြီဖြစ်ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။
⏩မတ်ပဲအရောင်းအဝယ်က အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပဲခွဲစက်တွေရဲ့ လိုအပ်ချက်ပေါ်မူတည်နေပါတယ်။ လက်ရှိမှာလဲ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်းစိုက်ပျိုးတဲ့ ဆောင်းသီးနှံ (၆၀ မှ ၇၀)% ဟာလည်း ဈေးကွက်ထဲဝင်လာနေပြီဖြစ်ပါတယ်။ မတ်ပဲဈေးနှုန်းကတော့ မြန်မာမတ်ပဲဈေးကွက်ရဲ့ CNF ပေါက်ဈေး၊ အိန္ဒိယရူပီးငွေတန်ဖိုး၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသများရဲ့ ရာသီဥတု အခြေအနေ တွေ အပေါ်မှာဆက်လက်မူတည်နေဦးမှာပါ။ အိန္ဒိယရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ ပြည်တွင်းစိုက်မတ်ပဲ 2.94 တန် ဝယ်ယူထားပြီးပြီ လို့အတည်ပြုပါတယ်။ အရည်အသွေးကောင်းမတ်ပဲကို MSP နှုန်းထက်ဈေးပေးဝယ်ယူပါတယ်။ NAFED ကတော့ မဟာရပ်ရှ်ထရာ ပြည်နယ်မှာ MSP နှုန်းအတိုင်း တကွမ်တယ်ကို Rs 6600 နဲ့ မတ်ပဲ (၉)တန်ဝယ်ယူထားကြောင်း Agri World Mumbai ကဖော်ပြထားပါတယ်။
⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
6-12-2022