menu

"ဈေးအတက်အကျအတိုင်း အရောင်းအဝယ်သွက်နေသည့် ပဲ၊ နှမ်း ဈေးကွက်"


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✅ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတက်အကျအတိုင်းအရောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံကသိရသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးကျဆင်းရာမှ ပြန်လည်မြင့်လာသလို အဝယ်ကောင်းနေခြင်းဖြစ်သည်။

✅ "ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတိုင်း အရောင်းအဝယ်သွက်နေကြောင်း ပို့ကုန်ပဲများ ဈေးမြင့်တက်လာသလို ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးပြန်မြင့်တက်လာကြောင်း ပဲမာလိုင်းများလည်း အသစ်ဝင်ရောက်နေသလို အဝယ်လည်းကောင်းနေကြောင်း" ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။

✅ "ကုလားပဲအုပ်စုကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ အရင်ရက်တွေက ဈေးကျဆင်းနေတာကနေ ပြန်တက်လာတာပါ။ ပဲစင်းငုံတွေကတော့ တစ်အိတ် ငွေကျပ် ၃၉၅,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ မြေပဲလုံးဆံတွေလည်း ဈေးပြန်ကောင်းလာပါတယ်။ ပို့ကုန်ပဲတွေ ဈေးကောင်းနေသလို ပဲမာလိုင်းတွေလည်း အရောင်းအဝယ်ကောင်းနေပါတယ်။ ပဲဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတိုင်းအရောင်းအဝယ် ခပ်သွက်သွက်ရှိနေပါတယ်။ ပဲစင်းငုံနီကတော့ လှောင်လက်ကြီးသမား အချို့ထံတွင်သာ လက်ကျန်ရှိတော့တယ်" ဟု ၎င်းက ပြောသည်။

✅ ဧပြီ(၂၅)ရက်တွင် ပို့ကုန်ပဲများဈေးကျဆင်းနေရာမှ ဆက်လက်မြင့်တက်လာရာ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၉၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၅၅,၀၀၀ ပေါက်ဈေးဖြစ်နေသည်။ 

✅ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေရာ ဧပြီ(၂၅)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ်၂၄၅,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၃,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

✅ အသစ်ဝင်ပဲမာလိုင်းများ ဈေးကောင်းအဝယ်သွက်နေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၃,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၇,၂၀၀ - ၇၄၀၀ အထိ ပေါက်ဈေးရှိနေသည်။

✅ ဧပြီ(၂၅)ရက်တွင် နှမ်းမျိုးစုံအနည်းငယ်ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၉၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)