menu

ဈေးတက်လာသည့် ကြက်သွန်နီဈေးကွက် အခြေအနေ



🧅🧅🧅🧅🧅🧅🧅🧅🧅🧅

↗️ အခုရက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ကြက်သွန်နီအဝယ်လိုက်လာတာကြောင့် ကြက်သွန်နီတစ်ပိဿာ ကျပ်၅၀၀ ဝန်းကျင်ဈေးမြင့်တက်လာတယ်လို့ ကြက်သွန်ပွဲရုံတွေဆီက သိရပါတယ်။

↗️ သီတင်းကျွတ်ကာလမတိုင်မီ အောက်တိုဘာ(၂၇)ရက်က ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီတစ်ပိဿာ ၃,၂၀၀ ကျပ် ရှိခဲ့ပေမယ့် ယခုနိုဝင်ဘာ(၁)ရက်မှာတော့ ကြက်သွန်နီတစ်ပိဿာ ၃,၇၀၀ ကျပ် အထိ ဈေးမြင့်တက်လာတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးအရသိရပါတယ်။

↗️ “ကြက်သွန်နီအသစ်ပေါ်ချိန် နောက်ကျတာရယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်ပြီးတော့ တောင်သူဆီမှာကြက်သွန်လက်ကျန်နည်းနေတာတွေကြောင့် ချက်ချင်းဈေးမြင့်တက်လာတာပါ” လို့ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

↗️ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရက်ပိုင်းအတွင်းကြက်သွန်ကားအစီးရေ ၁၀၀ ခန့် ကုန်ပိဿာချိန် (၁၀)သိန်း ခန့်လောက် ဝယ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

↗️ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်း မိုးကြက်သွန်နီအသစ်တွေပေါ်လာမယ်ဆိုရင်တော့ ဈေးပြန် ငြိမ်လာနိုင်မယ်လို့ သိရပါတယ်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Myanma Platform (နိုဝင်ဘာ ၁ ရက် ၂၀၂၃)