menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဈေးမြင့်တက်နေသည့် ပိုကုန်ပဲဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
↗️ ပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာတာနှင့်အတူ ပိုကုန်ပဲများ ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
↗️ လက်ရှိပြည်တွင်းရွှေဈေးမှာ မေ (၃၀)ရက်တွင် တစ်ကျပ်သားလျှင် ငွေကျပ် ၅,၇၅၀,၀၀၀ ကျော်ပေါက်ဈေးဖြစ်လာပြီး သီတင်းပတ်အတွင်း ငွေကျပ် သုံးသိန်းကျော် ဈေးမြင့်တက်လာသလို ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၄,၅၀၀ ထိ ပေါက်ဈေးဖြစ်လာသည်။
↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတည်ငြိမ်နေတာကြောင့် ငွေမကိုင်လိုသည့်ပဲကုန်သည်များ အဝယ်သွက်နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးများ မြင့်တက်လာတာနှင့်အတူ ပိုကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းများ လိုက်ပါဈေး မြင့်တက်လာကြောင်း ပိုကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဒေါ်လာဈေးမြင့်တက်လာတာကြောင့် ယခင် သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၃၀,၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများလည်း အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၂,၀၀၀ - ၅,၀၀၀ အထိ အသီးသီးဈေး မြင့်တက်လာကြောင်း လက်ရှိမှာ ငွေဈေး၊ ရွှေဈေးများမြင့်တက်ချိန် ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးနိမ့်နေတာကြောင့် ငွေကိုင်မထားလိုသူများက အဝယ်ကောင်းလာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
↗️ "ယနေ့ကတော့ ပဲ၊ နှမ်း ဈေးကွက်ပိတ်ပါတယ်။ ဈေးကွက်မပိတ်ခင်ကတည်းက ဒေါ်လာဈေးနှင့်အတူ ပိုကုန်ပဲတွေဈေးမြင့်တက်လာတယ်။ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၃၅,၀၀၀၊ မတ်ပဲ တစ်အိပ်ငွေကျပ် ၃၃၅,၀၀၀အထိ ပေါက်ဈေးဖြစ်လာတယ်။တရုတ်ကနေဝင်တဲ့ ကနေဒါစားတော်ပဲလည်း တစ်အိတ်ကို ငွေကျပ် ၃၁၀,၀၀၀ ကျော်ဖြစ်လာတယ်။ ဒီဈေးတွေကတော့ ငွေဈေးမြင့်တက်တာနဲ့အတူ လိုက်ပါ ဈေးမြင့်တက်လာတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေလည်း ဈေးငြိမ်နေတာကနေ အမျိုးအစား အလိုက် တစ်အိတ်လျှင် ငွေကျပ် ၂,၀၀၀ - ၅,၀၀၀ ဈေးလိုက်ပါမြင့်တက်လာတယ်။ အဝယ်လည်း ခပ်သွက်သွက်ဖြစ်လာတယ်။ ကုန်သည်တွေက ငွေမကိုင်ထားချင်တော့ ပဲတွေကိုဝယ်ယူထားတဲ့ သဘောမျိုးပါ" ဟု ၎င်းကပြောသည်။
↗️ မေ (၂၉) ရက်တွင် ပိုကုန်ပဲများ အနည်းငယ်သာ ဈေးမြင့်တက်လာရာ ပိုကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၁၇,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါတစ်အိတ်လျှင် ငွေကျပ် ၂၁၄,၀၀၀၊ အညာတစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။
↗️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးပြန်မြင့်တက်လာရာ မေ (၂၉) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၈,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၇,၀၀၀ အသီးသီးဈေးမြင့်တက်လာသည်။
↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတည်ငြိမ်နေရာမှ အရောင်းအဝယ်သွက်လာရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၈၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၃၅၀ ပေါက်ဈေးရှိနေသည်။
↗️ မေ(၂၉)ရက်တွင် နှမ်းမျိုးစုံဈေးအနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၄၆၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။
↗️ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)