menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဈေးနှုန်းအတက်ကြမ်းလာသော ကြက်သွန်နီနှင့် မတ်ပဲဈေးကွက်။
ရက်ပိုင်းအတွင်း ဈေးနှုန်းအတက်ကြမ်းလာသော မတ်ပဲနှင့်ကြက်သွန်နီဈေးကွက်တွင်ကုန်စည်လက်ဝယ်ရှိသူများ အကျိုးအမြတ်များစွာ ရရှိလာသည်။ ကြက်သွန်နီဈေးကွက် တွင် ဈေးနှုန်းမြှင့်တင်လာချိန်တွင် အသုံးပြုပြောဆိုလေ့ရှိသည့် သတင်းစကားများ ကြားသိလာရသည်။မိုးစိုက်ကြက်သွန်နီအသစ် ထွက်ချိန်နောက်ကျနိုင်ခြင်း၊ ကြက်သွန်ထွက်ရှိရာ နယ်တွင် ကြက်သွန်နီလက်ကျန်နည်းနေခြင်း၊ မိုးကြက်သွန်နီအသစ် ဈေးကွက်သို့မဝင်ရောက်မီ ပြည်တွင်းကြက်သွန်နီ ပြတ်နိုင်ခြင်း စသော သတင်းစကားများကို ရန်ကုန်နှင့် ကြက်သွန်နီထွက်ရှိရာ နယ်အချို့တွင် ပြောဆိုမှုများရှိလာသည်။ ဈေးနှုန်းမှာလည်း တစ်ရက်လျှင် ကျပ် ၂၀ဝ-၄၀ဝအထိ ဈေးနှုန်းမြှင့်တင်မှု ရှိလာသည်။ပြည်တွင်းကြက်သွန်နီလောကတွင် ထိုသို့သော ကြက်သွန်နီဈေးနှုန်းမြှင့်တင်မှုများ ရှိလာချိန်တွင် အဝယ်ခက်လာခြင်း၊ နယ်က ကြက်သွန်နီအဝင်နည်းလာခြင်းများ ကြုံတွေ့ရရာ အဝယ်တော်များ ဝယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့လာရသည်။
အောက်တိုဘာ ၃၁ ရက်တွင် လက် သန့်အရွယ်အစား တစ်ပိဿာဖွင့်ဈေး ကျပ် ၁၉၀ဝ-၁၉၅၀ ရှိသော်လည်း ကျပ် ၂၁၀ဝနှုန်းအထိ ရောင်းချမှုရှိသည်ဟု ဘိုကလေးနယ်မှ ငုဝါလမ်းရှိ ကြက်သွန်၊ အာလူးပွဲရုံးသို့ ဖုန်းဖြင့်မှယူဝယ်သည့်အခါ ကြုံတွေ့ရသည်ဟု ဘိုကလေး အောင်သပြေဈေးမှ ကုန် ခြောက်ရောင်းသူ ကိုဌေးနိုင်ကပြောသည်။
ရန်ကုန်ကြက်သွန်နီဈေးကွက်တွင်ဈေးနှုန်းမြှင့်တင်ရာ အတွေ့အကြုံရှိပြီးဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၄ရက်အတွင်း ဖွင့်ရက်သုံးရက်အတွင်း ဒီဇင်ဘာ ၁ ရက်တွင် ကြက်သွန်နီလက်ကားတစ်ပိဿာရောင်းဈေး ၁၁၇၅-၁၂၇၅-၁၃၇၅ ကျပ် နှုန်းရှိရာမှ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၄၅၀-၁၆၅၀- ၁၇၅၀- ၁၈၅၀ နှုန်းသို့ မြင့်တက်မှုရှိခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ပြီး သုံးရက်အတွင်း တစ်ပိဿာ ကျပ် ၆၀ဝ နှုန်းဈေးနှုန်းပြန်လည်ကျဆင်းခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်ဟု ၎င်းကာလဈေးနှုန်းဟောင်းများအရ သိရသည်။ ထိုကဲ့သို့ ဈေးနှုန်းတက်သည့် ခုနစ်ရက်အတွင်း