menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဈေးမြင့်တက်လာသည့် ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
⏩ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံလိုအပ်ချက် ပုံမှန်ရှိနေခြင်းအပြင် လက်ရှိ ပြည်တွင်း ငွေလဲနှုန်းမြင့်တက်လာနေသဖြင့် ပို့ကုန်ပဲများအပါအဝင် အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံမှာလည်း စျေးကွက်မြင့်တက်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။
⏩ ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံမှာ ဒီဇင်ဘာလဆန်းပေါက်စျေးထက် တစ်အိတ်ကျပ် ၂၀,၀၀၀ ခန့်ထူးခြားစွာမြင့်တက်လာသကဲ့သို့ မတ်ပဲစျေးမှာလည်း တစ်တင်းကျပ် ၄၀,၀၀၀ နှင့် အထက်ရှိလာရာမှ ယခုသီတင်းပတ်တွင် တစ်အိတ်ကျပ် ၅၀,၀၀၀ နီးပါးအထိပေါက်စျေးရှိလာကာ ဇန်နဝါရီလ ဒုတိယသီတင်းပတ်တွင် အဆိုပါပို့ကုန်ပဲများအပြင် အသစ်ဝင်ပဲမျိုးစုံစျေးမှာလည်း မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
⏩ “ပို့ကုန်ပဲတွေထဲ မှာစျေးအကောင်းဆုံး ပဲစင်းငုံကတော့ တစ်အိတ် ကျပ် ၁၂၇,၀၀၀ -၁၂၈,၀၀၀ လောက် ပေါက်စျေးမြင့်တက်လာပါတယ်။မတ်ပဲကလည်း တစ်အိတ် ကျပ် ၁၃၄,၀၀၀-၁၄၅,၀၀၀ ဖြစ်လာပါတယ်။ အိန္ဒိယ ကုန်သွယ်မှုလမ်းကြောင်းကလည်းက ကောင်းနေတာနဲ့ လိုအပ်ချက်ရှိနေတယ်။ ဒေါ်လာငွေ စျေး ကောင်းလာနိုင်ခြေရှိတော့ ပို့ကုန်ပဲတွေအပြင် ပြင်တွင်းအသစ်ဝင်ပဲတွေပါ စျေးကောင်းလာတယ်။အဓိကတော့ ပြည်တွင်းဒေါ်လာ ငွေလဲနှုန်း မြင့်လာတာက ပြည်တွင်းပဲမျိုးစုံစျေးကွက် ပေါက် စျေးတွေ ကောင်းလာတာပါ။ မြေပဲဆံရော၊ လုံးဆံရော ပြည်တွင်းဆီစက်ပိုင်များ အဝယ်ကောင်းနေလို့ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၀၀ လောက် စျေးတက်လာတယ်။ ပဲဆီပေါက်စျေးလည်း အရောင်းသွက်လာတော့ အနည်းငယ်စျေးတက်လာနိုင် တယ်။ မြေထောက်ပဲ ၊ပဲထောပတ်တွေလည်း တစ်အိတ် ကျပ် ၁၄၀,၀၀၀ စျေးနဲ့ ဝင်သလောက်အဝယ် ရှိနေတယ်။ မနှစ်က ကာလတူနဲ့ဆိုရင် ပဲမျိုးစုံစျေးကွက်က အမြင့်စျေးဖြစ်နေပါတယ် ”ဟု ၎င်းက ပြောသည်။
🌿ပဲစင်းငုံ၊ မတ်ပဲ🌿
ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ပဲတင်ခွင့်သက်တမ်းတိုးမြင့်ခြင်းနှင့် ဒေါ်လာစျေးမြင့်တက်လာသဖြင့် ပဲစင်းငုံနှင့်မတ်ပဲတို့မှာ ယခုသီတင်းပတ်တွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၀,၀၀၀ ကျော် စျေးမြင့်တက်လာသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်ကျပ် ၁၃၃,၀၀၀- ၁၃၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲစင်းငုံမှာ ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀ ပေါက်ဈေးရှိနေပြီး အသစ်ဝင်ပဲ စျေးကွက်မှာ အရောင်းအဝယ် အကောင်းဆုံး ပဲများဖြစ်လာပြီး စျေးကွက်အတွင်း ဝင်သလောက် ဝယ်ယူမှုကောင်းနေကြောင်း သိရသည်။
🌱နှမ်းနက် ၊ မြေပဲ ၊မြေထောက်ပဲ🌱
ပြည်တွင်းဒေါ်လာစျေး မြင့်တက်လာခြင်းနှင့် အတူ စျေးကွက်အတွင်း ထိပ်စအရည်အသွေးများ ဝင်ရောက်မှုနည်းလာခြင်းကြောင့် ဇန်နဝါရီလ ၁၂ ရက်တွင် နှမ်းနက်ထိပ်စ သုံးတင်းဝင် တစ်အိတ်ကျပ် ၂၀၅,၀၀၀-၂၁၀,၀၀၀ ပေါက်ရှိပြီး နှမ်းနက်အလတ်စ ကျပ် ၁၇၅,၀၀၀ မှ ၁၈၅,၀၀၀ ကြား အရည်အသွေးအလိုက် ဝယ်လိုအားပြန်လည်ကောင်းမွန်လာသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၄၈,၀၀၀-၁၅၃,၀၀၀၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၈,၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက်လာသည်။
မြေပဲလုံးဆံနှင့် မြေပဲဆီဆံ ပေါက်စျေးများမှာ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၀၀- ၁၅၀ ခန့် စျေးမြင့်တက်လာသည်။ မူဆယ်နယ်စပ်မှ ပြည်တော်ပြန် မြေပဲလုံးဆံများကို ပြည်တွင်းဆီစက်များက ဝယ်ယူမှုကောင်းနေရာ ဇန်နဝါရီ ၁၂ ရက်တွင် လုံးဆံ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ ပြန့်လုံးဆံ တစ်ပိဿာ ကျပ် ၂၈၀၀ ၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၂၇၇၅ ၊ ဆီဆံ တစ်ပိဿာ ကျပ် ၂၇၅၀ အသီးသီး ပေါက်စျေးရှိသည်။
လာမည့်ဖေဖော်ဝါရီတွင် အများအပြားထွက်ရှိလာမည့် မြေထောက်ပဲမှာ စျေးကွက်အတွင်း လက်ရှိဝင်ရောက်မှုနည်းနေသေးခြင်းကြောင့် သုံးတင်းတစ်အိတ်ကျပ် ၁၄၀,၀၀၀ ပေါက်စျေးရှိနေသည်။ ပဲစျေးကွက်သို့ အသစ်ဝင်ရောက်လာသည့် ပဲများတွင် စွန်တာပြာ တစ်အိတ် ကျပ် ၁၃၀,၀၀၀ ၊ပဲထောပတ် တစ်အိတ် ၁၂၅,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၄၅,၀၀၀-၁၅၅,၀၀၀၊ ပဲဇီးကွက် တစ်အိတ် ကျပ် ၁၄၅,၀၀၀ ပေါက်စျေးအသီးသီးရှိနေသည်။
⏩ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)