menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာဝတီ ဆန်၊ စပါးဈေး တည်ငြိမ်နေ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸 ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးများ ရိတ်သိမ်းမှုပြီးစီးပြီဖြစ်ပြီး၊ အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာသည်။ ဈေးနှုန်းများမှာလည်း မြို့နယ်အလိုက် ကွာခြားမှုရှိနေပါသည်။
🔸 မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁,၀၅၀,၀၀၀) ဝန်းကျင်ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၃၆,၀၀၀ - ၃၈,၀၀၀)ဖြစ်သည်။ မနောသုခ၊ဆင်းသုခ စပါးပေါင်၅၀ဈေးနှုန်း(၇၂၀,၀၀၀)၊ ဆန် ၁အိတ် ဈေးနှုန်း (၂၄,၀၀၀ -၂၅,၀၀၀)ဖြစ်ပြီး အရောင်းအဝယ်အေးလျက် ရှိသည်။ ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း ၄၆ပေါင် (၆၅၀,၀၀၀)၊ ပေါင်၅၀ (၇၂၀,၀၀၀)နှင့် ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း ၂၄,၅၀၀ ရှိနေပြီး ဇလွန်မြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀ (၇၀၀,၀၀၀)၊ ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၅,၀၀၀ ) ဖြစ်သည်။
🔸 မအူပင်ခရိုင်တွင်မနောသုခပေါင်၅၀စပါးဈေးနှုန်း(၇၂၀,၀၀၀ - ၇၃၀,၀၀၀) ဖြစ်ပြီး၊ ဆင်းသုခ ၁အိတ် ဈေးနှုန်း (၂၅,၀၀၀ - ၂၆,၀၀၀) ဖြစ်သည်။ ပေါ်ဆန်းစပါး ၅၂ပေါင်ဈေးနှုန်း (၉၈၀,၀၀၀ - ၁,၀၀၀,၀၀၀)၊ ပေါ်ဆန်းဆန် ၁အိတ်ဈေးနှုန်း (၃၈,၀၀၀ - ၃၉,၀၀၀) ဖြစ်ပြီး ရန်ကုန်သို့တင်ပို့ရောင်းချလျက်ရှိသည်။ နှံကားပေါင်၅၀စပါး ဈေးနှုန်း(၆၇၀,၀၀၀) ဖြစ်ပြီး ဆင်းသုခ ၁အိတ် ဈေးနှုန်း (၂၂,၈၀၀) ဖြစ်သည်။ ဖျာပုံခရိုင် မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်းမြိတ်မြို့ရှိကုန်သည်များမှ ကမ်းရိုတန်းသင်္ဘောများ ဖြင့် လာရောက်ဝယ်ယူမှု ပုံမှန်ရှိနေသည်။
🔸 ကျိုက်လတ်မြို့နယ်တွင် ပေါ်ဆန်းစပါး ၅၂ပေါင်ဈေးနှုန်း (၁,၀၇၀,၀၀၀) ဖြစ်ပြီး ပေါ်ဆန်းဆန် ၁အိတ် ဈေးနှုန်း (၃၈,၀၀၀) ရက်၉၀စပါးဈေးနှုန်း ၅၀ပေါင် (၇၁၀,၀၀၀)၊ သီးထပ်ရင်စပါးဈေးနှုန်း ၅၀ပေါင် (၇၈၀,၀၀၀)၊ သီးထပ်ရင်ဆန် ဈေးနှုန်း(၂၂,၅၀၀) အသီးသီးဖြစ်ပြီး ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်း မိုးစပါးအဝင်နည်းပါလာသဖြင့် ယခင်စပါး ဈေးများထက် အနည်းငယ် ဈေးတက်လာခဲ့ပြီး ဆန်ဈေးမှာတည်ငြိမ်လျက်ရှိနေပါသည်။
🔸 စပါးသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
11-2-2022