menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဆောင်းပဲသီးနှံများဝင်ရောက်မှုများလာသည့် ပဲဈေးကွက်အခြေအနေ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
❇️လက်ရှိပဲမျိုးစုံစျေးကွက်အတွင်း နယ်စုံမှဆောင်းပဲသီးနှံများဝင်ရောက်မှုများလာခြင်းကြောင့် ပဲစျေးများ ကျဆင်းနေကြောင်း ကုန်သည်များထံမှသိရသည်။ ထို့အပြင် ဒေါ်လာစျေးအေးနေပြီး ပြည်ပ ဝယ်လိုအားမှာလည်း မရှိသလောက်ဖြစ်နေသောကြောင့် စျေးနှုန်းကျဆင်းခြင်းလည်းဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ လက်ရှိတွင် ပြည်ပမှဝယ်လိုအားမရှိသော်လည်း သိုလှောင်ရန် ဝယ်ယူထားသည့်ကုန်သည်များရှိနေသာကြောင့် စျေးကွက်အနည်းငယ်ရှိနေကြောင်းသိရသည်။
❇️“အောင်လံမှာရော မန္တလေးမှာပါ ဆောင်းသီးနှံတွေလဲထွက်နေတော့ မတ်ပဲက ပဲလက်ကျန်လည်း များတယ်။ ပဲစင်းငုံက ပေါလာလို့ဈေးကျတယ်။ ပြည်ပဝယ်လိုအားကလုံးဝမရှိဘူး အဓိက သိုလှောင်ထားချင်တဲ့လူတွေ အရောင်းအဝယ်ဖြစ်နေကြတာပေါ့။ ပြည်တွင်းမှာပဲ အရောင်းအဝယ် လုပ်နေကြပါတယ်” ဟု အောင်လံကုန်စည်ဒိုင်မှ ဥက္ကဌ ဦးအောင်မိုး ကပြောသည်။
❇️မတ်ပဲတစ်တန်ကို ယခင် ၂၁သိန်း ၀န်းကျင်ထိရှိခဲ့ရာမှ လက်ရှိ ၁,၇၃၂,၀၀၀ သာ ရှိပြီး ပဲစင်းငုံစျေးနှုန်းမှာတစ်တန်ကို ကျပ်၁၇သိန်းခွဲအောက်ထိ ကျဆင်းနေကြောင်းသိရသည်။ ထိုစျေးနှုန်းမှာ နေရာဒေသပေါ် မူတည်ပြီးစျေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းလည်းသိရသည်။ သို့သော် ပြီးခဲ့သည့်နှစ်ဖြင့်ယှဉ်ပါက ယခုပေါက်စျေးမှာ အတက်စျေးတွင်ရှိနေသေးကြောင်း ကုန်သည်များထံမှသိရသည်။
❇️ပြည်ပမှာလည်း ပဲအထွက်များနေပြီး ပြည်တွင်း၌လည်း ပဲသီးနှံအထွက်များနေသည့်အတွက် စျေးကွက် အေးနေကြခြင်းဖြစ်ကြောင်းသိရသည်။ ပြည်ပတင်ပို့သည့်ပဲများမှာ ဈေးကျဆင်းနေသော်လည်း ပြည်တွင်စားသုံးသည့် ပဲကြီး၊ ကုလားပဲ၊ စားတော်ပဲများမှာလည်း ပုံမှန်စားသုံးမှုရှိသည့်အတွက် စျေးများမြင့်တက်နေကြောင်းကုန်သည်များထံမှသိရသည်။
❇️“ပြည်တွင်းပဲတွေကတော့အတက်စျေးမှာပဲ မပြောင်းလဲဘူး။ မဆိုးဘူး။ သူကပြည်တွင်းစားသုံးမှုက ပုံမှန်ဖြစ်နေတော့ပိဿာနဲ့ စျေးနှုန်းတွေက ၆သောင်းကနေ ၇သောင်းခွဲရှိကြတယ်” ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမှ ပဲအမျိုးမျိုးရောင်းချသူ ကိုကျော်သူက ပြောသည်။ မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့် ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းစျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါအပေါ်မှာ သက်ရောက် ခြင်းလည်းရှိကြောင်း သိရသည်။ ပဲစျေးကတော့ လတ်တလောဆက်ပြီးကျနေဦးမှာဖြစ်ပြီး နောက်ပိုင်းမှသာ ပြန်လည်စျေးမာနိုင်မည်ဖြစ်ကြောင်း ကုန်သည်များကသုံးသပ်ကြသည်။
❇️သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)