menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ဧရာဝတီတိုင်းအတွင်း စပါးဈေးကွက် အခြေအနေ”
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ် များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးနေပါသည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာနေသည်။
▶️ ဈေးနှုန်းများမှာမြို့နယ်အလိုက်ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင်ကျုံပျော်မြို့နယ်တွင်ပေါင်၅၀ (၇၂၀,၀၀၀/-) ရှိပြီး၊ မြောင်းမြခရိုင်အတွင်းရှိမြောင်းမြမြို့နယ်တွင်ပေါင်၅၀(၇၅၀,၀၀၀/-၇၆၀,၀၀၀/) ဖြစ်သည်။ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့တင်ပို့လျက်ရှိပြီး၊ ဆန်လိုအပ်ချက်အရ အညာဒေသသို့ လည်းရေလမ်းခရီးဖြင့်တင်ပို့လျက်ရှိသည်။
▶️ ဟင်္သာတမြို့နယ်တွင် ပေါင်၅၀ (၆၃၀,၀၀၀/-၆၅၀,၀၀၀/)နှင့် ဇလွန်မြို့နယ်များတွင်ပေါင်၅၀ (၇၀၀,၀၀၀/-) ကျော်ရှိနေပါသည်။ မြို့နယ်အတွင်းဝယ်ယူမှုရှိပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံ နှင့် ပဲခူးတိုင်းသို့တင်ပို့လျှက်ရှိနေသည်။ ဇလွန်မြို့နယ်တွင်စင်္ကာပူကုန်သည်မှတဆင့် ဆင်းသုခဆန်တန်ချိန်၁သောင်း ထပ်မံဝယ်ယူလျှက် အာဖရိကနိုင်ငံသို့ တင်ပို့ရန်စီစဉ်လျှက်ရှိသည်။
▶️ မအူပင်မြို့နယ်တွင်နှံကားပေါင်၅၀စပါးဈေးနှုန်း(၇သိန်း)ဝန်းကျင်နှင့်မနောသုခပေါင်၅၀ စပါး ဈေးနှုန်း(၇၂၀,၀၀၀ /- ၇၃၀,၀၀၀/-)ရှိနေပြီး၊ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ရောင်းချလျှက် ရှိသည်။
▶️ ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါး ပေါင်၅၀ဈေးနှုန်း (၇၁၀,၀၀၀/- ၇၂၀,၀၀၀/-) နှင့် ဆင်းသုခစပါး ပေါင်၅၀ ဈေးနှုန်း (၆၈၀,၀၀၀/- ၆၉၀,၀၀၀/-)ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက် ဝယ်ယူလျှက်ရှိသည်။
▶️ ဈေးကွက်အခြေအနေမှာ ကုန်သည်များမှ မိုးစပါးလက်ကျန်နည်းပါလာမှုကြောင့် ဝယ်ယူစုဆောင်းမှုများရှိလာခြင်းများကြောင့် ကောက်စောစပါး ဈေးနှုန်းမြင့်တက်နေပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
16-12-2021