menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာဝတီတိုင်းအတွင်း စပါးများထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
⏭ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် စပါးများရိတ်သိမ်းနေပြီး အချို့ မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာနေသည်။ ဈေးနှုန်းများမှာမြို့နယ်အလိုက်ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင်ပုသိမ်မြို့နယ်တွင်ပေါ်ဆန်း၅၂ပေါင် (၁,၂၀၀,၀၀၀/) ဝန်းကျင်ရှိပြီး စက်ပိုင်ကုန်သည်များမှ ဝယ်ယူသိုလှောင်လျှက်ရှိသည်။ ကျောင်းကုန်းမြို့နယ်တွင်ပေါင်၁၀၀(၇၅၀,၀၀၀/) ဝန်းကျင်ဖြစ်ပြီး ရေကြည်၊ အသုတ်မြို့များရှိကုန်သည်များမှဝယ်ယူလျက်ရှိသည်။
⏭ ကန်ကြီးထောင့်မြို့နယ်၏ဈေးနှုန်းအခြေအနေမှာ ပေါင်၅၀(အစို)(၆၄၀,၀၀၀/- ၆၅၀,၀၀၀/-) နှင့်ပေါင်၅၀(အခြောက်)(၆၄၀,၀၀၀/- ၆၅၀,၀၀၀/-)ဖြစ်ပြီး ရန်ကုန်နှင့် အညာဒေသသို့ အနည်းငယ်အရောင်းအဝယ်ရှိသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ် ဈေးနှုန်းပေါင်၅၀ (၆၈၀,၀၀၀/- ၆၉၀,၀၀၀/-)ဖြစ်ပြီးအရောင်းအဝယ်အေးလျက်ရှိပါသည်။
⏭ မအူပင်မြို့နယ်တွင်နှံကားပေါင်၅၀စပါးဈေးနှုန်း(၇သိန်း)ဝန်းကျင်နှင့်မနောသုခပေါင်၅၀စပါးဈေးနှုန်း (၇၂၀,၀၀၀/- ၇၃၀,၀၀၀/-)ရှိဖြစ်ပြီး စက်ပိုင်ကုန်သည်များမှဝယ်ယူသိုလှောင်မှုများရှိနေပါသည်။ ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင် (၁,၁၀၀,၀၀၀/-၁,၀၀၀,၀၀၀/-) ဖြစ်ပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ရောင်းချလျက်ရှိသည်။
⏭ ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါးပေါင်၅၀ဈေးနှုန်း (၇၃၀,၀၀၀/- ၇၄၀,၀၀၀/-) ရှိပြီး ဖျာပုံခရိုင်မှထွက်ရှိသောဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက်ဝယ်ယူလျှက်ရှိသည်။ ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်းအရောင်းအဝယ်နည်းပါးလျက်ရှိနေပါသည်။
⏭ စပါးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
30-12-2021