menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ဧရာဝတီတိုင်းတွင် ကုန်စိမ်းအဝင်နည်းပြီး သီးနှံဈေးနှုန်းများမြင့်တက်နေ"
🥦🍅🫑🌶️🥒🍄🥬🥕🫒🧄🍏
⏩ဧရာဝတီတိုင်း၊ ပုသိမ်ကုန်စိမ်းဈေးကွက်မှာ ယခု ဇန်နဝါရီလအတွင်း သီးနှံတွေအဝင်ကုန်နည်းပြီး ကုန်ရှားပါးကာသီးနှံဈေးနှုန်းတွေ ပြန်တက်လာတယ်လို့ ပုသိမ်ကုန်စိမ်းဈေးတန်းက ကုန်စိမ်းလက်ကား အရောင်းဒိုင်တွေဆီကနေ သိရပါတယ်။
⏩ဧရာဝတီတိုင်းမှာ တောင်သူတွေစိုက်ပျိုးထားတဲ့သီးနှံတွေ သီးနှံအထွက်နှုန်းနည်းတာ၊ ပိုးကိုက်တာ၊ သွင်းအားစုဈေးမြင့်တက်နေတာကြောင့် လုံလုံလောက်လောက်မသုံးစွဲနိုင်တာအပြင် စက်သုံးဆီဈေးတက်တာကြောင့် ဧကပြည့် ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့တာစတဲ့အခြေအနေတွေကြောင့်သီးနှံတွေအထွက်နည်းကာတွက်ချေမကိုက်ဖြစ်နေသလို စားသုံးသူတွေဘက်မှာလဲဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုခံစားနေရတာလို့ဆိုပါတယ်။
⏩"ဒီမှာ ကုန်စိမ်းတွေကဒိုင်တွေမှာလည်း တချို့ဟာတွေပစ္စည်းပြတ်နေတယ်၊ အခြားနေရာတွေကနေ ယူရောင်းနေရတာ၊ အဲ့လိုယူရောင်းရတော့ အလုပ်သမားစရိတ်တွေ၊ ကားခတွေရှိတော့ ဈေးကလုံးဝလျော့ရောင်းလို့ကိုမရဘူး၊ အရင်နှစ်တွေက ဒေသထွက်သီးနှံတွေအရမ်းထွက်ခဲ့တာ၊ အခုနှစ်တော့ ထွက်တယ်ဆိုတာလောက်ပဲရှိတာ၊ ဒါ့ကြောင့်ဈေးကထိုးတက်နေတာ၊ ဈေးတက်ပေမယ့် အမြတ်ကလည်း အဲ့လောက်မကျန်ပါဘူး" လို့ ပုသိမ်ဈေးက လက်လီကုန်စိမ်းရောင်းချသူတစ်ဦးကပြောပါတယ်။
⏩လက်ရှိမှာ ခရမ်းချဉ်သီး၊ မုန်လာ၊ နံနံပင်၊ ပိန်းဥ၊ ကစွန်းဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ပန်းဂေါ်ဖီ ၊ ဆလပ်ရွက် စတဲ့သီးနှံတွေ အမျိုးအစားအလိုက် တစ်ပိဿာကို အရင်ကထက်ငွေကျပ် ၁,၈၀၀ မှ ၄,၀၀၀ အထိ ဈေးတက်နေတာလို့သိရပါတယ်။
⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : Myanmaplatform