menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာမတ်ပဲ စျေးကွက်အခြေအနေ
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✔ဧရာဝတီတိုင်းဒေသကြီး မတ်ပဲစျေးနှုန်းသည် ယခင်သီတင်းပတ်ကာလအထိ တစ်တင်းလျှင် ကျပ် ၄၆,၀၀၀ ဝန်းကျင်တွင်ရပ်တည်နေခဲ့ပြီး ယခုသီတင်းပတ်တွင်မူ ကျပ် ၄၅,၀၀၀ အောက်ကျဆင်းသွား သည်။ ယခင်မတ်ပဲလက်ကျန်ဟောင်းနည်းပါးနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင်စိုက်ပျိုးသည့် မတ်ပဲအသစ်များနှင့် မြစ်ဝကျွန်းပေါ်ဒေသထွက် ကန်သင်းပဲများ စျေးကွက်အတွင်းဝင်ရောက်လာနေပြီ ဖြစ်သည်။
✔တစ်ပတ်အတွင်း မတ်ပဲစျေးနှုန်းများမှာ ဒီဇင်ဘာလ (၂-၃) ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၄၆,၂၀၀၊ (၄) ရက်နေ့တွင် ကျပ် ၄၅,၇၀၀၊ (၅) ရက်နေ့တွင် ကျပ် ၄၅,၅၀၀၊ (၆) ရက်နေ့တွင် ကျပ် ၄၅,၈၀၀ ဖြစ်ပြီး (၈) ရက်နေ့တွင် ကျပ် ၄၄,၄၀၀ သို့ကျဆင်းသွားကာ ဒီဇင်ဘာ (၉) ရက်နေ့တွင် ကျပ် ၄၅,၉၀၀ သို့ပြန်လည်ရောက်ရှိလာသည်။
✔မတ်ပဲအသစ်များစျေးကွက်အတွင်းစတင်ဝင်ရောက်လာနေပြီဖြစ်ပြီး ဇန်နဝါရီလတွင် မတ်ပဲအသစ်များ ထွက်ရှိလာမည်ဖြစ်သဖြင့် မတ်ပဲစျေးနှုန်းသည် အကျဘက်သို့ ဦးတည်နေမည်ဖြစ်သည်။ (၉) ရက်နေ့ စျေးနှုန်းများ ရုတ်တရက်ပြန်တက်လာရခြင်းမှာ မြန်မာငွေစျေးအပြောင်းအလဲကြောင့်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ဒီဇင်ဘာလ (၈) ရက်နေ့ညနေအထိ မြန်မာငွေကြေးစျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁,၈၈၀ ဖြစ်ပြီး ၊ (၉)ရက်နေ့မနက်တွင် ကျပ် ၁,၉၀၀ ထိတက်လာကာ၊ မိနစ်ပိုင်းအတွင်း ၁,၉၁၀ သို့ရောက်ရှိလာသည်။ အခေါက်ရွှေစျေးနှုန်းသည် မိနစ်ပိုင်းအတွင်း ကျပ်သောင်းဂဏန်ကျော် တက်လာကြောင်း တွေ့ရသည်။
✔မတ်ပဲစျေးနှုန်းသည်လည်း မြန်မာငွေကြေးစျေးနှုန်းအလိုက်သာလိုက်ပါမြင့်တက်လာပြီး မူရင်းတန်ဖိုးအရ မြင့်တက်လာခြင်းမဟုတ်ကြောင်းတွေ့ရှိရပါသည်။ အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းမတ်ပဲ FAQ/SQ စျေးနှုန်းများမှာလည်း ယခုသီတင်းပတ်အတွင်း တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀-၂၀၀ ဝန်းကျင်ပြန်လည် ကျဆင်းသွားသည်။ လက်ရှိမတ်ပဲဟောင်း FAQ ၏ FOB စျေးနှုန်းသည် $765-785 နှင့် မတ်ပဲအသစ် FAQသည် $ 780-800 ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမတ်ပဲသင်္ဘောတင်မရှိသေးကြောင်း သိရှိရပါသည်။
✔မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
9-12-2021