menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာဆန်၊ စပါး ဈေးကွက် အခြေအနေ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ဧရာဝတီတိုင်းဒေသကြီးအတွင်းမိုးစပါး၊ ရေကျနောက်စိုက်စပါးများနှင့်ဆန်ဈေးနှုန်းများမြို့နယ် အလိုက်ကွာခြားလျက်ရှိပြီး ဒေသပေါက်ဈေးများမှာအောက်ပါအတိုင်းဖြစ်သည်။
▶️ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး ၅၂ပေါင်ဈေးနှုန်း ၁,၁၀၀,၀၀၀ ဝန်းကျင်ရှိပြီး ဆန်၁အိတ်ဈေးနှုန်း ၄၀,၀၀၀ ရှိသည်။ ရွှေသွယ်စပါးဈေးနှုန်း ၄၆ပေါင် ၈၀၀,၀၀၀ ဖြစ်ပြီး ဆန်၁အိတ်ဈေးနှုန်း ၃၁,၀၀၀ ဖြစ်သည်။
▶️ကျောင်းကုန်းမြို့နယ်တွင် မနောသုခစပါးပေါင်၅၀ ဈေးနှုန်း ၇၂၀,၀၀၀ ဆန် ၁အိတ် ဈေးနှုန်း ၂၆,၀၀၀ ရှိပြီး ရေကျနောက်စိုက်ဆင်းသုခစပါး ပေါင်၅၀ ဈေးနှုန်း ၇၅၀,၀၀၀ ဖြင့် ရန်ကုန်သို့ တင်ပို့လျှက်ရှိသည်။
▶️မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း ၅၂ပေါင် ၁,၅၀၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး ဆန်၁အိတ် ဈေးနှုန်း (၃၇,၀၀၀ - ၃၈,၀၀၀) ဖြစ်သည်။ မနောသုခ၊ ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း (၇၃၀,၀၀၀ - ၇၄၀,၀၀၀) ဆန် ၁အိတ် ဈေးနှုန်း (၂၅,၀၀၀ -၂၆,၀၀၀) နှံကားစပါး ပေါင်၅၀ဈေးနှုန်း (၇၀၀,၀၀၀ - ၇၁၀,၀၀၀) ဆန် ၁အိတ် ဈေးနှုန်း ၂၄,၅၀၀ ဖြစ်ပြီး အညာဒေသနှင့်ရန်ကုန်သို့တင်ပို့မှုအနည်းငယ် ရှိနေသည်။
▶️ဟင်္သာတမြို့နယ်တွင် မနောသုခစပါးဈေးနှုန်း၄၆ပေါင် ၆၅၀,၀၀၀၊ ပေါင်၅၀ လျှင် ၇၂၀,၀၀၀ နှင့် ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၄,၅၀၀ ရှိနေပြီး ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။
▶️လေးမျက်နှာမြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်း ပေါင်၅၀လျှင် ၆၈၀,၀၀၀၊ ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၇,၀၀၀ ပခန်းရွှေဝါ စပါးဈေးနှုန်း ပေါင်၅၀ (၇၅၀,၀၀၀ - ၇၆၀,၀၀၀)၊ ပခန်းရွှေဝါ ဆန်၁အိတ် ဈေးနှုန်း (၂၈,၀၀၀ - ၂၉,၀၀၀) ဖြစ်သည်။
▶️မအူပင်ခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင် ၁,၀၁၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၃၉,၀၀၀ - ၄၀,၀၀၀)ဖြစ်သည်။ နှံကားပေါင်၅၀စပါး ဈေးနှုန်း ၇၁၀,၀၀၀ ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း ၂၄,၅၀၀ ဖြင့်ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။
▶️ကျိုက်လတ်မြို့နယ်တွင် ပေါ်ဆန်းစပါး ၅၂ပေါင်ဈေးနှုန်း ၁,၁၀၀,၀၀၀ ဖြစ်ပြီး၊ ပေါ်ဆန်းဆန် ၁အိတ် ဈေးနှုန်း ၃၉,၀၀၀ ၊ ဆင်းသုခစပါးဈေးနှုန်း ၅၀ပေါင် ၇၅၀,၀၀၀ ၊ ဆန်ဈေးနှုန်း ၂၆,၀၀၀ ရှိနေသည်။
▶️ဈေးကွက်အခြေအနေမှာ မိုးစပါးအဝင် နည်းပါလာသဖြင့် စက်ပိုင်၊ ကုန်သည် နှင့် တောင်သူကြီးများမှ သိုလှောင်မှုများကြောင့် စပါးဈေးအနည်းငယ်မြင့်တက်မှုရှိနေပြီး၊ ယခုနှစ် ရောင်းဝယ်ယူမှုများသည် လက်ငင်းငွေချေစနစ်များ ဖြင့် ရောင်းဝယ်မှုများရှိနေသဖြင့် ရောင်းဝယ်မှုမှာ ယခင်နှစ်ထက် အရောင်းအဝယ် အေးလျက်ရှိနေသည်။
▶️စပါးသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
25-2-2022