menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ဖရဲနှင့် သရက်သီး" ဈေးကွက် မေလဆန်းတွင် ပြန်လည်ကောင်းမွန်လာရန် မျှော်မှန်းထား
🍉🥭🍉🥭🍉🥭🍉🥭🍉🥭🍉
✔️တရုတ်နိုင်ငံသို့တင်ပို့နေသည့် ဖရဲသီးနှင့် သရက်သီးဈေးကွက် ဝယ်လိုအားမှာ မေလဆန်းပိုင်းတွင် ပြန်လည်ကောင်းမွန်လာရန်မျှော်မှန်းထားကြောင်း မူဆယ်ရှိပွဲရုံများထံမှ သိရသည်။
✔️တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေခြင်းဖြစ်ပြီး ရွှေလီမြို့တွင် လော့ဒေါင်းဖြေလျော့မှုများကြောင့် မေလဆန်းတွင်ဈေးကွက်ဝယ်လိုအားကောင်းမွန်လာမည်ဟု ခန့်မှန်းနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်သည့် ကုန်ကားများကို ကိုဗစ်-၁၉ ရောဂါ တင်းကြပ်စွာ စစ်ဆေးမှုများကြောင့် အသီးကားများအပါအဝင် ကုန်ကားများ ဝင်ရောက်နိုင်မှုနည်းကာ ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
✔️မူဆယ် ၁၀၅ မိုင် အသီးကွင်းသို့ ဧပြီလကုန်ပိုင်းရက်များတွင် အဝင်အသီးကားများ လက်ကျန်များ နေသေးသော်လည်း မေလဆန်းပိုင်းတွင် အသီးကားလျော့နည်းသွားမည်ဖြစ်ကြောင်း အသီးကား ဝင်ရောက်မှုနည်းလာတာနှင့်အမျှ သရက်သီးကားများလည်း မြန်ဆန်စွာဝင်ရောက်လာနိုင်မည် ဖြစ်ကြောင်း အသီးဈေးကွက်မှာ တရုတ်နိုင်ငံအတွင်း ရောဂါတွေ့ရှိမှုပေါ်မှုတည်ပြီး ဈေးကွက်ကောင်း လာနိုင်ကြောင်း ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။
✔️“မြန်မာဖရဲသီးကားတွေ ၁၀၅ မိုင်ကွင်းအဝင်မှာတော့ နည်းသွားပါပြီ။ လမ်းပိုင်းမှာတော့ အစီး ၃၅၀ ကျော် ကျန်သေးတယ်။ သရက်သီးကတော့ ကားလေး ကားကြီး အစီး ၃၀ လောက် ဝင်တာကို ၁၅ စီးလောက်ဖြစ်အောင် ကားပြောင်းပြီး ရှန်တိန်ခသက်သာအောင်လုပ်နေပါတယ်။ ဝမ်တိန်အဝင်မှာက ရှန်တိန်ခနဲ့ ဆေးစစ်ခပေးရပါတယ်။ ဆေးစစ်ခလည်းမူဆယ် ကုန်သည်ကြီးတွေ ညှိနှိုင်းမှုအရ လျှော့ချပေးလိုက်ပါပြီ။ လက်ရှိရောဂါစစ်ဆေးမှုတွေကြောင့်၁၀၅ မိုင်ကွင်းက ဆင်းသွားရင်တောင် သုံးရက်လောက်မှ ရောင်းရတယ်။ သရက်သီးကားတွေမှာ ၁၂ ဘီးကားနဲ့ဆို တိုက်ရိုက်ဆင်းသွားနိုင် တယ်။ ကားလေးတွေကို ပေါင်းတင်ပေးနေရတယ်။ ဒီရက်ပိုင်း ကားအဝင်တွေကြပ်နေတော့ ရက်ကြာပေမဲ့နောက်ပိုင်း ရှမ်းဖရဲကားတွေ နည်းသွားရင်အဆင်ပြေလာနိုင်တယ်။ ပို့ကုန်အတွက်အိတ်စွပ်ထားရင်တော့ အဆင်ပြေမယ်။ အိတ်မစွပ်ထားရင်တော့ ပြည်တွင်းဈေးကွက်မှာပဲရောင်းတာကောင်းပါတယ်” ဟု ၎င်းကပြောသည်။
✔️ဝမ်တိန်အသီးရောင်းချကွင်းတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု တင်းကြပ်မှုများကြောင့် မြန်မာပွဲစားများ လုံး၀၀င်ရောက်နိုင်ခြင်း မရှိတော့ဘဲ ကိုယ်စားများဖြင့်သာ ရောင်းချရသဖြင့် အခက်အခဲရှိကြောင်း၊ ကြန့်ကြာမှုများကြောင့် အသီးများလတ်ဆတ်မှုလျော့ကျနေကြောင်း ရေဘုတ်ကျေးရွာမှ သရက် တောင်သူ ကိုအောင်ကိုဦးက ပြောသည်။ “ဒီနှစ်က တရုတ်ဝယ်လက်တွေကို မြန်မာပွဲရုံ၊ ပွဲစားတွေနဲ့ ရောင်းချခွင့်မရဘဲ တရုတ်ကိုယ်စားလှယ်တွေနဲ့ပဲ ရောင်းနေရတယ်။ ကားခကတော့ တစ်ဖာ ကျပ် ၁,၆၀၀ ပေးရတယ်။ အသီးတွေကိုပါ ကိုဗစ်စစ်ဆေးခတွေ အပိုကုန်ကျလာတယ်။ ဒီစစ်ဆေးမှုတွေကြောင့် အသီးကားတွေဝင်ရောက်မှု ရက်ကြာပြီး အသီးလတ်ဆက်မှု လျော့ကျမှာ စိုးရတယ်။ မူဆယ်ကို အိတ်စွပ်သီးလောက်ပဲ ရွေးပို့တော့တယ်၊ အိတ်လွတ်သီးတွေတော့ မပို့တော့ဘူး“ ဟု ၎င်းကပြောသည်။
✔️မေလအတွင်း မြေပြန့်တွင် ဖရဲသီးရာသီ ကုန်ဆုံးပြီဖြစ်သော်လည်းရှမ်းပြည်နယ်တွင် ဖရဲသီးများ ခူးဆွတ်နေဆဲအချိန်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် တရုတ်နိုင်ငံသားများ လာရောက်စိုက်ပျိုးခြင်း မရှိတော့ သော်လည်း ကုမ္ပဏီစိုက်ခင်းများစွာ ကျန်ရှိနေသေးကြောင်း သိရသည်။
ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)