ကြက်သွန်နီပိဿာချိန် ၉၈၄ဝဝဝ ဝင်ရောက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက်ထက် နယ်မှ ကြက်သွန်နီပို့သူများနှင့် ရန်ကုန်ပွဲရုံလုပ်ငန်း လုပ်သူများသည် ကျပ်သိန်းပေါင်း ၂၆၅၅ သိန်း ဝင်ငွေပိုမိုရရှိလာသည်။ ပွဲခအနေဖြင့်လည်း ထပ်မံဝင်ငွေပို ရရှိလာသည်ဟု ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် မြန်မာတောင်သူကြီးများဂျာနယ်တွင် ဈေးကွက်သတင်းအဖြစ် ဖော်ပြထားသည်။
၎င်းကာလအလွန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလဆန်း ၄ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အတွင်း ကာလများအတွင်းတစ်ပိဿာ အလုံးကြီး လက်ကားဈေးနှုန်းကျပ် ၃၅၀ဝ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့မှု ရှိခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်လာ ချိန်တွင် စားသုံးသူများ ကြက်သွန်ဈေးနှုန်းကြီးမြင့်မှု တွေ့ကြုံခံစားခဲ့ရသည်။ ပုံမှန်ဈေးနှုန်းထက် သုံးဆမြင့်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးခဲ့ခြင်းများ ရှိခဲ့သည်။ထိုသို့ ဈေးနှုန်းမြင့်တက်လာချိန် စီးပွားရေးလောကတွင် တွေ့ကြုံရသည့် အတိုင်း ပြည်ပက ဈေးနှုန်းသက်သာသော ကြက်သွန်နီများ ဝင်ရောက်တတ်သည်။
အောက်တိုဘာလလယ် နောက်ပိုင်းက တရုတ်ကြက်သွန်နီများ လက်ကားတစ်ပိဿာ ကျပ် ၇၀ဝ နှုန်းဖြင့် ဝင်ရောက်မှုရှိခဲ့သည်။ ၎င်းဝင်ရောက်လာချိန် ပြည်တွင်ကြက်သွန်နီဈေးနှုန်းနှင့် ကွာခြားမှုနည်းနေသေးသဖြင့် တရုတ်ဝယ်လိုအား နည်းသည့်အတွက် ဆက်တိုက်ဝင်ရောက်လာမှုမရှိသေးဟု ရန်ကုန်ကြက်သွန်နီဈေးကွက်က သိရသည်။ယခုရက်ပိုင်း နေ့စဉ်မြင့်တက်လာသော ရန်ကုန်ကြက်သွန်နီဈေးနှုန်းကြောင့်တရုတ်ကြက်သွန်နီများ ပြည်တွင်းဈေးကွက်သို့ ဈေးနှုန်းအနိမ့်ဖြင့် ဝင်ရောက်လာနိုင်သည်။ မိုးစိုက်ကြက်သွန်နီ တောင်တွင်းအမျိုးအစားသည်လည်း ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာ ၂၄ ရက်တွင်တစ်ကြိမ်ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။
ပြည်တွင်းကြက်သွန်နီ လက်ကျန်ပမာဏ၊ မိုးစိုက်ကြက်သွန်နီ စိုက်ပျိုးထွက်ရှိနိုင်သည့်ကာလ၊ စိုက်ပျိုးမှုအခြေအနေများကို တရားဝင်အသိပေးခြင်း မရှိသည့်အတွက် နယ်နှင့် ရန်ကုန်ရှိ ကြက်သွန်နီလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရကြက်သွန်နီတက်ဈေးကို ဝယ်ယူနေရသည်ဟု နယ်သို့ကုန်စည်တင်ပို့နေသူ အဝယ်တော်တစ်ဦးပြောသည်။
