menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာဝတီမတ်ပဲအသစ် နှင့် စျေးကွက်အခြေအနေ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
✅ ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များမှ မတ်ပဲအသစ်များစျေးကွက်အတွင်း အဆက်မပြတ်ဝင်ရောက်လျှက်ရှိပြီး ယခင်ကာလတူနှစ်များထက်အဖွင့်စျေးကောင်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ မတ်ပဲအသစ်အဝင်နည်းပါးနေသေးသော်လည်း ပြည်ပတင်မှုအလားအလာအခြေအနေကောင်းများကြောင့် အရောင်းအဝယ်သွက်နေကြောင်းသိရသည်။
✅ တစ်ပတ်အတွင်းမတ်ပဲစျေးနှုန်းများမှာ ဇန်နဝါရီလ (၃/၄/၅/၆) ရက်နေ့များတွင် တစ်တင်းလျှင် ကျပ် ၄၂,၀၀၀၊ (၇) ရက်နေ့တွင် ကျပ် ၄၃,၀၀၀၊ (၈/၉) ရက်နေ့တွင် ကျပ် ၄၄,၀၀၀၊(၁၀) ရက်နေ့တွင် ကျပ် ၄၅,၀၀၀ ထိပေါက်စျေးရှိနေပြီး မတ်ပဲအဟောင်းမှာလည်း အသစ်စျေးထက် ကျပ် ၅၀၀-၁,၀၀၀ ခန့်စျေးကွာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။
✅ ဇန်နဝါရီလ ၉ ရက်နေ့သတင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ပြည်တွင်းပဲစျေးနှုန်းသည်လည်း တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀ ခန့်စျေးတက်လာသည်။ မတ်ပဲနှင့်ပဲစဥ်းငုံကို ကန့်သတ်ကုန်စည်အဖြစ်မှ ကင်းလွတ်ခွင့်ပြုပြီး ဘဏ္ဍာနှစ် ၅နှစ်တာကာလအတွင်း တစ်နှစ်လျှင် မတ်ပဲတန်ချိန် ၁.၅ သိန်းနှင့် ပဲစဥ်းငုံတန်ချိန် တသိန်း နှစ်စဥ်တင်သွင်းခွင့် G to G သဘောတူလက်မှတ်ရေးထိုးပြီးနောက် မြန်မာမတ်ပဲ ဝယ်လိုအားကောင်းလျှက်ရှိကာ မတ်ပဲအသစ်မှာလည်း စျေးကောင်းရရှိလျှက်ရှိသည်။
✅ အိန္ဒိယနိုင်ငံသည် မတ်ပဲစားသုံးမှုမြင့်မားသည့်အပြင် မတ်ပဲခွဲခြမ်းအနေဖြင့်ပြန်လည်ပြုပြင်ကာ ပြည်ပသို့ပြန်လည်တင်ပို့လျှက်ရှိရာ အိန္ဒိယ၏နှစ်စဥ်မတ်ပဲစားသုံးမှုမှာ တန်ချိန် ၂၇-၂၈ သိန်းခန့်ရှိသည်။ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁. ၂ သိန်းနှင့် ယခုနှစ်မတ်ပဲခန့်မှန်းထွက်ရှိတန်ချိန် ၆. ၇၅ သိန်း၊ နှစ်ခုပေါင်း တန်ချိန် ၈ သိန်းအနက် တန်ချိန် ၇. ၅ သိန်းခန့် ပြည်ပတင်ပို့ရန်ရှိကြောင်း Agri World Mumbai ကခန့်မှန်းထားသည်။
✅ယခုနှစ်မြန်မာမတ်ပဲအတွက် စျေးကွက်အခြေအနေကောင်းများရှိနေပြီး အဖွင့်စျေးတွင်းလည်း ကာလတူယခင်နှစ်များထက်စျေးပိုရရှိနေသည်ဆိုသော်လည်း ယခင်နှစ်နှင့် ယခုနှစ် ကာလတူ မြန်မာငွေကြေးစျေးနှုန်းကွာခြားချက်ကိုလည်း ထည့်သွင်းစဥ်းစားရန်လိုအပ်ပြီး အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းပဲစျေးကွက်ထိန်းချုပ်ရန် အစိုးရ၏လုပ်ဆောင်ချက်များ၊ အချိန်နှင့်တပြေးညီထုတ်ပြန်လျှက် ရှိသော မူဝါဒအပြောင်းအလဲများကို ဂရုစိုက်စောင့်ကြည့်၍ ရောင်းဝယ်ရန်လိုအပ်ကြောင်း သုံးသပ်ရပါသည်။
✅ မတ်ပဲသီးနှံ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
10-1-2022