menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဖရဲကားများအဝင်နည်းကာ ဝယ်လိုအားမြင့်တက်နေ
🍉🍉🍉🍉🍉🍉🍉🍉🍉🍉
➡️ လက်ရှိ တရုတ်ဘက်သို့ မြန်မာ့ဖရဲကားများ အဝင်နည်းကာ ဝယ်လိုအားမြင့်နေကြောင်း ဖရဲတင်ပို့ ရောင်းချနေသည့် ကုန်သည်များထံမှ သိရသည်။ တရုတ်ဘက်အခွန်ရုံးမှာ အခွန်စနစ် Level Two သို့ အဆင့်ထပ်မြှင့် ပြောင်းနေခြင်းကြောင့် မြန်မာ့ဖရဲ၊ သခွား ပို့ကုန်ကားများ အဝင်နှေးစေခဲ့ပြီး ယခင်ရှန်တိန်စနစ်ပယ်ဖျက်ကာ လက်ရှိ မြန်မာတရုတ် နယ်စပ်သွားလာခွင့် စာအုပ်အနီကိုင်ဆောင် ထားသူသာ တိုက်ရိုက်မောင်းခွင့်ပေးလိုက်သောကြောင့် တရုတ်ဘက်သို့ ကားအဝင်နည်းသွားကြောင်း သိရသည်။
➡️ ထို့ကြောင့် လတ်တလော မူဆယ်သစ်သီးဝလံဈေးကွက်မှာ ဖရဲ၊ သခွားဈေးတွေကတော့ ဝယ်လိုအား များပြီး ရောင်းလိုအားနည်းနေတာကြောင့် ဈေးကောင်းရနေကြောင်းလည်း ကုန်သည်တချို့ထံမှ သိရသည်။
➡️ “လက်ရှိက လော့ဒေါင်းတွေအပါအဝင် ကန့်သတ်ချက်တွေ အကုန်နီးပါး ဖြေလျော့လိုက်တော့ အခုနောက်ပိုင်း ဝယ်လက်တွေတော့ လာကြတယ်” ဟု မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ရီရီခိုင်က ပြောသည်။ တရုတ်ဘက်မှ ပို့ကုန်၊ သွင်းကုန်စနစ်များ မကြာခဏ အပြောင်းအလဲ လုပ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကြန့်ကြာစေပြီး ကုန်တင်ယာဉ်မောင်းများနှင့် လုပ်ငန်းရှင် တောင်သူများပါ အဆင်မပြေဖြစ်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များကပြောသည်။
➡️ “တရုတ်ဘက်ကအခွန်ရုံးက စနစ်တွေပြောင်းတော့ ဖရဲကားတွေ အစီးရေတွေအများကြီး သောင်တင်ခဲ့သေးတယ်။ အခု တရုတ်ဘက်ကို ယာဉ်မောင်းတိုက်ရိုက်မောင်းခွင့်ပေးလိုက်ပေမဲ့ စာအုပ်အနီကိုင်ဆောင်ထားတဲ့သူပဲ မောင်းခွင့်ပေးတာ။ စနစ်တွေအမျိုးမျိုးပြောင်းနေတော့တာကြောင့် ကုန်သွယ်မူကြန့်ကြာတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သည်နဲ့ ကားသမား ဒုက္ခရောက်တာပေါ့” ဟု ဖရဲတင်ပို့နေသည့်ကုန်သည်တစ်ဦးက ပြောသည်။
➡️ ပြီးခဲ့သည့်နှစ်များက ယခုအချိန်တွင် တရုတ်ဘက်သို့ တစ်နေ့လျှင် ဖရဲကားအစီးရေ ၃၀၀ခန့်အထိ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် ဖရဲ၊ သခွါးကားအစီးပျမ်းမျှ ၁၀၀ ပတ်ဝန်းကျင်သာရှိကြောင်းသိရသည်။ တခြားနိုင်ငံများမှလည်း တရုတ်နိုင်ငံဘက်သို့ သစ်သီးအဝင်များရှိနေသောကြောင့် အရည်အသွေး၊ ဈေးကွက်တွေ ယှဉ်ပြိုင်မှုများရှိကာ မြန်မာဘက်မှ ဈေးကွက်ထိန်းနိုင်ရန် အရည်အသွေးကောင်း အသီးများသာတင်ပို့သင့်ကြောင်း သိရသည်။ ယခုနှစ် ဖရဲစျေးကွက်မသေချာခဲ့သည့်အတွက် ယခင် တစ်ရာရာခိုင်နှုန်း အပြည့်စိုက်သည့်သူများမှာ ၅၀ရာခိုင်နှုန်းခန့်တောင် မရှိတော့သည့်အတွက် စိုက်ပျိုးနှုန်းရောအထွက်နှုန်းပါ လျော့ကျကြောင်း သိရသည်။
➡️ တချို့ကုန်သည်များမှာ သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်နေသည့်အတွက် ပြည်တွင်းစျေးကွက်ကိုသာ အားထား ရောင်းချနေကြောင်းသိရသည်။ လက်ရှိ ဖရဲသီးထိုင်၀မ်က တစ်တန်ကို ၅,၀၀၀ မှ ၅,၃၀၀ ယွမ်ရှိနေပြီး ရွှေသခွားကတော့ တစ်တန်ကို ယွမ် ၇,၀၀၀ မှ ၇,၂၀၀ ကြား နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ အနိမ့်ဆုံး တစ်တန်ကို ယွမ် ၂,၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)