ယခုအချိန်ကာလ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းသည် စိုက်ပျိုးသူအများစု အကျိုးခံစားခွင့်နည်းပါးသကဲ့သို့ စားသုံးမှုများခြင်းကလည်း ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေသည်။ ကြက်သွန်နီထွက်ရှိမှု များပြားပြီး ပြည်ပသို့ ကြက်သွန်နီ တင်ပို့မှု များပြားသော အိန္ဒိယပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းကြီးမြင့်မှု ဖြစ်ပေါ်လာတိုင်း နိုင်ငံတာဝန်ရှိသူများက လိုအပ်သ လို စီမံခန့်ခွဲအရေးယူဆောင်ရွက်ခြင်းများ ရှိခဲ့သည်။
သို့သော် မြန်မာပြည်တွင်ကြက်သွန်နီထွက်ပေါ်ချိန် ဈေးနှုန်းနည်းသည့်ကာလကြက်သွန်နီဈေးနှုန်း သတ်မှတ်ပေးရန် ကြက်သွန်နီစိုက်ပျိုးသူများက အစိုးရထံတောင်းဆိုသကဲ့သို့ တစ်ဟုန်ထိုး ဈေးနှုန်းမြင့်တက်လာပြီး ပုံမှန်ကာလတူဈေးနှုန်းများထက် ဈေးနှုန်းများစွာ မြင့်တက်လာသော ယခုရက်ပိုင်း ကြက်သွန်နီဈေးနှုန်းအပေါ် သက်ဆိုင်ရာက အရေးယူဆောင်ရွက်သင့်သည်ဟု စားသုံးသူ အိမ်ရှင်မတစ်ဦးက ပြောသည်။
အနောက်ဘက်နယ်စပ်သို့ တင်ပို့မှု ပမာဏ၊ အနောက်နယ်စပ်ဈေးနှုန်းများကိုမူဆယ်ဈေးကွက်အခြေအနေကဲ့သို့ အပတ်စဉ် အသိပေးထုတ်ပြန်ပေးမှု လိုအပ်နေသည်။ ထိုသို့ ယခုရက်ပိုင်း အဝယ်ရှိလာသော အနောက်ဘက်နယ်စပ်ပို့သည့် ကြက်သွန်နီလမ်းကြောင်အခြေအနေနှင့်အတူပြည်တွင်းကြက်သွန်နီ စိုက်ပျိုးထွက်ရှိခဲ့မှုပမာဏ၊ စားသုံးမှုပမာဏ၊ ပြည်ပသို့ တင်ပို့သည့်ပမာဏ၊ ယခုလက်ရှိကာလပြည်တွင်း ကြက်သွန်နီလက်ကျန်ပမာဏတို့ကို သက်ဆိုင်ရာက အသိပေးသတင်းထုတ်ပြန်ပေးသင့်သည်။
အကယ်၍ ဈေးနှုန်းမြှင့်တင်နေသော ပြည်တွင်းရှိ ကြက်သွန်နီလုပ်ငန်းလုပ်ကိုင်သူများ အကြောင်းပြပြောဆိုနေမှုကို ကြက်သွန်နီစားသုံးမှု၊အဝယ်တော်တို့က ယုံကြည်နေရပြီး ထိုသို့ နေ့စဉ်နီးပါးဈေးနှုန်းမြှင့်တင်မှုကို တွေ့ကြုံခံစားနေရသည်။ထိုသို့ ပြောကြားသည့်အတိုင်း ပြည်တွင်းကြက်သွန်နီ လုံလောက်မှုမရှိပါက လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ယခင်တွေ့ကြုံခဲ့ရသော ကြက်သွန်နီလက်ကားတစ်ပိဿာ ကျပ် ၃ဝဝဝ အထက် ရောက်ရှိခြင်းမျိုးလျော့နည်းသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုရက်ပိုင်း