menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဧရာဝတီတိုင်းတွင် စပါးတင်း(၁၀၀)ကို ၁၃သိန်းဝန်းကျင်အထိ စျေးရနေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးစတင်ထွက်ရှိချိန် စပါးတင်း (၁၀၀) ကို ကျပ် ၁၃ သိန်းဝန်းကျင်အထိ စျေးကောင်းရရှိနေတယ်လို့ ဒေသခံစပါးစိုက်ပျိုးသူတွေဆီက သိရပါတယ်။
▶️ပြီးခဲ့တဲ့နှစ် မိုးစပါးစတင်ထွက်ရှိချိန်က တင်း (၁၀၀) ကို ငွေကျပ် ၆၅၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ သာစျေးရခဲ့ပေမယ့် အခုနှစ်မှာ ဧည့်မထစပါး အခြောက် တင်း (၁၀၀) ကို ငွေကျပ် ၁၁ သိန်း မှ ၁၃ သိန်း ၀န်းကျင်နဲ့ စပါးအစိုတင်း (၁၀၀) ကို ငွေကျပ် ၉၅၀,၀၀၀ အထိ စျေးရနေတယ်လို့ သိရပါတယ်။
▶️လက်ရှိထွက်ရှိနေတဲ့ စပါးမျိုးဟာ ဇွန်လမှာစိုက်ပျိုးတဲ့ ရက်(၉၀)စပါးဖြစ်ပြီး အထွက်နှုန်းပုံမှန်ရှိကာ သွင်းအားစုစရိတ်တက်လာတဲ့အတွက် မနှစ်ကထက် စပါးစျေးပိုကောင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
▶️ဧရာဝတီတိုင်းဒေသကြီး ဆန်စျေးကွက်မှာ စပါးဟောင်းစျေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် စပါးသစ်တွေပါ စျေးကောင်းရနေတာဖြစ်ပြီး လာမယ့်လတွေမှာ မိုးစပါးလှိုင်လှိုင်ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
▶️သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးထွက်ရှိမှုအနေနဲ့ ကျိုက်လတ် နှင့် မအူပင်မြို့နယ် တွေမှာ အနည်းငယ်ထွက်ရှိပြီး နိုဝင်ဘာလနှောင်းပိုင်းနဲ့ ဒီဇင်ဘာလတို့တွင် ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြ နှင့် ပုသိမ်မြို့နယ်တွေက ပေါ်ဆန်းစပါးတွေ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
▶️စပါးသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : MyanmarPlatform