menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဈေးပြန်တက်လာသည့် စားအုန်းဆီစျေးကွက်
🌴🌴🌴🌴🌴🌴🌴🌴🌴🌴
✅စားအုန်းဆီစျေး ပုံမှန်ထက်စျေးပြန်တက်လာပြီး စျေးကွက်မငြိမ်သေးကြောင်း ဆီအရောင်းအဝယ် လုပ် ကိုင်သူများ နှင့် ကုန်သည်များထံမှ သိရသည်။ စားအုန်းဆီများကို အဓိက မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ပြည်တွင်းလုံလုံလောက်လောက် ရရှိစေရန် စားအုန်းဆီတင်ပို့ခွင့်ပါမစ်အချို့ကိုဆိုင်းငံ့ထားကာ ပြည်ပနိုင်ငံများသို့ ပါမစ်ခွဲတမ်းဖြင့်သာ တင်ပို့နေရခြင်းကြောင့် မြန်မာနိုင်ငံသို့အဝင်နည်းကာ စျေးပြန်တက်လာခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။
✅“သင်္ဘောအဝင်နည်းလို့ တချို့ဆီရောင်းဖို့တောင် ခွဲတမ်းမရကြဘူး။ ကျန်ရှိနေတဲ့ သင်္ဘောအဝင်ပဲ စောင့် နေရတယ်။ စျေးကတော့တဖြည်းဖြည်းပြန်တက်နေတယ် စျေးကွက်ကမငြိမ်ဘူး” ဟု ပခုက္ကူမြို့မှ ဆီကုန်သည်တစ်ဦးက ပြောသည်။ ယခင်က စားအုန်းဆီတစ်ပိဿာ လျှင် ၅,၈၀၀ ထိ ဈေးကျဆင်းခဲ့ပြီး လက်ရှိ ရန်ကုန်စျေး ၆,၆၀၀အထိ ပေါက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ သို့သော် တချို့ဒေသများတွင် စားအုန်းဆီတစ်ပိဿာ လျှင် ၆,၄၀၀ မှ ၆,၆၀၀ အထိ ပေါက်စျေးရှိကြကြောင်း သိရသည်။
✅“ဒီလို ရာသီဥတုအေးတဲ့အချိန်မှာ အရောင်းအဝယ်ပါးနိုင်တယ်။ နောက်ပြီး ဝယ်ထားပြီးလို့ ပြန်ထုတ် မရောင်းရမှာလဲ စိုးရိမ်ရတော့ လက်ထဲ ဆီများများမထားရဲဘူး။ အခုတော့ လိုချင်တိုင်းမရတော့ဘူး။ အခုစျေးကမငြိမ်ဘူး ၆,၅၀၀နဲ့ စျေးတည့်ပြီးသား နောက်ဆယ်မိနစ်ကြာတော့ တစ်စျေးဖြစ်သွားတယ်။ ချက်ချင်း စျေးကတက်သွားတယ်” ဟု မကွေးမြို့မှ ဆီအရောင်းဝယ်လုပ်ကိုင်သူ မသီတာ က ပြောသည်။
✅တချို့လက်ကျန်ဆီသင်္ဘောများလည်း ဝင်ရောက်လာခြင်းများရှိနေ၍ တချို့ဝယ်ရောင်းများအနေဖြင့် စျေးကျဆင်းလာမည်ကို စောင်းဆိုင်းကာ အဝယ်များရပ်ထားကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် Agri One Trading Co; Ltd မှ စားဆီ တစ်ပိသာ ၄,၇၀၀ ကျပ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေကြောင်းလည်းသိရသည်။
✅ထို့အပြင် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် ရည်ညွှန်းစျေးမှာ လက်ကားစျေး တစ်ပိဿာလျှင် ၄,၄၉၀ကျပ် ဖြစ်ကြောင်း သိရသည်။ “ဆီစျေးပြန်တက်သွားတယ် အရင်က စားဆီ တစ်ပိဿာ ၅,၈၀၀ လောက်ပေးရတယ်။ အခုက ဘာဖြစ်လို့လဲ မသိဘူး ၆,၀၀၀ကျော် ပြန်တက်သွားတယ်။ သင်္ဃန်းကျွန်းအောင်မြန်မာဆိုင်မှာ တစ်ပိဿာ ၆,၆၀၀ နဲ့ ဝယ်ရတယ်။ ပဲဆီရှယ်က တစ်ပါဿာ ၁၃,၀၀၀ ရှိတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မှ စားသုံးသူဒေါ်ကြည် က ပြောသည်။
✅လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရန် အခက်အခဲများ ရှိ ခြင်း၊ စက်သုံးဆီစျေးများမြင့်တက်ခြင်းစသည့် အခက်ခဲများကြုံတွေ့နေရကြောင်း ဆီစက်လုပ်ငန်းရှင် များထံမှ သိရသည်။
✅ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှု တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ် တန်ချိန် (၆)သိန်း မှ (၇)သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။
✅သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)