menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဈေးအမြင့်ဆုံးဖြစ်နေရာမှ အနည်းငယ်ကျဆင်းလာသည့် ပဲဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
☑️ယခင်သီတင်းပတ်က ပို့ကုန်ပဲများအပါအဝင် အသစ်ဝင်ပဲမျိုးစုံမှာ အမြင့်ဆုံးဈေးဖြင့် ဈေးကွက်ကောင်း ရှိနေခဲ့ပြီး ယခုသီတင်းပတ်တွင်မူ ဈေးအနည်းငယ်ပြန်လည်ကျဆင်းသွားသည်။ အသစ်ဝင်ပဲဈေးကွက် တွင် ပို့ကုန်သမားနှင့် လှောင်လက်များ အပြိုင်အဆိုင်ဝယ်ယူမှုကြောင့် ပဲဈေးကွက်မြင့်တက်နေရာမှ ပဲတစ်အိတ် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကြား ဈေးပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။ ဈေးအကောင်းဆုံးဖြစ်ခဲ့သည့် ပဲတီစိမ်းမှာ တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ ကျော်ထိ ကျဆင်းသွားပြီး၊ နှမ်းမျိုးစုံ နှင့် မြေပဲဆံဈေးကွက်မှာမူ ပုံမှန်အခြေအနေဖြင့် အရောင်းအဝယ်ရှိနေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
☑️"ပဲမျိုးစုံအကုန် ဈေးပြန်အေးသွားပါတယ်။ ပဲတီစိမ်းဈေးလည်း ကျဆင်းသွားတယ်။ ပြည်တွင်းသုံး ကုလားပဲတွေလည်း ဈေးတက်နေရာကနေ ပြန်လည်ကျဆင်းနေပါတယ်။ လှောင်လက်သမားတွေ ကတော့ ပစ္စည်းဝင်သလောက် အဝယ်ရှိနေပါတယ်။ ပဲစင်းငုံလည်း ဈေးပြန်ကျနေပေမယ့် အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ အသစ်ဝင်ပဲတွေထဲမှာ မြေထောက်ပဲကတော့ ဈေးအမြင့်ဆုံးနဲ့ တစ်အိတ်ကျပ် ၂၆၅,၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ နှမ်း၊ မြေပဲ ဈေးကွက်ကတော့ ပုံမှန်သာအရောင်းအဝယ်ရှိနေပါတယ်" ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ပြည်တွင်းဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၂,၀၉၄ ပေါက်ဈေးဖြင့်သာငြိမ်နေရာမှ ပြည်တွင်း ပဲဈေးကွက်အနည်းငယ် ကျဆင်းလာရာ ဖေဖော်ဝါရီ (၉) ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၇၅,၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၈၅,၀၀၀၊ ပဲတီစိမ်း(ရွှေဝါ) တစ်အိတ် ကျပ် ၂၂၈,၀၀၀၊ ပဲတီစိမ်း(အညာ)ထိပ်စ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၆၀,၀၀၀ ပေါက်ဈေးရှိသည်။
🥜နှမ်း နှင့် မြေပဲ🥜
ပို့ကုန်ပဲများ ဈေးကျဆင်းသွားသော်လည်း နှမ်း၊ မြေပဲဆံ ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေ သည်။ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်ကျပ် ၃၀၀,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်(စမုံ)မှာ တစ်အိတ်ကျပ် ၂၉၀,၀၀၀ ဈေး ရှိနေသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ကျပ် ၇,၂၀၀၊ ဆီဆံတစ်ပိဿာ ကျပ် ၆,၁၀၀ ပေါက်ဈေးဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။
☑️ပို့ကုန်ပဲများ ဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အနည်းငယ်ဈေးကျဆင်း သွားရာ ဖေဖော်ဝါရီ (၉) ရက်တွင် ကုလားပဲ V2 တစ်အိတ်ကျပ် ၁၉၀,၀၀၀၊ ပဲယင်းကြီး(သစ်)တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ် ကျပ် ၂၅၀,၀၀၀၊ ပဲလွန်းဖြူတစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ် ကျပ် ၂၅၀,၀၀၀၊ ပဲဇီးကွက်တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၂၆၇,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၉၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။
☑️ပဲမျိုးစုံသီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း