ရန်ကုန်ဈေးကွက်တွင် ဖြစ်ပေါ်နေသော နေ့စဉ် ကြက်သွန်နီဈေးမြင့်တက်မှု အဆက်မပြတ်ရှိနေဆဲအပေါ် ပြည်တွင်းကြက်သွန်နီအခြေ အနေအပြည့်အစုံ သတင်းထုတ်ပြန်အသိပေးသင့်သည်။ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစားသုံးသူများကို ထိခိုက်မှုနည်းသည့် ကုန်စည်မှာ မတ်ပဲဈေးနှုန်းဖြစ်သည်။သီတင်းကျွတ်ပွဲတော်ပိတ်ရက် မတိုင်မီ အောက်တိုဘာ ၁၀ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၈၄၅ဝဝဝ နှုန်းရှိခဲ့ရာမှ ဝါကျွတ်ဖွင့်ရက် အောက်တိုဘာ ၁၈ ရက်တွင် ကျပ် ၈၈၀ဝဝဝ နှုန်းသို့ ဈေးနှုန်းမြင့်တက်လာသည်။ နေ့စဉ်ဆက်တိုက် မြင့်တက်မှုကိုအောက်တိုဘာ ၁၉ ရက်တွင် ကြုံတွေ့လာရသည်။ အောက်တိုဘာ ၂၆ ရက်တွင် ကျပ် ၉၆၃ဝဝဝ နှုန်းသို့ ဈေးနှုန်းမြင့်ရာမှ ပြန်ဖွင့်ရက် အောက်တိုဘာ ၂၉ ရက်တွင် ကျပ် ၁ဝ၃၆ဝဝဝ နှုန်း၊ အောက်တိုဘာ ၃၀ ရက်တွင် ကျပ် ၁ဝ၇၉ဝဝဝ နှုန်း ရှိခဲ့သည်။
၂၀၁၇ နှစ်ဆန်းပိုင်းတွင် မတ်ပဲ RC တစ်တန် ကျပ် ၁၀ သိန်းအထက်တွင် ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ဩဂုတ်လလယ်ပိုင်းမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်းပဲဈေးကွက်တွင် ကျပ် ၉၈၈ဝဝဝ အထိသာ အမြင့်ဆုံးရှိခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁ဝ၄၃ဝဝဝ နှုန်းရှိရာမှ ထိုကာလမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၈ရက်အထိ ၎င်းဈေးနှုန်းသည် အမြင့်ဆုံးဖြစ်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်အောက်တိုဘာ၂၉ ရက်တွင် ၎င်းဈေးနှုန်းဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာသည်။
အောက်တိုဘာလနောက်ပိုင်း မတ်ပဲနှင့် ကြက်သွန်နီဈေးနှုန်း အတက်ကြမ်းလာသည့်ဖြစ်စဉ်တွင် ကြက်သွန်နီတစ်မျိုးတည်းသာ စားသုံးသူကို ထိခိုက်မှုဖြစ်စေပြီး မတ်ပဲမှာ ပြည်တွင်း၌ အဓိကစားကုန်မဟုတ်၍ စားသုံးသူကို ထိခိုက်မှုလုံးဝမရှိဘဲ မကြာမီ မတ်ပဲစိုက်ပျိုးမှုအပေါ် တွန်းအားတစ်ရပ် ဖြစ်ပေါ်စေသည်ဟု ဆိုနိုင်သည်။ 👉👉👉 👉 ၂၀၁၉ ခုနှစ်အောက်တိုဘာလ လယ်နောက်ပိုင်းသည် ကြက်သွန်နီလောကအတွက် သတင်းကောင်းမဟုတ်ဟု ဆိုနိုင်သော်လည်း လကုန်ပိုင်းတွင်မူ သတင်းကောင်းတစ်ရပ် ဖြစ်လာသည်။
-မောင်စေအောင်
-မြန်မာတောင်သူကြီးများဂျာနယ်